Relationships ကြောင့် ဝေဖန်ခံခဲ့ရတဲ K-pop အိုင်ဒေါလ်များ

K-pop Fans အများစုကတော့တစ်ခါတလေမှာ သူတို့ နှစ်သက်တဲ့၊ ကြိုက်တဲ့ အဆိုတော်၊သရုပ်ဆောင် စတာတွေကို တစ်ခြားသူတွေနဲ့ Relationships ချိတ်သွားတာကို မနှစ်သက်တဲ့သူတွေလဲ ရှိသလို၊တစ်ခါတလေမှာ ဒါတွေဟာ ဖြစ်တတ်ပါတယ်လို့ တွေးပြီး ကျော်သွားတာမျိုးတွေလဲရှိကြပါတယ်။ ဒီတစ်ခါမှာတော့ Relationships တစ်ခုကြောင့် ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်ကန့်ကွက်ခြင်းကို ခံခဲ့ရတဲ့ ဆယ်လီတွေကို ပြောပြပေးသွားမှာပါ။

၁) Kang Daniel


Kang Daniel နှင့် TWICE’s အဖွဲ့ဝင် Jihyo တို့ရဲ့ dating သတင်းကတော့ ၂၀၁၉ မှာ ပေါ်ထွက်ခဲ့တာပါ။အဲ့ဒီလိုမျိုး Dating သတင်းထွက်ပြီးတဲ့နောက်မှာတော့ K-pop Fans တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပါတယ်။

၂) Chen (EXO)

K-pop ပရိသတ်တွေကို ရှော့ အကြီးကြီးရစေခဲ့တာကတော့ EXO အဖွဲ့ဝင် Chen တစ်ယောက် လက်ထပ်တော့မယ်ဆိုတဲ့ မင်္ဂလာသတင်းနဲ့ ရင်သွေးလေးရရှိနေပြီဆိုတဲ့ သတင်းတို့ကြောင့်ပါ။ Chen ရဲ့ မင်္ဂလာသတင်းထွက်ပေါ်ပြီးတဲ့နောက်မှာတော့ ပရိသတ်တစ်ချို့က အဖွဲ့ကနေ ထွက်ခွာဖို့ပါ ဖိအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အဲ့ဒီလိုလုပ်ပေးဖို့အစီအစဉ်က ကျဆုံးခဲ့ပြီး အခုဆိုရင် Chen တစ်ယောက် ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

၃) Sungmin (Super Junior)


Super Junior အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sungmin ကတော့ Kim Sa Eun နဲ့ လက်ထပ်သတင်းထွက်ပေါ်ပြီးတဲ့နောက်မှာတော့ ပရိသတ်ရဲ့ ဝေဖန်ခြင်းကို အတော်လေး ခံခဲ့ရပါတယ်။

၎) HyunA & Dawn

၂၀၁၈ ခုနှစ်မှာ HyunA နဲ့ Dawn တို့ရဲ့ Dating သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် Cube Entertainment ကနေ ဒီသတင်းကို ငြင်းဆန်ခဲ့ကြပါတယ်။အဲ့ဒီလိုမျိုး ငြင်းဆန်ခဲ့တဲ့သတင်းထွက်ပြီးမှာတော့ Cube Entertainment ရဲ့ ငြင်းဆိုခဲ့ပြီး P-Nation မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၅) Taeyeon (Girls’ Generation

Taeyeon နဲ့ EXO အဖွဲ့ဝင် Baekhyun တို့ကတော့ 2014 ခုနှစ်မှာ Dating သတင်းပေါ်ထွက်ခဲ့တာပါ။ဒီသတင်းအပေါ် ပရိသတ်တစ်ချို့ကတော့ သဘောတူခဲ့ကြပေမယ့်လဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့ ပရိသတ်တွေလဲ ရှိနေခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ Relationship ကို ရပ်တန့်ခဲ့ပြီးနောက်မှာလည်း Taeyeon ကတော့ အဲ့ဒီရဲ့ အကျိုးဆက်တွေဖြစ်တဲ့ ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့လဲ ဆိုပါတယ်။


Ref; KOREABOO

110 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.