ပသၽွဴးအလႊာမုန္႔ ျပဳလုပ္နည္း

ဝါးလိုက္ရင္ ထုပ္ထုပ္ ထုပ္ထုပ္ေလးနဲ႔ စားရတာ အရမ္းေကာင္းတဲ့ ပသၽွဴးအလႊာမုန္႔ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁။ ဆန္ မႈန္ ့ ၂၅၀ ဂရမ္
၂။ ေကာ္မႈန္ ့ ၁၀၀ ဂရမ္ (ခပ္တင္းတင္းေလး ျဖစ္ခ်င္ရင္ ေကာ္မႈန္ ့၅၀ ဂရမ္ပဲထည့္ပါ)
၃။ ေရ ၀.၅၅ လီတာ
၄။ အုန္းႏို ့ ၀.၄ လီတာ
၅။ ဆား အနည္းငယ္
၆။ သၾကား ၃၀၀ ဂရမ္ ( အခ်ိဳမႀကိဳက္ရင္ ေလ်ာ့ပါ )
၇။ အစားအစာသံုးအေရာင္မႈန္႔ ( food colour ) အနည္းငယ္ ( ႏွစ္သက္ရာအေရာင္ကို အသံုးျပဳႏိုင္ပါတယ္ )

ျပဳလုပ္နည္း
၁။ အားလုံးကိုေရေမႊပါ။ (အခုေလာက္ဆိုရင္ စုစုေပါင္း 6 ခြက္စာ ေလာက္ရွိပါတယ္)

၂။ ကိုယ္ လုပ္မဲ့ ဗန္းရဲ႕ တလႊာစာ ပါႏိုင္ေလာက္တဲ့ ခြက္ကို အရင္ မွန္းခ်ိန္ထားပါတယ္။ ဥပမာ တလႊာကို ၃ ပံု တပံု ေလာက္ကုန္မယ္။ ဒီအေရာင္ကို သုံး ခါထည့္မယ္ စိတ္ကူးရင္ အဲဒီအေရာင္အတြက္ တစ္ ခြက္ေပါ့။

၃။ သုံးေရာင္လုပ္မယ္ စိတ္ကူး ရင္ သုံးခြက္ ခြဲ (ေလးေရာင္ဆို ေလးခြက္ခြဲ) ၿပီး ကိုယ္ႏွစ္သက္တဲ့အေရာင္ေတြကို အစားအစာ ဆိုးေဆးနဲ ့အေရာင္ ထည့္ပါတယ္။ အေရာင္ရင့္တာကို မေၾကာက္ပါနဲ ့အေရာင္ေဖ်ာ့ရင္ သိပ္မလွပါ။ ေပါင္းတဲ့အခ်ိန္မွာ အေရာင္ထပ္ေဖ်ာ့သြားတတ္ပါတယ္။

၄။ ဗန္းကို ဆီသုတ္ၿပီး တလႊာထည့္လိုက္ ၆ မိနစ္ ခန္ ့ေပါင္းလိုက္နဲ ့.. ေနာက္ဆုံးအလႊာကိုေတာ့ မိနစ္ ၂၀-၂၅ ေလာက္ ေပါင္းပါတယ္။ အေပၚယံကို ပိုမာေစခ်င္လို ့ပါ။ ေအာက္ဆုံးအလႊာနဲ ့အေပၚဆုံးအလႊာကို နဲနဲ ထူထူ ေလာင္းပါတယ္။လက္နဲနဲ ဝင္တယ္ ထင္ရေပမဲ့ စားရတာ အရမ္း အရသာရွိလွပါတယ္။

[ Unicode ]

ဝါးလိုက်ရင် ထုပ်ထုပ် ထုပ်ထုပ်လေးနဲ့ စားရတာ အရမ်းကောင်းတဲ့ ပသျှူးအလွှာမုန့် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ဆန် မှုန့် ၂၅၀ ဂရမ်
၂။ ကော်မှုန့် ၁၀၀ ဂရမ် (ခပ်တင်းတင်းလေး ဖြစ်ချင်ရင် ကော်မှုန့်၅၀ ဂရမ်ပဲထည့်ပါ)
၃။ ရေ ဝ.၅၅ လီတာ
၄။ အုန်းနို့ ဝ.၄ လီတာ
၅။ ဆား အနည်းငယ်
၆။ သကြား ၃၀၀ ဂရမ် ( အချိုမကြိုက်ရင် လျော့ပါ )
၇။ အစားအစာသုံးအရောင်မှုန့် ( food colour ) အနည်းငယ် ( နှစ်သက်ရာအရောင်ကို အသုံးပြုနိုင်ပါတယ် )

ပြုလုပ်နည်း
၁။ အားလုံးကိုရေမွှေပါ။ (အခုလောက်ဆိုရင် စုစုပေါင်း 6 ခွက်စာ လောက်ရှိပါတယ်)

၂။ ကိုယ် လုပ်မဲ့ ဗန်းရဲ့ တလွှာစာ ပါနိုင်လောက်တဲ့ ခွက်ကို အရင် မှန်းချိန်ထားပါတယ်။ ဥပမာ တလွှာကို ၃ ပုံ တပုံ လောက်ကုန်မယ်။ ဒီအရောင်ကို သုံး ခါထည့်မယ် စိတ်ကူးရင် အဲဒီအရောင်အတွက် တစ် ခွက်ပေါ့။

၃။ သုံးရောင်လုပ်မယ် စိတ်ကူး ရင် သုံးခွက် ခွဲ (လေးရောင်ဆို လေးခွက်ခွဲ) ပြီး ကိုယ်နှစ်သက်တဲ့အရောင်တွေကို အစားအစာ ဆိုးဆေးနဲ့အရောင် ထည့်ပါတယ်။ အရောင်ရင့်တာကို မကြောက်ပါနဲ့အရောင်ဖျော့ရင် သိပ်မလှပါ။ ပေါင်းတဲ့အချိန်မှာ အရောင်ထပ်ဖျော့သွားတတ်ပါတယ်။

၄။ ဗန်းကို ဆီသုတ်ပြီး တလွှာထည့်လိုက် ၆ မိနစ် ခန့်ပေါင်းလိုက်နဲ့.. နောက်ဆုံးအလွှာကိုတော့ မိနစ် ၂၀-၂၅ လောက် ပေါင်းပါတယ်။ အပေါ်ယံကို ပိုမာစေချင်လို့ပါ။ အောက်ဆုံးအလွှာနဲ့အပေါ်ဆုံးအလွှာကို နဲနဲ ထူထူ လောင်းပါတယ်။လက်နဲနဲ ဝင်တယ် ထင်ရပေမဲ့ စားရတာ အရမ်း အရသာရှိလှပါတယ်။

Ref; asianfood

 

372 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.