ဂျပန်လို အာဂျိဆိုင်းပန်း လို့ခေါ်တဲ့ ပန်းမှာ အဆိပ်ရှိတယ်ဆိုတာကို သိပါသလား

ဇွန်လကတော့ အာဂျိဆိုင်းပန်းပွင့်တဲ့ ရာသီဖြစ်ပါတယ်။ ခရီးသွားဖို့က မိုးများတဲ့ ရာသီဖြစ်တာကြောင့် မိုးရေကြောင့် စိုပြေနေတဲံ အာဂျိဆိုင်းပန်းရဲ့ အလှကို ခံစားကြည့်ဖို့အင်မတန်ကောင်းပါတယ်။ ဒီပန်းလေးက လှသလောက် အဆိပ်ရှိလားမရှိလားကိုတော့ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။

၁) အာဂျိဆိုင်းပန်းမှာ အဆိပ်ရှိပါတယ်
အာဂျိဆိုင်းပန်းမှာရဲ့ အရွက်ကို စားမိတဲ့ လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က အော့အန်တယ်ဆိုတဲ့ သာဓကလေးတစ်ခု ရှိခဲ့ပါတယ်။ ဒီအရွက်ကို စားမိရင်တော့ မျက်နှာနီရဲပြီး အော့အန်တဲ့ ဝေဒနာကိုလည်း ခံစားရမှာပါ။

၂) ဘုရားကျောင်းမှာ များစွာရှိနေရတဲ့ အကြောင်းအရင်း
တစ်နိုင်ငံလုံးအတိုင်းအတာအရ အာဂျိဆိုင်းပန်းက ဒေသအသီးအသီးမှာရှိတဲ့ ဘုရားကျောင်းတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ဒါဆိုရင်တော့ ဘုရားကျောင်းတွေမှာ ဘာကြောင့် ဒီပန်းတွေကို အများကြီးစိုက်ပျိုးကြတာလဲဆိုပြီး မေးစရာဖြစ်လာပါပြီ။
ရှေးတုန်းက ဂျပန်ရဲ့ ဒေသအသီးသီးမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားပြီး လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။ သေဆုံးသူတွေကို ဘဝကူးကောင်းအောင် အမျှဝေပေးတဲ့ ရည်ရွယ်ချက်နဲ့ မိုးရာသီမှာ ပွင့်တဲ့ အာဂျိဆိုင်းပန်းတွေကို စိုက်ပျိုးထားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း ဆေးပညာတိုးတတ်လာပြီး မိုးရာသီမှာ ကူးစက်ရောဂါဖြင့် သေဆုံးတဲ့ လူဦးရေလည်း နည်းပါးလာပြီးနောက်ပိုင်းမှာတော့ အာဂျိဆိုင်းပန်းတွေက စိုက်ပျိုးရလွယ်ကူပြီး လှပတာကြောင့် ဘုရားကျောင်းတွင်းမှာ ဆက်လက်စိုက်ပျိုးခဲ့တာပါလို့ သိရပါတယ်။

၃) မြေကြီးဓာတ်အလိုက် အရောင်ကွဲပြားပါတယ်
ဒီပန်းကိုနောက်တစ်မျိုး ခုနှစ်ရောင်ပြောင်း ပန်းလို့လဲ ခေါ်ပါသေးတယ်။ အာဂျိဆိုင်းပန်းရဲ့ အရောင်က မြေကြီးရဲ့ အက်စစ်ဓာတ်ပါဝင်မှုနှုန်းပေါ်မူတည်ပြီး အရောင်ပြောင်းပါတယ်။ မြေကြီးမှာ အက်စစ်ဓာတ်ပါဝင်မှုများရင် အပြာရောင်ပြောင်းပြီး အလယ်လိုင်းက ပန်းရောင်ဖြစ်နေတတ်ပါတယ်။

၎) အာဂျိဆိုင်းပန်းရဲ့ မူလပေါက်ရောက်ကရာနေရာကတော့ ဂျပန်ပါ
ဒီပန်းက ရှေးကတည်းက ဂျပန်မှာ ပေါက်ရောက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမယ့် ဖြူဖက်ဖြူရော်ဖြစ်နေတာကြောင့် တစ္ဆေပန်းလို့တောင် ခေါ်ကြပြီး ရွံ့ရှာခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ပါတယ်။ ၁၈ ရာစုနောက်ပိုင်းမှာတော့ လူကြိုက်အများဆုံးပန်းတစ်မျိုးဖြစ်လာခဲ့ပါတယ်။

၅) အာဂျိဆိုင်းပန်းရဲ့ အဓိပ္ပာယ်
အဓိပ္ပာယ်ကတော့ စိတ်မငြိမ်ခြင်း၊သွေးအေးခြင်း၊ ရက်စက်ခြင်း ဂုဏ်ယူဝင့်ကြွားခြင်း အသဲနှလုံးမရှိခြင်း၊ ဇွဲကောင်းခြင်းလို့ ဆိုတဲ့ အဓိပ္ပာယ်တွေကတော့ ဥရောပကနေ သတ်မှတ်ထားတာတွေပဲဖြစ်ပါတယ်။
ဂျပန်မှာတော့ စည်းလုံးခြင်းဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ထားပြီး ပြင်သစ်ရဲ့ အဓိပ္ပာယ်ဖွဲ့ဆိုချက်ကတော့ အာဂျိဆိုင်းပန်းကို ကျန်းမာတတ်ကြွတဲ့ မိန်းကလေး လို့ ဆိုပါတယ်။


Ref;ZEKKEi JAPAN

131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.