ေယာကၤ်ားတစ္ေယာက္၏အေတြး

မိန္းကေလးတေယာက္က ေယာကၤ်ားတေယာက္ကို…
– ေဖာ္ေဖာ္ေရြေရြ မ်ား ဆက္ဆံမိရင္ …
( ဒီမိန္းမ ငါ့ကုိ ၾကိတ္ၾကိဳက္ေနတာပါကြာ)

– ေဖာ္ေဖာ္ေရြေရြ မ်ား မဆက္ဆံမိဘူးလား …
( ဒီမိန္းမ ဘာမွ မဟုတ္ပါဘူး ကြာ )

– သပ္သပ္ရပ္ရပ္မ်ား၀တ္စားမိရင္ ေျပာပါလိမ့္မယ္…
( ဒီမိန္းမ သူ႕ရုပ္နဲ႕ပဲမ်ားေနတာ)

– အဲလိုမွ မ၀တ္မိဘူးလား…
( ဒီမိန္းမ တုိက္ေဂါ ပါကြာ)

– သူကိုမ်ား ျပန္ျငင္းခံုမိရင္ ေျပာပါလိမ့္မယ္ …
( ဒီမိန္းမ ‘ စြာေတးမ ‘… ပါကြာ )

– ျငိမ္ေနျပန္ေတာ့လည္း…
( ဒီမိန္းမ ငတံုးမပါကြာ…ငါလိမ့္ခ်င္သလို လိမ့္ လုိ႔ ရပါတယ္)

– သူထက္မ်ား ပိုေတာ္ေနရင္ ေျပာပါလိမ့္မယ္ …
( ဒီမိန္းမ ငဖ်ံမ ပါကြာ)

– သူကမ်ား ပုိေတာ္ေနရင္ေတာ့လည္း
( ဒီမိန္းမ ငါ့အရည္အခ်င္းကုိ နားမလည္ဘူး)

– သူ႔ကုိမ်ား မၾကိဳက္မိဘူးလား …
( ဒီမိန္းမ xxx ဘာၾကီး ကြ ..အရင္တုန္း က ဘာဘာညာညာ )

– သူ႕ကို ၾကိဳက္မိျပန္ေတာ့လဲ …
( ဒီမိန္းမ က ငါ တစ္ခြန္း ပဲ ေျပာမယ္)

– ခ်စ္ေနတဲ့ အမူအရာမ်ား ျပမိရင္ …
( ဒီမိန္းမ က ငါ့ အပုိင္ပါကြာ ထားလုိက္စမ္းပါ )

– ခ်စ္ေနတဲ့ အမူအရာမ်ား မျပမိရင္ …
( ဒီမိန္းမ က တကယ္ သစၥာမရွိဘူး )

– အခက္အခဲရွိလို႔ တိုင္ပင္မိရင္ …
( ဒီမိန္းမ က ပါးစိပါးစပ္ အရမ္းမ်ားတယ္)

– အခက္အခဲကုိ မတိုင္ပင္ဘဲ ေနျပန္ေတာ့လဲ …
( ဒီမိန္းမ က ငါ့ေတာင္ မယုံၾကည္ဘူးလား )

– သူ႔ကိုမ်ား ေအာ္ေငါက္မိရင္ …
( ဒီမိန္းမ က ေယာက်္ားကုိ အႏုိင္ယူဦးေဆာင္မဲ့ မိန္းမ)

– သူကမ်ား ေအာ္ေငါက္မိရင္ …
( ဒီမိန္းမ က အဲဒီလုိပဲ ေျပာဆုိဆုံးမရတာ )

– ေပးထားတဲ့ ကတိ ဖ်က္မိရင္ …
(ဒီမိန္းမ က ‘ ကတိမတည္တဲ႕မိန္းမ ‘)

– ေပးထားတဲ့ ကတိ ကုိ သူ႔ဖက္ က ဖ်က္ခဲ့ရင္ …
(ဒီမိန္းမ ကြာ ဒီမွာ မလြဲမေရွာင္သာ အေျခအေနကုိ နားလည္သင့္တယ္)

– ေစ်း၀ယ္ သြားဖုိ႔ ေျပာရင္ ….
( ဒီမိန္းမ ကြာ ပုိက္ဆံ ထုိင္ျဖဳန္းေနတာ)

– သူ ဘီယာဆုိင္ ထုိင္တာ က ….
( ဒီမိန္းမ ကြာ ဒီမွာ က အေညာင္းေျပ၊ အညာေျပေလး တစ္ခါတစ္ေလ ပါ )

– စာေမးပြဲေအာင္ရင္ ေျပာပါလိမ့္မယ္ …
( ဒီမိန္းမ ကုိ ဒီေကာင္ ပဲ အားေပးလမ္းညႊန္ေနရတာ )

– သူေအာင္ရင္ေတာ့ …
( ကုိယ္ေဒြ ရဲ႕ အရည္အေသြး က ျမင္တဲ့အတုိင္းပဲေလ )

– သူမ်ားကိုမ်ား မေတာ္တဆ နာက်င္ေစမိရင္ …
( ဒီမိန္းမ ကြာ ေတာ္ေတာ္ေလး လူစိတ္ကင္းျပီး အၾကင္နာကုိ မထားဘူး )

– သူ႔ေၾကာင့္မ်ား ကုိယ္ ထိခိုက္မိရင္ေတာ့ …
( ဒီမိန္းမ ကြာ ဒါေလးကုိ နာေနတယ္ အထိမခံ ေရႊပုဂံ )

– သူနဲ႕ အတူတူ အျပင္သြားလို႕ သူပိုက္ဆံ ရွင္းရမယ္ဆိုရင္ …..
( ၀လာမွာ စိုးတယ္ နည္းနည္းပဲ )

– ကိုယ္႕ဘာသာ ရွင္းမယ္ဆုိရင္ …
( မိန္းမ ရဲ႕ အစားဆိုတာ ေကာင္းေကာင္းစားရတယ္)

– ရည္းစားသက္တမ္းၾကာလာလို႕ သူတို႕အသစ္ကေလးရွာခ်င္ျပီဆိုရင္
( မင္းကိုခ်စ္တာမဟုတ္ခဲ႕ပါဘူး …ခဏ သာယာမိတာပါ)

– ကုိယ္ေတြဟာ အသစ္ရွာခ်င္လာျပီဆုိရင္ …
( ပုိင္းလုံးမ ၊ မုန္႔ဆီေၾကာ္မ ၊ စႏုိက္ေၾကာ္မ ..ဘာမ ..ညာမ ..ဘာညာမ …)

– အခုေရးထားတာကုိ ေယာက်္ားေတြဖတ္ရရင္
( ဒီမိန္းမေတြကြာ အလကား ေပါက္ပန္းေစးေတြ ေလွ်ာက္ေရးေနတာ )

– သူတုိ႔ မဖတ္ရရင္ ….
( ဒီမိန္းမေတြကြာ စာေလးတစ္ေစာင္ေတာင္မွ ေပးမဖတ္ဘူး အတၱၾကီးလုိက္ၾကတာ )

[ Unicode ]

မိန်းကလေးတယောက်က ယောင်္ကျားတယောက်ကို…
– ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် …
( ဒီမိန်းမ ငါ့ကို ကြိတ်ကြိုက်နေတာပါကွာ)

– ဖော်ဖော်ရွေရွေ များ မဆက်ဆံမိဘူးလား …
( ဒီမိန်းမ ဘာမှ မဟုတ်ပါဘူး ကွာ )

– သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ်…
( ဒီမိန်းမ သူ့ရုပ်နဲ့ပဲများနေတာ)

– အဲလိုမှ မဝတ်မိဘူးလား…
( ဒီမိန်းမ တိုက်ဂေါ ပါကွာ)

– သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် …
( ဒီမိန်းမ ‘ စွာတေးမ ‘… ပါကွာ )

– ငြိမ်နေပြန်တော့လည်း…
( ဒီမိန်းမ ငတုံးမပါကွာ…ငါလိမ့်ချင်သလို လိမ့် လို့ ရပါတယ်)

– သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် …
( ဒီမိန်းမ ငဖျံမ ပါကွာ)

– သူကများ ပိုတော်နေရင်တော့လည်း
( ဒီမိန်းမ ငါ့အရည်အချင်းကို နားမလည်ဘူး)

– သူ့ကိုများ မကြိုက်မိဘူးလား …
( ဒီမိန်းမ xxx ဘာကြီး ကွ ..အရင်တုန်း က ဘာဘာညာညာ )

– သူ့ကို ကြိုက်မိပြန်တော့လဲ …
( ဒီမိန်းမ က ငါ တစ်ခွန်း ပဲ ပြောမယ်)

– ချစ်နေတဲ့ အမူအရာများ ပြမိရင် …
( ဒီမိန်းမ က ငါ့ အပိုင်ပါကွာ ထားလိုက်စမ်းပါ )

– ချစ်နေတဲ့ အမူအရာများ မပြမိရင် …
( ဒီမိန်းမ က တကယ် သစ္စာမရှိဘူး )

– အခက်အခဲရှိလို့ တိုင်ပင်မိရင် …
( ဒီမိန်းမ က ပါးစိပါးစပ် အရမ်းများတယ်)

– အခက်အခဲကို မတိုင်ပင်ဘဲ နေပြန်တော့လဲ …
( ဒီမိန်းမ က ငါ့တောင် မယုံကြည်ဘူးလား )

– သူ့ကိုများ အော်ငေါက်မိရင် …
( ဒီမိန်းမ က ယောကျ်ားကို အနိုင်ယူဦးဆောင်မဲ့ မိန်းမ)

– သူကများ အော်ငေါက်မိရင် …
( ဒီမိန်းမ က အဲဒီလိုပဲ ပြောဆိုဆုံးမရတာ )

– ပေးထားတဲ့ ကတိ ဖျက်မိရင် …
(ဒီမိန်းမ က ‘ ကတိမတည်တဲ့မိန်းမ ‘)

– ပေးထားတဲ့ ကတိ ကို သူ့ဖက် က ဖျက်ခဲ့ရင် …
(ဒီမိန်းမ ကွာ ဒီမှာ မလွဲမရှောင်သာ အခြေအနေကို နားလည်သင့်တယ်)

– ဈေးဝယ် သွားဖို့ ပြောရင် ….
( ဒီမိန်းမ ကွာ ပိုက်ဆံ ထိုင်ဖြုန်းနေတာ)

– သူ ဘီယာဆိုင် ထိုင်တာ က ….
( ဒီမိန်းမ ကွာ ဒီမှာ က အညောင်းပြေ၊ အညာပြေလေး တစ်ခါတစ်လေ ပါ )

– စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် …
( ဒီမိန်းမ ကို ဒီကောင် ပဲ အားပေးလမ်းညွှန်နေရတာ )

– သူအောင်ရင်တော့ …
( ကိုယ်ဒွေ ရဲ့ အရည်အသွေး က မြင်တဲ့အတိုင်းပဲလေ )

– သူများကိုများ မတော်တဆ နာကျင်စေမိရင် …
( ဒီမိန်းမ ကွာ တော်တော်လေး လူစိတ်ကင်းပြီး အကြင်နာကို မထားဘူး )

– သူ့ကြောင့်များ ကိုယ် ထိခိုက်မိရင်တော့ …
( ဒီမိန်းမ ကွာ ဒါလေးကို နာနေတယ် အထိမခံ ရွှေပုဂံ )

– သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် …..
( ဝလာမှာ စိုးတယ် နည်းနည်းပဲ )

– ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် …
( မိန်းမ ရဲ့ အစားဆိုတာ ကောင်းကောင်းစားရတယ်)

– ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်
( မင်းကိုချစ်တာမဟုတ်ခဲ့ပါဘူး …ခဏ သာယာမိတာပါ)

– ကိုယ်တွေဟာ အသစ်ရှာချင်လာပြီဆိုရင် …
( ပိုင်းလုံးမ ၊ မုန့်ဆီကြော်မ ၊ စနိုက်ကြော်မ ..ဘာမ ..ညာမ ..ဘာညာမ …)

– အခုရေးထားတာကို ယောကျ်ားတွေဖတ်ရရင်
( ဒီမိန်းမတွေကွာ အလကား ပေါက်ပန်းစေးတွေ လျှောက်ရေးနေတာ )

– သူတို့ မဖတ်ရရင် ….
( ဒီမိန်းမတွေကွာ စာလေးတစ်စောင်တောင်မှ ပေးမဖတ်ဘူး အတ္တကြီးလိုက်ကြတာ )

Ref; rsgoals

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.