ငွက္ေပ်ာအုန္းဖတ္ၾကာ္ ျပဳလုပ္နည္း

အရသာထူးတဲ့ ပူေမႊးၾကြပ္ရြငွက္ေပ်ာေၾကာ္ေလးကို အိမ္မွာ အဝဆြဲဖို႔ ငွက္ေပ်ာအုန္းဖတ္ေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္သည့္အမယ္မ်ားကေတာ့ ငွက္ေပ်ာသီး၊ ဆန္မႈန္႔၊ မုန္႔ပြေဆး၊ ဂ်ဳံမႈန္႔၊ သၾကား၊ ဆား၊ ႏွမ္းျဖဴ၊ အုန္းႏို႔၊ ထံုးရည္ၾကည္၊ အုန္းသီးဖတ္ တို႔ လိုအပ္ပါမယ္။

ျပဳလုပ္နည္း
၁။ ငွက္ေပ်ားသီးကို အလံုးလိုက္ အခြံခြာထားပါ။ ဒါေပမဲ့ အစိတ္လိုက္မွ ႀကိဳက္တယ္ဆိုရင္ေတာ့ ထက္ျခမ္းျခမ္းၿပီးလည္း ေၾကာ္လုိ႔ရပါတယ္။
၂။ ဇလံုတစ္ခုထဲသို႔ ဆန္မႈန္႔၊ ဂ်ဳံမႈန္႔တို႔ကို ေရာထည့္လိုက္ပါ။ ၿပီးလွ်င္ သၾကားထည့္လိုက္ပါ။ သိပ္မခ်ဳိေစရန္ သတိျပဳပါ။
၃။ ၿပီးေနာက္ အုန္းႏို႔ထည့္လိုက္ပါ။ အုန္းသီးဖတ္ထည့္လိုက္ပါ။ ထံုးရည္ၾကည္အနည္းငယ္ထည့္ပါ။ မုန္႔ပြေဆးအနည္းငယ္ထည့္ပါ။ ဆားအနည္းငယ္ထည့္ပါ။
၄။ ႏွမ္းျဖဴကို ႀကိဳက္ႏွစ္သက္သေလာက္ထည့္ၿပီး အားလံုးကို သမေအာင္ ေရာေမႊၿပီးရင္ေတာ့ ငွက္ေပ်ာသီးကိုထည့္လုိက္ပါ။
၅။ ၿပီးလွ်င္ ဒယ္အိုးထဲကို ဆီထည့္ ဆီပူလာရင္ မုန္႔ရည္နဲ႔ေရာထားတဲ့ငွက္ေပ်ာသီးထည့္ေၾကာ္လိုက္ပါ။ မီးကို ခပ္ေအးေအးေလးထားၿပီး ေၾကာ္ေပးပါ။ သၾကားပါေနတဲ့အတြက္ေၾကာင့္ တူးတတ္လို႔ျဖစ္ပါတယ္။
၆။ ငွက္ေပ်ာသီးေၾကာ္ကို ေရႊ၀ါေရာင္ေလးသန္းသည္အထိ ေၾကာ္ေပးပါ။ ဆူးေမႊးရြက္ရွိရင္လည္း ငွက္ေပ်ာေၾကာ္ပန္းကန္ထဲကို လွီးၿပီးထည့္ႏိုင္ပါတယ္။

ခုဆိုရင္ေတာ့ အရသာထူးတဲ့ ပူေႏြးၾကြပ္ရြ ငွက္ေပ်ာ္အုန္းဖတ္ေၾကာ္ေလးကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အရသာထူးတဲ့ ပူမွှေးကြွပ်ရွငှက်ပျောကြော်လေးကို အိမ်မှာ အဝဆွဲဖို့ ငှက်ပျောအုန်းဖတ်ကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သည့်အမယ်များကတော့ ငှက်ပျောသီး၊ ဆန်မှုန့်၊ မုန့်ပွဆေး၊ ဂျုံမှုန့်၊ သကြား၊ ဆား၊ နှမ်းဖြူ၊ အုန်းနို့၊ ထုံးရည်ကြည်၊ အုန်းသီးဖတ် တို့ လိုအပ်ပါမယ်။

ပြုလုပ်နည်း
၁။ ငှက်ပျေားသီးကို အလုံးလိုက် အခွံခွာထားပါ။ ဒါပေမဲ့ အစိတ်လိုက်မှ ကြိုက်တယ်ဆိုရင်တော့ ထက်ခြမ်းခြမ်းပြီးလည်း ကြော်လို့ရပါတယ်။
၂။ ဇလုံတစ်ခုထဲသို့ ဆန်မှုန့်၊ ဂျုံမှုန့်တို့ကို ရောထည့်လိုက်ပါ။ ပြီးလျှင် သကြားထည့်လိုက်ပါ။ သိပ်မချိုစေရန် သတိပြုပါ။
၃။ ပြီးနောက် အုန်းနို့ထည့်လိုက်ပါ။ အုန်းသီးဖတ်ထည့်လိုက်ပါ။ ထုံးရည်ကြည်အနည်းငယ်ထည့်ပါ။ မုန့်ပွဆေးအနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။
၄။ နှမ်းဖြူကို ကြိုက်နှစ်သက်သလောက်ထည့်ပြီး အားလုံးကို သမအောင် ရောမွှေပြီးရင်တော့ ငှက်ပျောသီးကိုထည့်လိုက်ပါ။
၅။ ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာရင် မုန့်ရည်နဲ့ရောထားတဲ့ငှက်ပျောသီးထည့်ကြော်လိုက်ပါ။ မီးကို ခပ်အေးအေးလေးထားပြီး ကြော်ပေးပါ။ သကြားပါနေတဲ့အတွက်ကြောင့် တူးတတ်လို့ဖြစ်ပါတယ်။
၆။ ငှက်ပျောသီးကြော်ကို ရွှေဝါရောင်လေးသန်းသည်အထိ ကြော်ပေးပါ။ ဆူးမွှေးရွက်ရှိရင်လည်း ငှက်ပျောကြော်ပန်းကန်ထဲကို လှီးပြီးထည့်နိုင်ပါတယ်။

ခုဆိုရင်တော့ အရသာထူးတဲ့ ပူနွေးကြွပ်ရွ ငှက်ပျော်အုန်းဖတ်ကြော်လေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

117 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.