အဝလွန်ခြင်းကြောင့်စိတ်ကျရောဂါမဖြစ်ရအောင်လို့ ကာကွယ်သင့်တဲ့နည်းလမ်းလေးများ

အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ရလာမယ့်ဆိုးကျိုးတွေကများစွာရှိပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုးအဆစ်မြစ်နာရောဂါ စတာတွေကိုဖြစ်စေတဲ့အပြင် စိတ်ကျရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဝလွန်ခြင်းနဲ့ စိတ်ကျရောဂါမဖြစ်ရဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြလိုက်ပါတယ်။

၁) ငယ်စဉ်ကတည်းက အားကစားလုပ်ကို တစ်ပတ်လျှင်အနည်းဆုံး ၅ ရက်ကခန့်လောက် လုပ်နိုင်အောင် ကြိုးစားပါ။

အားကစားလုပ်ပေးခြင်းက ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ဦးနှောက်ဥာဏ်ရည်ကိုပါ ဖွံ့ဖြိုးစေပါတယ်။

၂) မိမိစိတ်အခြေနေကို အမြဲတမ်းလေ့လာစမ်းစစ်ပါ။
မိမိရဲ့ တနေ့တာမှာဘာတွေဖြစ်ပျက်ခဲ့တယ် ဘာတွေအဆင်ပြေခဲ့တယ်၊မပြေခဲ့ဘူး။စိတ်ခံစားချက်ကရော အဆင်ပြေရဲ့လား ဒါမျိုးတွေကို ပြန်လည်သုံးသပ်တာကလည်း အကျိုးရှိပါတယ်။

၃) အကောင်းမြင်စိတ်မွေးပါ။ ကိုယ့်ကိုကိုယ်ပိုချစ်ပါ။
အရာရာတိုင်းကို အကောင်းမြင်စိတ်လေးနဲ့ ကြည့်တဲ့အခါမှာ ကိုယ့်ရဲ့လောကကြီးက အရမ်းကို လှပနေမှာပါ။ နောက်ပြီး တစ်ခြားသူတစ်ယောက်ကိုချစ်ပေးပြီး စိတ်ဆင်းရဲခံနေမယ့်အစားကိုယ့်ကိုကိုယ် ပိုချစ်ပြီး စိတ်ပျော်ရွှင်အောင်နေလိုက်ပါ။

၎) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသောက်ပါ။
ဒါကတော့ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာကျန်းမာရေးအတွက် အထောက်အကူပြုစေမယ့်၊ ကောင်းမွန်စေမယ့် အစားအစာတွေ ဖြစ်ဖို့လိုအပ်ပါတယ်။

၅) အိပ်ချိန်စားချိန် မှန်အောင်လုပ်ဖို့ လိုအပ်ပါတယ်။
အင်တာနက်၊ဖုန်းတွေအသုံးပြုမှုများပြားလာပြီး တစ်ချို့ဆိုရင် အိပ်ချိန်စားချိန်မမှန်တဲ့အထိကို ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အိပ်ချိန်စားချိန်လေးကို ပုံမှန်သတ်မှတ်ထားလိုက်ရင် ဘာကိုမှထိခိုက်စရာရှိမှာမဟုတ်တော့ပါဘူး။

၆) ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းပါ။
ကိုယ်အလေးချိန် ထိန်းဖို့ဆိုတာက နဲနဲလေးတော့ ပိုခက်ခဲပါတယ်။အ့တာကြောင့် ကိုယ်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ကို ကျော်မသွားစေပါနဲ့။ လူ့သဘာဝက ဖြစ်ရင်ဖြစ်သွားတယ်လို့ပဲပြောတတ်ကြပြီး ပြန်ပြင်နိုင်တဲ့သူက နည်းပါးလွန်းပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့စိတ်ကိုနိုင်အောင်ထိန်းပြီး အစားအသောက်လေးတွေဆင်ခြင်စားကြပြီး ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်လေးကို ပေါ့ပေါ့ပါးပါးပဲ ထိန်းသိမ်းနိုင်ကြပါစေနော်။


Ref;HEALTH GROUP

72 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.