ပရိသတ်တွေနဲ့ ပြည်သူတွေကပါမုန်းတီးမှုကို ခံရတဲ့ အနုပညာရှင်များ

လူတိုင်းလိုလို အမှားနဲ့ မကင်းဘူးဆိုပေမယ့် တစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို တစ်ချို့တွေကတော့ အများရဲ့လျစ်လျုရှုခြင်းကို ခံလိုက်ရပါတယ်။ အခုတစ်ခါမှာတော့ ပြန်ပြင်လို့မရတော့တဲ့အမှားတွေရဲ့ ပရိသတ်နဲ့ ပြည်သူတွေကပါ မုန်းတီးမှုကို ခံခဲ့ရတဲ့ ဆယ်လီတွေကို ပြောပြပေးသွားမှာပါ။

1. Steve Yoo(Yoo Seung)
စတိဗ် ကတော့ ကိုရီးယားရဲ့ ယောကျာ်းလေးတိုင်းစစ်မှုထမ်းရတဲ့ ဥပဒေကို ဆန့်ကျင်ပြီး စစ်မှုထမ်းရန်ငြင်းဆိုခဲတာကြောင့် ကိုရီးယားပြည်သူတွေရဲ့ အပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင်သူဟာ အမေရိကန်နိုင်ငံသူကို ယူဖို့အတွက် ကိုရီးယားနိုင်ငံသားဖြစ်တည်မှုကို စွန့်လွှတ်ခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် ပြည်သူကို ဒေါသထွက်စေရုံသာမက စတိဗ်ကို တောင်ကိုရီးယားကနေ ထွက်သွားဖို့အတွက် ဖိအားပေးခြင်းတွေကိုပါ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုအပြုအမူတွေပြီးဆုံးသွားပြီးနောက်မှာတော့ ပြည်သူနှင့်ပရိသတ်တွေကို အကြိမ်ကြိမ်တောင်းပန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကိုရီးယားပြည်သူတွေကတော့ လုံးဝကိုလက်မခံခဲ့ပါဘူး။

2. Go Young Wook
မင်းသား Go Young Wook ကတော့ ၂၀၁၃ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာပြစ်မှုကြောင့် ထောင်ဒဏ်၂ နှစ် ၆ လ ကျခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြစ်ဒဏ်မှလွတ်မြောက်ပြီးချိန်မှာတော့ အတော်လေးကို တိတ်ဆိတ်နေခဲ့ပြီး ကိုရီးယားရဲ့ ရုပ်သံလိုင်းအားလုံးကလဲ ထုတ်လွှင့်မှုတွေကို ရပ်တန့်တားမြစ်ခဲ့ပါတယ်။ ဒီလိုပိတ်ပစ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ပြစ်ဒဏ်ဟာ ပြည်သူတွေအတွက် အရမ်းကို ရွံ့မုန်းစရာတွေဖြစ်နေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

3. MC Mong
သူကတော့ စစ်မှုထမ်းမထမ်းရစေဖို့အတွက် မိမိရဲ့ သွားကို ရည်ရွယ်ချက်ရှိရှိနဲ့ နှုတ်ပစ်လိုက်သည်ဟု စွပ်စွဲခံခဲ့ရတာပဲဖြစ်ပါတယ်။ MC Mong ကတော့ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် ယခုလိုမျိုးဖြစ်ခဲ့ရကြောင်းပြောခဲ့ပေမယ့်လဲ ပြည်သူကတော့ လက်မခံခဲ့ပဲ စစ်မှုထမ်းရန်နှောင့်နှေးစေမှုဖြင့် အပြစ်ရှိကြောင့် ဝေဖန်ခံခဲ့ရပါတယ်။အခုထိလဲ သူ့ကို ဝေဖန်နေဆဲဖြစ်ပြီး လူသိရှင်ကြားပေါ်လာတိုင်း ပြင်းထန်တဲ့ ဝေဖန်ခံရမှုတွေကိုသာ ရရှိခဲ့ပါတယ်။

4. Yang Hyun Suk
တစ်ချိန်က YG Entertainment ရဲ့ အကြီးအကဲဖြစ်သလို တောင်ကိုရီးယားရဲ့ ထိပ်တန်းအကျော်ကြားဆုံးတွေထဲမှ တစ်ဦးလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်းမှာတော့ လောင်းကစားကဲ့သို့သော တရားဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်မျိုးတွေကို လုပ်ကိုင်နေမှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။

5. Seungri, Jung Joon Young, Choi Jong Hoon, Yong Junhyung, and Lee Jonghyun
သူတို့ကတော့ လိင်ပိုင်းဆိုင်ရာ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင်ရိုက်ကူးမှုတွေနဲ့ စွပ်စွဲခံရသူတွေပဲဖြစ်ပါတယ်။
Seungri ကတော့ ၂၀၁၉ ခုနှစ်ကနေစပြီး စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူကတော့ တရားမဝင်ပြည့်တန်ဆာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ Jung Joon Young ကတော့ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ တရားမဝင်ရိုက်ကူးခြင်းနှင့် သူရဲ့ ဖျော်ဖြေမှုအတွက် အုပ်စုအတွက် စကားပြောတဲ့ chat တွေမှာပါ ရိုက်ကူးထားသော ဗီဒီယိုများကိုတရားမဝင်ဖြန်ဝေခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်ပြီး သိပ်မကြာခင်မှာတင် သူဟာ အဖမ်းခံခဲ့ရပါတယ်။

Choi Jong Hoon ကတော့ Jung Joon Young ရဲ့ အုပ်စုဖွဲ့ စကားပြောတဲ့ Chat မှာပါဝင်ခဲ့ပြီး သူ့ကိုလည်း တရားမဝင်ဗီဒီယိုဖြန့်ဝေမှု၊ ထုတ်လုပ်ခြင်း၊ ညစ်ညမ်းရုပ်ပုံများဖြန့်ဝေခြင်းတွေအတွက် အပြစ်ရှိကြောင်း တရားစွဲဆိုခဲ့ပြီး အခုလက်ရှိလဲ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်။

Yong Junhyung ကတော့ Jung Joon Young ရဲ့ အဖွဲ့လိုက် Chatting ပြုလုပ်ခြင်းမှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကောလဟာလတွေကို ငြင်းပယ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပါဝင်ပတ်သတ်ခဲ့တဲ့သက်တွေကို တွေ့ရှိခဲ့ပါတယ်။

Lee Jonghyun သည်လည်း အဖွဲ့လိုက် Chatting ပြောခြင်းမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းအနည်းငယ်ထွက်ပေါ်ခဲ့ပါတယ်။


Ref; KOREABOO

432 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.