က်ားႏွစ္ဖြား အေဟာ

၁၈၉ဝ၊ ၁၉ဝ၂၊ ၁၉၁၄၊ ၁၉၂၆၊ ၁၉၃၈၊ ၁၉၅ဝ၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၆၊၁၉၉၈၊၂၀၁ဝ၊၂ဝ၂၂ ခုႏွစ္ဖြားမ်ားသည္ က်ားႏွစ္ဖြားမ်ား ျဖစ္သည္။
က်ားႏွစ္ဖြားမ်ားသည္ တရုတ္အယူအရ ယန္းရာသီႏွစ္ျဖစ္၍ အမဓါတ္ျဖစ္ေသာ အလင္းေရာင္ ေႏြးေထြးျခင္းႏွင့္ လုပ္ငန္းေဆာင္တာမ်ားကို ကိုယ္စားျပဳသည္။
က်ားႏွစ္ဖြားမ်ားသည္ ခြန္အားႏွင့္ ျပည့္စုံ၍ စိတ္ဓါတ္ျပင္းထန္ တက္ၾကြၾကၿပီး တစ္ခါတစ္ရံ ရန္လိုတတ္ေသာ သဘာ၀ရွိရုံမက ခက္ထန္ၾကမ္းၾကဳတ္ေသာ သေဘာမ်ားလည္း ရွိတတ္သည္။ ညပိုင္းေမြးသူမ်ားအဖို႔ ရန္လိုတတ္ေသာ သဘာ၀ ပိုမိုျပင္းထန္ စူးရွတတ္သည္။ ယင္းတို႔သည္ မိမိကိုယ္ကိုလည္း အလြန္အထင္ႀကီးသူမ်ား ျဖစ္သည္။ အုပ္ခ်ဳပ္စိုးမိုးသူကို ေတာ္လွန္လိုသူမ်ားလည္း ျဖစ္သည္။ စိတ္လြတ္ကိုယ္လြတ္ လုပ္တတ္ၾကသည္။

က်ားႏွစ္ဖြား အမ်ိဳးသမီးမ်ားသည္ သူတစ္ပါးအား စြဲေဆာင္ႏိုင္စြမ္း ရွိသည္။ ယင္းတို႔သည္ ဥစၥာပစၥည္း မမက္ေမာေသာ္လည္း ေခါင္းမာတတ္သည္။ ေရွးရိုးစဥ္လာ ထုံးတမ္းမ်ားႏွင့္ လုပ္ရိုးလုပ္စဥ္ ဓေလ့မ်ားကို ေတာ္လွန္တတ္သည္။ က်ားႏွစ္ဖြားမ်ားသည္ အမ်ားႏွင့္ ဆက္ဆံရာတြင္ ပြင့္ပြင့္လင္းလင္း ျပတ္ျပတ္သားသားရွိၿပီး ျပႆနာကို တည့္တည့္ၾကည့္ရႈ သုံးသပ္တတ္ေပသည္။ ယင္းတို႔တြင္ ၾကင္နာေႏြးေထြးေသာ ႏွလုံးသား ရွိတတ္ၿပီး အပိုျဖဳန္းတီးမႈလည္း ကင္းေပသည္။
က်ားႏွစ္ဖြားေသာ အမ်ိဳးသားမ်ားသည္ လိႈက္လိႈက္လွဲလွဲ ခ်စ္တတ္သည္။ ထိုနည္းတူ သူ႔ကိုလည္း သစၥရွိရွိ ျပန္ခ်စ္ေစခ်င္သည္။ စီးပြားေရး၌ တစ္ကိုယ္ေတာ္သမားျဖစ္၍ တပါးသူၾသဇာကို နာခံလိုစိတ္မရွိ၊ ေငြမ်ားမ်ားရွာတတ္၍ ေငြမ်ားမ်ား သုံးျဖဳန္းတတ္သည္။ ယင္းတို႔သည္ မ်ားေသာအားျဖင့္ စစ္ဘက္၌ျဖစ္ေစ လူသူမေပါက္ေရာက္သည့္ ေနရာမ်ိဳးကို သြားေရာက္ေလ့လာေရး၌ျဖစ္ေစ ေအာင္ျမင္ႏိုင္မည္။

“က်ားတစ္ေကာင္၏ အရိပ္အေယာင္ကို ျမင္ရရုံျဖင့္ ေျမြတစ္ေကာင္သည္ ဓါးရွခံရသလို နာက်င္တတ္သည္” ဟူေသာ တရုတ္စကားပုံအလိုအရ က်ားႏွစ္ဖြားမ်ားသည္ ေျမြႏွစ္ဖြားသူမ်ားကို လက္မထပ္သင့္ေပ။ ေမ်ာက္၊ ႏြားႏွစ္ဖြားမ်ားႏွင့္လည္း မသင့္ေပ။ က်ားႏွစ္ဖြားမ်ားသည္ ျမင္း၊ ေခြး၊ နဂါး ၊ ၀က္ႏွစ္ဖြားမ်ားႏွင့္ အိမ္ေထာင္ဘက္ ျပဳသင့္သည္။ က်ားႏွစ္ဖြားမ်ားအတြက္ အသင့္ေတာ္ဆုံး ဖူးစာရွင္မ်ားမွာ ၀က္ႏွစ္ဖြားမ်ား ျဖစ္ၾကေပသည္။ ထင္ရွားေသာ က်ားႏွစ္ဖြားမ်ားမွာ ျမန္မာ့လြတ္လပ္ေရး ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဟိုခ်ီမင္း၊ မာကိုပိုလို၊ မာရီလင္မြန္ရိုး ၊ ကားလ္မတ္စ္၊ ျပင္သစ္သမၼတေဟာင္း ဒီေဂါ၊ ေအာ္စကာ၀ိုင္း၊ နယ္သာလန္ ဘုရင္မႀကီးဘီထရစ္၊ ဗီသိုဗင္၊ အက္ဂါသာ ခရစၥတီး၊ တြမ္ခရုစ္၊ ၿဗိတိန္ ဒုတိယေျမာက္ အယ္လစ္ဇဘတ္ ဘုရင္မႀကီး၊ ဖရက္ဒရစ္ေဖာ့ဆက္၊ ဆာေဒးဗစ္စတီး၊ ေလာ့ဒ္အိုဝင္တို႔ ျဖစ္ၾကသည္။

[ Unicode ]

၁၈၉ဝ၊ ၁၉ဝ၂၊ ၁၉၁၄၊ ၁၉၂၆၊ ၁၉၃၈၊ ၁၉၅ဝ၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၆၊၁၉၉၈၊၂၀၁ဝ၊၂ဝ၂၂ ခုနှစ်ဖွားများသည် ကျားနှစ်ဖွားများ ဖြစ်သည်။
ကျားနှစ်ဖွားများသည် တရုတ်အယူအရ ယန်းရာသီနှစ်ဖြစ်၍ အမဓါတ်ဖြစ်သော အလင်းရောင် နွေးထွေးခြင်းနှင့် လုပ်ငန်းဆောင်တာများကို ကိုယ်စားပြုသည်။
ကျားနှစ်ဖွားများသည် ခွန်အားနှင့် ပြည့်စုံ၍ စိတ်ဓါတ်ပြင်းထန် တက်ကြွကြပြီး တစ်ခါတစ်ရံ ရန်လိုတတ်သော သဘာဝရှိရုံမက ခက်ထန်ကြမ်းကြုတ်သော သဘောများလည်း ရှိတတ်သည်။ ညပိုင်းမွေးသူများအဖို့ ရန်လိုတတ်သော သဘာ၀ ပိုမိုပြင်းထန် စူးရှတတ်သည်။ ယင်းတို့သည် မိမိကိုယ်ကိုလည်း အလွန်အထင်ကြီးသူများ ဖြစ်သည်။ အုပ်ချုပ်စိုးမိုးသူကို တော်လှန်လိုသူများလည်း ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် လုပ်တတ်ကြသည်။

ကျားနှစ်ဖွား အမျိုးသမီးများသည် သူတစ်ပါးအား စွဲဆောင်နိုင်စွမ်း ရှိသည်။ ယင်းတို့သည် ဥစ္စာပစ္စည်း မမက်မောသော်လည်း ခေါင်းမာတတ်သည်။ ရှေးရိုးစဉ်လာ ထုံးတမ်းများနှင့် လုပ်ရိုးလုပ်စဉ် ဓလေ့များကို တော်လှန်တတ်သည်။ ကျားနှစ်ဖွားများသည် အများနှင့် ဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားရှိပြီး ပြဿနာကို တည့်တည့်ကြည့်ရှု သုံးသပ်တတ်ပေသည်။ ယင်းတို့တွင် ကြင်နာနွေးထွေးသော နှလုံးသား ရှိတတ်ပြီး အပိုဖြုန်းတီးမှုလည်း ကင်းပေသည်။
ကျားနှစ်ဖွားသော အမျိုးသားများသည် လှိုက်လှိုက်လှဲလှဲ ချစ်တတ်သည်။ ထိုနည်းတူ သူ့ကိုလည်း သစ္စရှိရှိ ပြန်ချစ်စေချင်သည်။ စီးပွားရေး၌ တစ်ကိုယ်တော်သမားဖြစ်၍ တပါးသူသြဇာကို နာခံလိုစိတ်မရှိ၊ ငွေများများရှာတတ်၍ ငွေများများ သုံးဖြုန်းတတ်သည်။ ယင်းတို့သည် များသောအားဖြင့် စစ်ဘက်၌ဖြစ်စေ လူသူမပေါက်ရောက်သည့် နေရာမျိုးကို သွားရောက်လေ့လာရေး၌ဖြစ်စေ အောင်မြင်နိုင်မည်။

“ကျားတစ်ကောင်၏ အရိပ်အယောင်ကို မြင်ရရုံဖြင့် မြွေတစ်ကောင်သည် ဓါးရှခံရသလို နာကျင်တတ်သည်” ဟူသော တရုတ်စကားပုံအလိုအရ ကျားနှစ်ဖွားများသည် မြွေနှစ်ဖွားသူများကို လက်မထပ်သင့်ပေ။ မျောက်၊ နွားနှစ်ဖွားများနှင့်လည်း မသင့်ပေ။ ကျားနှစ်ဖွားများသည် မြင်း၊ ခွေး၊ နဂါး ၊ ဝက်နှစ်ဖွားများနှင့် အိမ်ထောင်ဘက် ပြုသင့်သည်။ ကျားနှစ်ဖွားများအတွက် အသင့်တော်ဆုံး ဖူးစာရှင်များမှာ ဝက်နှစ်ဖွားများ ဖြစ်ကြပေသည်။ ထင်ရှားသော ကျားနှစ်ဖွားများမှာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊ မာကိုပိုလို၊ မာရီလင်မွန်ရိုး ၊ ကားလ်မတ်စ်၊ ပြင်သစ်သမ္မတဟောင်း ဒီဂေါ၊ အော်စကာဝိုင်း၊ နယ်သာလန် ဘုရင်မကြီးဘီထရစ်၊ ဗီသိုဗင်၊ အက်ဂါသာ ခရစ္စတီး၊ တွမ်ခရုစ်၊ ဗြိတိန် ဒုတိယမြောက် အယ်လစ်ဇဘတ် ဘုရင်မကြီး၊ ဖရက်ဒရစ်ဖော့ဆက်၊ ဆာဒေးဗစ်စတီး၊ လော့ဒ်အိုဝင်တို့ ဖြစ်ကြသည်။

Ref; chinese_zodiac

 

281 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.