ျမင္းႏွစ္ အေဟာ

၁၈၉၄၊ ၁၉ဝ၆၊ ၁၉၁၈၊ ၁၉၃ဝ၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉ဝ၊၂ဝဝ၂၊၂ဝ၁၄ ၂ဝ၂၆ႏွစ္ဖြားမ်ားသည္ ျမင္းႏွစ္ဖြားမ်ားျဖစ္ၾကသည္။
ျမင္းႏွစ္ဖြားမ်ားသည္ တိက်ျပတ္သားျခင္း၊ သန္မာျခင္း၊ သစၥာရွိျခင္း၊ အားထားယုံၾကည္ေလာက္ျခင္းႏွင့္ ျပည့္စုံ၏။ ထို႔ျပင္ ယင္းတို႔သည္ ေအာင္ျမင္မႈကို လက္ကိုင္ထား၍ သီးျခားေနထိုင္တတ္သူ ျဖစ္သည္။ လ်င္ျမန္ေသာ၊ ျဖတ္ထိုးဥာဏ္ရွိေသာ၊ ဆြဲေဆာင္မႈရွိေသာ၊ ခ်စ္ခင္ႏွစ္သက္ဖြယ္ေကာင္းေသာ၊ ဂရုမစိုက္ေသာ၊ ေျမွာက္ပင့္တတ္ေသာ၊ ႏိုင္ငံေရး ၀ါသနာပါေသာ၊ စိတ္မရွည္တတ္ေသာ၊ အလြန္ျပင္းထန္တတ္ေသာ၊ မာနႀကီးေသာ၊ စိတ္ႀကီးေသာ၊ တစ္ယူသန္ေသာ၊ ကိုယ့္ကိုယ္ကို ယုံၾကည္ကိုးစားေသာ ၊ အႀကံဥာဏ္ေ၀ဖန္သုံးသပ္မႈကို လက္မခံေသာ သေဘာတို႔ ရွိသည္။ အရာရာကို ခ်စ္ခင္ႏွစ္သက္ဖြယ္ျပဳမူ ေဆာင္ရြက္ အႏိုင္ယူတတ္သည္။

ညေမြးျမင္းႏွစ္ဖြားမ်ားသည္ ေန႔ေမြး ျမင္းႏွစ္ဖြားမ်ားထက္ တည္ၿငိမ္ေသာ ဘ၀ အက်ိဳးေပးမ်ား ခံစားရတတ္၏။ တရုတ္လူမ်ိဳးတို႔၏ ေရွးေဟာင္း အယူအဆ ျမင္းသည္ ပိုးႏွင့္ ပိုးထည္မ်ားကို ဆက္စပ္ေနသည့္အားေလ်ာ္စြာ ထိုႏွစ္ဖြားမ်ားမွာလည္း ပိုးႏွင့္ ပိုးထည္မ်ားတြင္ အက်ိဳးေပး သန္ေပသည္။
ျမင္းႏွစ္ဖြားမ်ားသည္ ပရိယာယ္ၾကြယ္ဝသည့္အျပင္ တဘက္သား ခ်ီးမြမ္းေျပာဆိုရာတြင္လည္း သိမ္ေမြ႔ညက္ေညာသည္။ ထို႔ေၾကာင့္လည္း သူတို႔ကို လူခ်စ္လူခင္မ်ားျခင္း ျဖစ္သည္။ ယင္းတို႔၏ ခ်ိဳ႕ယြင္းခ်က္မွာ စကားမ်ားလြန္းျခင္း၊ ဟန္ထုတ္လြန္းျခင္း၊ အရိပ္သုံးပါး နားမလည္ျခင္းတို႔လည္း ရွိတတ္သည္။
ျမင္းႏွစ္ဖြာဒအမ်ိဳးသားတို႔သည္ မိတ္ေဆြအေပါင္းအသင္းမ်ားႏွင့္ အကၽြမ္းတ၀င္ ရွိတတ္ၾကသည္။ ယင္းတို႔သည္ က်က်နန ၀တ္စားတတ္ၾကသည္။ အႀကံဥာဏ္ယူသည္ထက္ အႀကံဥာဏ္ေပးတတ္ၾကသည္။ အိမ္ေထာင္ဦးစီးအေနျဖင့္ ပိုင္စိုးပိုင္နင္းသေဘာ တစ္ကိုယ္ေကာင္း ႀကံသည့္စိတ္ဓါတ္ ရွိတတ္သည္။
ျမင္းႏွစ္ဖြား အမ်ိဳးသမီးမ်ားသည္ ရိႈးမိုးထုတ္တတ္သူမ်ားဟူ၍ နာမည္ႀကီးၿပီး အလွအပႀကိဳက္တတ္သည္။ စိတ္ကူးယဥ္သမားမ်ားလည္း ျဖစ္ၾကမည္။ အတင္းအဖ်င္းေျပာျခင္း၊ အျငင္းသန္ျခင္း၊ ေခါင္းမာျခင္း စသည့္ ဥာဏ္မ်ား ရွိတတ္သည္။ မိမိကိုယ္ကို မိမိယုံၾကည္ျခင္း၊ စကားေျပာေကာင္းျခင္း၊ ဇ၀နဥာဏ္ရွိျခင္း၊ မာနႀကီးျခင္း၊ ေငြေၾကးရွာေဖြတတ္ျခင္း တို႔လည္း ရွိတတ္သည္။
အခ်စ္ေရး၌ ေပးဆပ္မႈမ်ားတဲ့အတြက္ အျခားသူမ်ား၏ အေပ်ာ္ႀကံျခင္း ခံရတတ္သည္။ စီးပြားေရး၌ ေခြးႏွစ္ဖြားရွိသူႏွင့္ အလုပ္လုပ္က ေအာင္ျမင္မည္။ ႏိုင္ငံေရး၊ ရုပ္ရွင္၊ ျပဇာတ္ စသည့္ အႏုပညာေလာက၌ အထူးေအာင္ျမင္ႏိုင္သည္။ ျမင္းႏွစ္ဖြားမ်ားသည္ က်ား၊ ေခြးႏွစ္ဖြားမ်ားႏွင့္ သင့္ျမတ္သည္။ ႏြား၊ ယုန္ႏွင့္ ျမင္းႏွစ္ဖြားတို႔ႏွင့္ကား ဖီလာျဖစ္သည္။ ၾကြက္ႏွစ္ဖြားႏွင့္ကား ဓမၼေသာက ျဖစ္၏။ ယင္းတို႔ အေကာင္းဆုံး ဘ၀ၾကင္ေဖာ္မွာ ဆိတ္ႏွစ္ဖြား ျဖစ္သည္။

ျမင္းႏွစ္ဖြားမ်ား၌ ထင္ရွားသူမ်ားမွာ ကရုရွက္၊ ရင္းဖရန္႔၊ ရုစဗဲ့၊ ပတ္စခ်ာ၊ အိုင္ဇက္ႏ်ဴတန္၊ ဆိုဇင္နစ္ဇင္၊ဂ်င္ဂ်စ္ခန္၊ မာဂရက္မင္းသမီး၊ ၀င္ဆာၿမိဳ႕စားႀကီး အရစ္တိုတယ္အိုနာစစ္၊ ေရွာင္ကြန္နရီ၊ ဘယ္ဂ်ီယန္ဘုရင္ ေဘာ္ဒြင္၊ အေမရိကန္ အာကာသသူရဲေကာင္း ေနးလ္အမ္းစထေရာင္း၊ လီယိုနစ္ဘရက္ဇညက္၊ ကီမင္ေကာ့စ္နာ၊ ဂ်ိမ္းစ္ဒင္း၊ ဟာရစ္ဆန္ဖို႔ဒ္၊ ေသာမတ္အယ္ဗာဒီဆင္၊ ဂ်င္းဟက္မန္း၊ နယ္ဆင္မင္ဒဲလား၊ ေဘာရစ္ယယ္ဆင္၊ မိုက္ကယ္ေယာ့၊ လူ၀ီပတ္ခ်ာ၊ အန္န၀ါဆာဒတ္၊ မိုက္တိုင္ဆန္တို႔ ျဖစ္သည္။

[ Unicode ]

၁၈၉၄၊ ၁၉ဝ၆၊ ၁၉၁၈၊ ၁၉၃ဝ၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉ဝ၊၂ဝဝ၂၊၂ဝ၁၄ ၂ဝ၂၆နှစ်ဖွားများသည် မြင်းနှစ်ဖွားများဖြစ်ကြသည်။
မြင်းနှစ်ဖွားများသည် တိကျပြတ်သားခြင်း၊ သန်မာခြင်း၊ သစ္စာရှိခြင်း၊ အားထားယုံကြည်လောက်ခြင်းနှင့် ပြည့်စုံ၏။ ထို့ပြင် ယင်းတို့သည် အောင်မြင်မှုကို လက်ကိုင်ထား၍ သီးခြားနေထိုင်တတ်သူ ဖြစ်သည်။ လျင်မြန်သော၊ ဖြတ်ထိုးဉာဏ်ရှိသော၊ ဆွဲဆောင်မှုရှိသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော၊ ဂရုမစိုက်သော၊ မြှောက်ပင့်တတ်သော၊ နိုင်ငံရေး ဝါသနာပါသော၊ စိတ်မရှည်တတ်သော၊ အလွန်ပြင်းထန်တတ်သော၊ မာနကြီးသော၊ စိတ်ကြီးသော၊ တစ်ယူသန်သော၊ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားသော ၊ အကြံဉာဏ်ဝေဖန်သုံးသပ်မှုကို လက်မခံသော သဘောတို့ ရှိသည်။ အရာရာကို ချစ်ခင်နှစ်သက်ဖွယ်ပြုမူ ဆောင်ရွက် အနိုင်ယူတတ်သည်။

ညမွေးမြင်းနှစ်ဖွားများသည် နေ့မွေး မြင်းနှစ်ဖွားများထက် တည်ငြိမ်သော ဘ၀ အကျိုးပေးများ ခံစားရတတ်၏။ တရုတ်လူမျိုးတို့၏ ရှေးဟောင်း အယူအဆ မြင်းသည် ပိုးနှင့် ပိုးထည်များကို ဆက်စပ်နေသည့်အားလျော်စွာ ထိုနှစ်ဖွားများမှာလည်း ပိုးနှင့် ပိုးထည်များတွင် အကျိုးပေး သန်ပေသည်။
မြင်းနှစ်ဖွားများသည် ပရိယာယ်ကြွယ်ဝသည့်အပြင် တဘက်သား ချီးမွမ်းပြောဆိုရာတွင်လည်း သိမ်မွေ့ညက်ညောသည်။ ထို့ကြောင့်လည်း သူတို့ကို လူချစ်လူခင်များခြင်း ဖြစ်သည်။ ယင်းတို့၏ ချို့ယွင်းချက်မှာ စကားများလွန်းခြင်း၊ ဟန်ထုတ်လွန်းခြင်း၊ အရိပ်သုံးပါး နားမလည်ခြင်းတို့လည်း ရှိတတ်သည်။
မြင်းနှစ်ဖွာဒအမျိုးသားတို့သည် မိတ်ဆွေအပေါင်းအသင်းများနှင့် အကျွမ်းတဝင် ရှိတတ်ကြသည်။ ယင်းတို့သည် ကျကျနန ဝတ်စားတတ်ကြသည်။ အကြံဉာဏ်ယူသည်ထက် အကြံဉာဏ်ပေးတတ်ကြသည်။ အိမ်ထောင်ဦးစီးအနေဖြင့် ပိုင်စိုးပိုင်နင်းသဘော တစ်ကိုယ်ကောင်း ကြံသည့်စိတ်ဓါတ် ရှိတတ်သည်။
မြင်းနှစ်ဖွား အမျိုးသမီးများသည် ရှိုးမိုးထုတ်တတ်သူများဟူ၍ နာမည်ကြီးပြီး အလှအပကြိုက်တတ်သည်။ စိတ်ကူးယဉ်သမားများလည်း ဖြစ်ကြမည်။ အတင်းအဖျင်းပြောခြင်း၊ အငြင်းသန်ခြင်း၊ ခေါင်းမာခြင်း စသည့် ဉာဏ်များ ရှိတတ်သည်။ မိမိကိုယ်ကို မိမိယုံကြည်ခြင်း၊ စကားပြောကောင်းခြင်း၊ ဇဝနဉာဏ်ရှိခြင်း၊ မာနကြီးခြင်း၊ ငွေကြေးရှာဖွေတတ်ခြင်း တို့လည်း ရှိတတ်သည်။
အချစ်ရေး၌ ပေးဆပ်မှုများတဲ့အတွက် အခြားသူများ၏ အပျော်ကြံခြင်း ခံရတတ်သည်။ စီးပွားရေး၌ ခွေးနှစ်ဖွားရှိသူနှင့် အလုပ်လုပ်က အောင်မြင်မည်။ နိုင်ငံရေး၊ ရုပ်ရှင်၊ ပြဇာတ် စသည့် အနုပညာလောက၌ အထူးအောင်မြင်နိုင်သည်။ မြင်းနှစ်ဖွားများသည် ကျား၊ ခွေးနှစ်ဖွားများနှင့် သင့်မြတ်သည်။ နွား၊ ယုန်နှင့် မြင်းနှစ်ဖွားတို့နှင့်ကား ဖီလာဖြစ်သည်။ ကြွက်နှစ်ဖွားနှင့်ကား ဓမ္မသောက ဖြစ်၏။ ယင်းတို့ အကောင်းဆုံး ဘဝကြင်ဖော်မှာ ဆိတ်နှစ်ဖွား ဖြစ်သည်။

မြင်းနှစ်ဖွားများ၌ ထင်ရှားသူများမှာ ကရုရှက်၊ ရင်းဖရန့်၊ ရုစဗဲ့၊ ပတ်စချာ၊ အိုင်ဇက်နျူတန်၊ ဆိုဇင်နစ်ဇင်၊ဂျင်ဂျစ်ခန်၊ မာဂရက်မင်းသမီး၊ ဝင်ဆာမြို့စားကြီး အရစ်တိုတယ်အိုနာစစ်၊ ရှောင်ကွန်နရီ၊ ဘယ်ဂျီယန်ဘုရင် ဘော်ဒွင်၊ အမေရိကန် အာကာသသူရဲကောင်း နေးလ်အမ်းစထရောင်း၊ လီယိုနစ်ဘရက်ဇညက်၊ ကီမင်ကော့စ်နာ၊ ဂျိမ်းစ်ဒင်း၊ ဟာရစ်ဆန်ဖို့ဒ်၊ သောမတ်အယ်ဗာဒီဆင်၊ ဂျင်းဟက်မန်း၊ နယ်ဆင်မင်ဒဲလား၊ ဘောရစ်ယယ်ဆင်၊ မိုက်ကယ်ယော့၊ လူဝီပတ်ချာ၊ အန်နဝါဆာဒတ်၊ မိုက်တိုင်ဆန်တို့ ဖြစ်သည်။

Ref; chinese_zodiac_sign

 

746 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.