ရွဴးရွဲမုန္႔ဖတ္ခ်ဥ္စပ္ေထာင္း ျပဳလုပ္နည္း

မိုးေအးေအးမွာ ရင္ေနြးသြားမဲ့ မုန္႔ဖတ္ရွဴးရွဲေလးကို အိမ္မွာအဝဆြဲဖို႔ းမုန္႔ဖတ္ရွဴးရွဲခ်ဥ္စပ္ေထာင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
မုန္႔ဖတ္မသံုးရင္လည္း ၾကာဆန္ကို ေရေႏြးေဖ်ာၿပီး အစားထိုးအသံုးျပဳလုိ႔ ရပါတယ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ မုန္႔ဖတ္ – ႏွစ္ဆယ္က်ပ္သား
၂။ ပဲေတာင္႔ရွည္ – ေလးေတာင္႔
၃။ နံနံပင္ – အေနေတာ္ ႏွစ္ပင္
၄။ ၾကက္သြန္ျဖဴ အမႊာၾကီးၾကီး – ၃မႊာ
၅။ င႐ုတ္သီး အစပ္အေျခာက္ေတာင့္ – ၇ေတာင့္ခန္႕
၆။ ထန္းလ်ွက္ခဲ – ကြမ္းသီးဆံလံုးေလာက္ တစ္ခဲ
၇။ ငါးခူျပဳပ္ျပီးသား – တစ္ေကာင္
၈။ ငါးငံျပာရည္ – ထမင္းစားဇြန္း တစ္ဇြန္းခြဲ
၉။ ငါးငပိရည္ – ထမင္းစားဇြန္း တစ္ဇြန္း
၁၀။ သံပုရာသီး – တစ္ျခမ္း
၁၁။ ၾကက္သြန္နီ ဆီခ်က္ဖတ္ – ႏွစ္သက္သေလာက္

ျပင္ဆင္ပံု
၁။ မုန္႔ဖတ္ႏွင္႔အတူ ပါ၀င္ပစၥည္းမ်ားကို ျပင္ထားပါ။
၂။ ၾကက္သြန္ျဖဴကို အခြံခြာကာ ေရေဆးထားပါ။
၃။ ပဲေတာင့္႐ွည္ကို ေရေဆးျပီး ခပ္ေသးေသးေလးေတြ လွီးထားပါ။
၄။ နံနံပင္ကို ေရေဆးျပီး အေနေတာ္ လွီးထားပါ။
၅။ င႐ုတ္သီးေတာင့္ကို အညွာေႁခြျပီး ေရေဆးထားပါ။
၆။ ငါးျပဳပ္ကို အရိုးထြင္ျပီး ျပင္ထားပါ။
၇။ သံပုရာသီးကို ေရေဆးျပီး ေလးစိတ္စိတ္ထားပါ။
၈။ က်န္လိုအပ္ေသာ ပစၥည္းမ်ားကို ျပင္ထားပါ။
၉။ င႐ုတ္ဆံုထဲမွာ အရင္ဆံုး ထန္းလ်ွက္ခဲ င႐ုတ္သီးေတာင့္ႏွင့္ၾကက္သြန္ျဖဴကို မညက္တစ္ညက္ အေနအထားရေအာင္ ထည့္ေထာင္းပါ။
၁၀။ ျပီးတာနဲ႕ပဲသီးကိုထည္႔ျပီး ခပ္ဖြဖြ ထည့္ေထာင္းပါ။
၁၁။ ေထာင္းထားတာေတြကို သမေအာင္ ဇြန္းနဲ႕ေမႊေပးျပီး ငါးျပဳပ္ မုန္႔ဖတ္ ငါးငပိရည္ ငံျပာရည္ႏွင့္ သံပုရာရည္ကို ညွစ္ျပီးထည့္ကာ ခပ္ဖြဖြထည့္ေထာင္းကာ ဇြန္းႏွင့္သမေအာင္ ေမႊေပးကာ အရသာျမည္းျပီး လိုသလို ျပင္ေပးပါ။
၁၂။ အရသာ ျပင္ျပီးတာနဲ႕ နံနံပင္ထည္႔ေမႊေပးျပီး ပန္းကန္တစ္ခုထဲထည့္ကာ မုန္႔ဖတ္ေထာင္းကို ျပင္ေပးကာ အေပၚမွ ဆီခ်က္ဖတ္ကို ျဖဴး ေပးပါ။

ခုဆိုရင္ေတာ့ ခ်ိဳခ်ဥ္ငံစပ္အရသာမ်ိဳးစံုနဲ႔ အရမ္းေကာင္းတဲ့ မုန္႔ဖတ္ရွဴးရွဲေလးကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

မိုးအေးအေးမှာ ရင်နွေးသွားမဲ့ မုန့်ဖတ်ရှူးရှဲလေးကို အိမ်မှာအဝဆွဲဖို့ းမုန့်ဖတ်ရှူးရှဲချဉ်စပ်ထောင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
မုန့်ဖတ်မသုံးရင်လည်း ကြာဆန်ကို ရေနွေးဖျောပြီး အစားထိုးအသုံးပြုလို့ ရပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ မုန့်ဖတ် – နှစ်ဆယ်ကျပ်သား
၂။ ပဲတောင့်ရှည် – လေးတောင့်
၃။ နံနံပင် – အနေတော် နှစ်ပင်
၄။ ကြက်သွန်ဖြူ အမွှာကြီးကြီး – ၃မွှာ
၅။ ငရုတ်သီး အစပ်အခြောက်တောင့် – ၇တောင့်ခန့်
၆။ ထန်းလျှက်ခဲ – ကွမ်းသီးဆံလုံးလောက် တစ်ခဲ
၇။ ငါးခူပြုပ်ပြီးသား – တစ်ကောင်
၈။ ငါးငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်းခွဲ
၉။ ငါးငပိရည် – ထမင်းစားဇွန်း တစ်ဇွန်း
၁၀။ သံပုရာသီး – တစ်ခြမ်း
၁၁။ ကြက်သွန်နီ ဆီချက်ဖတ် – နှစ်သက်သလောက်

ပြင်ဆင်ပုံ
၁။ မုန့်ဖတ်နှင့်အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
၂။ ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ။
၃။ ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ။
၄။ နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
၅။ ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ။
၆။ ငါးပြုပ်ကို အရိုးထွင်ပြီး ပြင်ထားပါ။
၇။ သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ။
၈။ ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ။
၉။ ငရုတ်ဆုံထဲမှာ အရင်ဆုံး ထန်းလျှက်ခဲ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို မညက်တစ်ညက် အနေအထားရအောင် ထည့်ထောင်းပါ။
၁၀။ ပြီးတာနဲ့ပဲသီးကိုထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ။
၁၁။ ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ငါးပြုပ် မုန့်ဖတ် ငါးငပိရည် ငံပြာရည်နှင့် သံပုရာရည်ကို ညှစ်ပြီးထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
၁၂။ အရသာ ပြင်ပြီးတာနဲ့ နံနံပင်ထည့်မွှေပေးပြီး ပန်းကန်တစ်ခုထဲထည့်ကာ မုန့်ဖတ်ထောင်းကို ပြင်ပေးကာ အပေါ်မှ ဆီချက်ဖတ်ကို ဖြူး ပေးပါ။

ခုဆိုရင်တော့ ချိုချဉ်ငံစပ်အရသာမျိုးစုံနဲ့ အရမ်းကောင်းတဲ့ မုန့်ဖတ်ရှူးရှဲလေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

752 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.