စိတ်ဖိစီးမှုကို လျော့ကျစေမယ့် နည်းလမ်းကောင်းများ

စိတ်ဖိစီးမှုဖြစ်ရတဲ့အဓိကအကြောင်းအရင်းအများစုက အရက်သောက်ခြင်း၊တစ်ချို့ကတေတာ့ မူးရစ်ဆေးဝါးသုံးစွဲခြင်း၊ မိသားစုအရေးအဆင်မပြေမှု၊အနိုင်ကျင့်ခံရမှုနဲ့ လုပ်ငန်းခွင်မှာ ရုန်းကန်လှုပ်ရှားနေရခြင်းတို့ကြောင့်
စိတ်ဖိစီးမှုကို ပိုပြီး ရစေပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်လုပ်နေတာတွေကထပ်တူမကျတာမျိုးတွေ ဥပမာ – ငွေရေးကြေးရေးမပြေလည်တာ၊ Relationship အဆင်မပြေတာ၊ မိသားစုအရေးအဆင်မပြေမှု စတာတွေကြောင့်လည်း စိတ်ဖိစီးမှုရတတ်ပါတယ်။

ဒီလိုမျိုး စိတ်ဖိစီးမှုတွေရလာပြီဆိုရင် အကျိုးဆက်တွေအနေနဲ့ ဘာတွေဖြစ်လာမလဲဆိုရင်-

ဝက်ခြံပေါက်တွေထွက်လာမယ်
ကျန်းမာရေးထိခိုက်ခြင်း (ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ နှလုံးအောင့်ခြင်း)
အလိုလိုစိတ်ဓာတ်ကျနေတယ်
ဒေါသထွက်လွယ်ခြင်း
ပတ်ဝန်းကျင်နှင့်အဆင်မပြေမှုများကြုံတွေ့ရခြင်းစတဲ့လက္ခဏာရပ်တွေပေါ်ပေါက်လာနိုင်ပါတယ်။

ဒီလိုမျိုး စိတ်ဖိစီးမှုတွေ အရမ်းများလာရင် ဘယ်လိုမျိုးလေးတွေ ဖြေလျှော့ကျမလဲဆိုတာကအရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေအရမ်းများလာရင် ဒီလိုလေးတွေလုပ်ကြည့်ပါ။
၁။ သီချင်းဆိုပါ
သီချင်းဆိုခြင်းကစိတ်ကိုအများကြီးအပန်းပြေစေပါတယ်။
စိတ်တွေအရမ်းရှုပ်ပြီးညစ်နေတယ်ဆိုရင်တော့ ကိုယ်အရမ်းကြိုက်တဲ့သီချင်းတွေကိုသာ အော်ဆိုပစ်လိုက်ပါ။
၂။ အစားစားပါ
ကိုယ်ကြိုက်တဲ့၊ နှစ်သက်တဲ့ အစားအစာတွေကို စားရတာလဲ စိတ်ဖိစီးမှုကို လျော့ချခြင်းတစ်မျိုးပါပဲ။

၃။ အားကစားလုပ်ပါ
အားကစားလုပ်ခြင်းကလည်း ချွေးထွက်ပြီး စိတ်ကိုပေါ့ပါးစေပါတယ်။
၎။ ခရီးသွားပါ
စိတ်တူကိုယ်တူသူငယ်ချင်းတွေ၊ မိသားစု၊ ချစ်သူ ဒါမှမဟုတ် တစ်ကိုယ်တော်ခရီးသွားခြင်းကလည်း စိတ်ကိုအာဟာရပေးခြင်းတစ်မျိုးပါပဲ။
၅။ တရားထိုင်ပါ
စိတ်တည်ငြိမ်အေးချမ်းစေဖို့အတွက် တစ်နေ့ကို ၁၅ မိနစ် လောက်အချိန်ပေးပြီးတရားထိုင်ကြည့်ပါ။


၆။ ဟာသရုပ်ရှင်တွေကြည့်ပါ
ကိုယ်ကြည့်လိုက်တဲ့ ဟာသတစ်ခုက ကိုယ့်အတွက်အရမ်းကို အပမ်းပြေစေမှာပါ။

၇။ အိပ်ရေးဝဝအိပ်ပါ
ဒီနည်းလမ်းလေးကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေလျော့ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Ref;HEALTH GROUP

92 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.