ရွှေဖရုံသီးပူတင်းပြုလုပ်နည်း

ဟင်းသီးဟင်းရွက်ကို အသုံးပြုပြီး ကျန်းမာရေးနဲ့သင့်တော်မယ့် မုန့်တစ်မျိုးဖြစ်ပြီး ကိုယ့်တိုင်လည်း အိမ်မှာ လုပ်စားကြည့်လို့ရတဲ့ မုန့်လေးဖြစ်တဲ့ ရွှေဖရုံသီးပူတင်း ပြုလုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။

ရွှေဖရုံသီးပူတင်ပြုလုပ်နည်း

ရွှေဖရုံသီး – ၁၂၀ ဂရမ်
ကြက်ဥ – ၂ လုံး
နွားနို့ – ၁၅၀ မီလီလီတာ
သကြား – စားပွဲတင်ဇွန်း ၆ ဇွန်း

– အရင်ဆုံး မီးသင်းသကြားကို အရင်လုပ်ပါမယ်။ အိုးသေးသေးလေးထဲမှာ သကြားကို စားပွဲတင်ဇွန်း ၃ ဇွန်း၊ ရေလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး မီးအေးအေးလေးနဲ့ လှော်ပေးပါ။ လှော်ပေးရင်းနဲ့ သကြားအရည်ပျော်ပြီး အရောင်ပြောင်းလာရင် မီးကို နဲနဲလေးပိုပြီးလျှော့လိုက်ပါ။ နီညိုရောင် ဖြစ်လာရင် မီးတစ်ကြိမ်ပိတ်ပြီး ရေနွေးပူပူ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။ ထည့်ပြီးနောက်မှာတော့ မီးအေးအေးလေးနဲ့ထပ်တည်လိုက်ပြီး အရည်ပျစ်လာရင် မီးဖိုပေါ်က ချလိုက်ပါ။

– ရွှေဖရုံသီးကို ၄ စိတ်စိတ်ပြီး အစေ့နဲ့ အူတိုင်အဖက်တွေကို ဇွန်းနဲ့ ဖယ်လိုက်ပါ။ ပေါင်းအိုးထဲမှာ ထည့်ပြီး ၁၀ မိနစ်လောက် ပေါင်းပေးပါ။ ပေါင်းအိုးမရှိရင်တော့ ဖရုံသီးကို ပြုတ်ပေးလို့ရပါတယ်။ ခက်ရင်လေးနဲ့ ထိုးကြည့်လိုက်လို့ အသားထဲကို စိုက်ဝင်သွားပြီဆိုရင် ရပါပြီ။

– အဲ့ဒီနောက်မှာတော့ အသားတွေကို ဇွန်းလေးနဲ့ အသာခပ်ယူပါ။ အခွံကို မသုံးပါဘူး။ ဇလုံထဲမှာ ရွှေဖရုံသီးအသားတွေကို ထည့်ပြီး ဇွန်းနဲ့ ချေပေးပါ။

– နောက်ဇလုံတစ်ခုထဲမှာ နွားနို့ ၁၅၀ မီလီမီတာ၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး သကြားတွေပျော်ဝင်သွားအောင် သေချာလေး မွှေပေးပါ။ ကြက်ဥကို ဇလုံတစ်ခုထဲမှာ ဖောက်ထည့်ပြီးအကာတွေကို ကြေအောင် သေချာလေးခေါက်မွှေပါ။ ကြက်ဥခေါက်မွှေထဲကို နွားနို့နဲ့ သကြားရည်ကို ဖြေးဖြေးချင်းစီလောင်းထည့်ပြီး ရောလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီအရည်တွေကို ဆန်ခါနဲ့ပြန်စစ်ချလိုက်ပါ။ ရွှေဖရုံသီးထဲကို စစ်ထားတဲ့ အရည်တွေကို နည်းနည်းချင်းရောရင်းနဲ့ မွှေပေးပါ။

– ပေါင်းအိုးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။ ပူတင်းအသားကို အမြင့် ၃ စင်တီမီတာ ရှိတဲ့ ခပ်တိမ်တိမ်ခွက်လေးတွေထဲကို လောင်းထည့်ပြီး ပေါင်းအိုးပေါ်မှာ ပိတ်စအုပ်ပြီးမှ အဖုံးကိုအုပ်ပါ။မီးအနေတော်လေးနဲ့ ၁ မိနစ်လောက်တည်ပြီးရင် အဖုံးကို နည်းနည်းလေးဟထားပြီး မီးအေးအေးလေးနဲ့ ၁၅ မိနစ်လောက်ပေါင်းပေးပါ။ အဖုံးကြားက ရေနွေးငွေ့လေးထွက်နေအောင် မီးအေးအေးနဲ့ ထားပြီး ပေါင်းဖို့လိုအပ်ပါတယ်။

– ခက်ရင်းလေးနဲ့ ထိုးကြည့်လို့ မုန့်သားမှာ အပေါက်ဖြစ်သွားတယ်ဆိုရင် ရပါပြီ။ ပေါင်းအိုးမှာ ပိတ်စအုပ်ထားတဲ့ အတိုင်း အအေးခံပြီးရင် ရေခဲသေတ္တာ စတဲ့နေရာတွေမှာ ခဏအအေးခံပြီးရင် မီးသင်းထားတဲ့ သကြားရည်လေးကို ဆမ်းပြီး အရသာရှိစွာနဲ့ သုံးဆောင်နိုင်ပါပြီ။

Ref; NHK

269 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.