ကိုယ့်ကောင်မလေးက ကိုယ့်အပေါ်မှာ လိမ်ညာနေသလားဆိုတာကို သိနိုင်မယ့်နည်းလမ်းများ

အလိမ်အညာတွေနဲ့ တည်ဆောက်ထားတဲ့ Relationships တစ်ခုဟာတည်မြဲဖို့ အတော်လေးကို ခက်ခဲပါတယ်။ ဒါ့ကြောင့် ကိုယ့်ကောင်မလေးကကိုယ့်ကို အလိမ်အညာတစ်ခုအနေနဲ့(သို့) တစ်ခုခုကို လိမ်ညာနေတယ်လို့ သံသယတွေဝင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သံသယကင်းသွားအောင် အသုံးပြုကြည့်ရအောင်နော်။

၁။ အသံအ​နေအသံထားကို​ ဆန်းစစ်​ပါ
မိန်းက​လေး​တွေရဲ့ အဓိကအားနည်းချက်​က​တော့ ​ကြောက်​ရွံ့စိတ်​ပါ။ ဒီအချက်​ကို ပထမဆုံးသတိပြုမိ​စေနိုင်​မယ့်​အရာက​တော့ မူမမှန်​တဲ့အသံ​နေအသံထားပါ။ သင့်​ကိုစကား​ပြောရာမှာ မလိုအပ်​ဘဲ စကားတဖြတ်​နဲ့တဖြတ်​ ​ကြန့်​ကြာ​နေမယ်​၊ သာမန်​စကား​ပြော​နေသလိုမဟုတ်​ဘဲ သတိအရမ်းထားပြီး ​ပြော​နေမယ်​ဆိုရင်​​တော့ ​လိမ်ညာမှုအစပျိုးနေပြီလို့ ယူဆလို့ရပါတယ်။

၂။ မလိုအပ်​ဘဲ စိတ်​ဆတ်​​နေမယ်
သာမန်​အချိန်​​တွေမှာ မိန်းက​လေး​တွေဟာ သူတို့ရဲ့​ နေ့စဉ်​လှုပ်​ရှားသွားလာမှု​တွေကို ​ချစ်​သူ​ကောင်​​လေး​တွေက ဂရုတစိုက်​​လေး​မေးရင်​ သ​ဘောကျတတ်​ကြပါတယ်​။ ဒီလိုမှမဟုတ်​ဘဲ ခုဘယ်​​ရောက်​​နေလဲ ၊ ဘာလုပ်​​နေလဲ စတဲ့​ အ​သေးမွှား​လေး​တွေ ​မေးမိရင်​​တောင်​ သင့်​ကို ရန်​လို​နေတယ်​ဆိုရင်​​တော့ သင်​မသိ​စေချင်​တဲ့အရာတစ်​ခု ရှိ​နေပြီဆိုတာ သေချာပါတယ်။

၃။ ရှောင်​တခင်​​မေးပါ
သူမဆီက မူမမှန်​တဲ့အ​ဖြေတစ်ခု သင်​ရထားခဲ့ရင်​ ​ချက်​ချင်းမစွပ်​စွဲပါနဲ့။ ထွေရာ​လေးပါး ဆက်​​ပြောကြည့်​ပါ။ အတန်​ကြာမှ မသိမသာ​လေးသွယ်​ဝိုက်​ပြီး ​​ရှောင်​တခင်​မေးပါ။ သူမရဲ့အ​ဖြေမှာ အနည်းငယ်​ကွဲပြားမှုရှိ​နေခဲ့လျှင်​​တော့ သင်​ မသိသင့်​တဲ့အရာတစ်​ခုရှိ​နေပြီဆိုတာ (၈၀) ရာခိုင်နှုန်း​ သေချာ​​နေပါပြီ။

၎​။ သူမရဲ့ မျက်​လုံး​တွေကို အကဲခတ်​ပါ
မျက်လုံးတစ်စုံဟာ လူတစ်ယောက်​ရဲ့စိတ်​ကို လစ်​ဟပြနိုင်​တဲ့ ပြတင်းတံခါးတခုလို့ဆိုရင်​ မှားနိုင်​ဖွယ်​ရာမရှိပါဘူး။ သင့်​​ ကောင်​မ​လေး လိမ်​ညာ​နေပြီလား ဆိုတာသိချင်​ရင်​တော့ သူမရဲ့မျက်​လုံး​တွေကိုပဲ အ​သေချာကြည့်​ပြီး အကဲခတ်​ပါ။ ဒါဟာ သူမ သင့်​အ​ပေါ်ရိုးသားမှု ရှိမရှိဆိုတာကို အစစ်​မှန်​ဆုံးအ​ဖြေတစ်​ခုပေးနိုင်​မယ့်​နည်းလမ်း​တွေထဲက တစ်​ခုဖြစ်ပါတယ်။

၅။ စကား​ပြောဟန်​​ပြောင်းလဲမှု ရှိမရှိကြည့်​ပါ
သင်​နဲ့သာမန်​အချိန်​​တွေမှာ စကား​ပြောသလိုမဟုတ်​ဘဲ စိတ်​မရှည်ဖြစ်နေမယ်​၊ စိတ်တိုနေမယ်ဆိုရင်​​တော့ ဒါဟာ ရုပ်​​ပြောင်းဟန်​လွှဲတစ်​ခုဆိုတာ မ​မေ့ပါနဲ့။ သင့်ကိုမ​ပြောပြချင်​လို့ ​​အာရုံလွဲသွား​အောင်ေ​ဒါသနဲ့ဖုံးကွယ်​​နေခြင်းသက်​သက်​ပါ။ သင်​ သိချင်​​နေတာကို ခဏ​လေးရပ်​ပြီး သူမရဲ့​ မူမမှန်​တဲ့ဟန်​ပန်​ကို သင်​ဂရုပြုမိ​ကြောင်းပြနိုင်​မယ့်​ ​မေးခွန်းမျိုးကို ​ပြောင်း​မေးပါ။ သူမအ​နေနဲ့ ဆက်​မ​ဖြေနိုင်​ဘဲ ဟန်​ပျက်​​နေရင်​​တော့ သင့်​ကို လိမ်​ညာ​နေပြီဆိုတာ​ ​သေချာသ​လောက်​ပါပဲ။


Ref;RELATIONSHIPS GOALS

575 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.