အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် သိထားသင့်တဲ့အချက် (၃) ချက်

လောကမှာ အအောင်မြင်ဆုံးလူတစ်ယောက်ဖြစ်ဖို့ဆိုရင် လောကမှာကိုယ်တစ်ယောက်တည်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မထင်မိပါစေနဲ့။ လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြပါတယ်။
အောင်မြင်ဖို့အတွက်ကြိုးစားနေသူတွေက မကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေရင်တောင် အောင်မြင်ဖို့အတွက် ကောင်းကွက်တွေကို ရှာပြီး အသုံးချတတ်ကြပါတယ်။
လူတွေရဲ့ သဘာဝက အောင်မြင်နေတဲ့အချိန်ထက် ခက်ခဲနေတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အားနည်းချက်၊အားသာချက်တွေကို ပိုမြင်တတ်ကြပြီး ကြိုးစားလုပ်ကိုင်ဖို့အတွက် ပိုပြီး ကြံ့ခိုင်သန်မာလာကြပါတယ်။
အဲ့ဒီလိုဆိုပေမယ့် ပြဿနာတွေကြုံရတဲ့အခါမှာ လူတွေက မပျော်နိုင်ကြတော့ပါဘူး။ပြဿနာတွေက ဘဝမှာ မဖြစ်မနေကြုံတွေ့ရနိုင်တာကြောင့် ကြိုးစားကျော်ဖြတ်ရာမှာ အချက် ၃ ချက်သိထားရပါမယ်။

၁) ကိုယ့်ပြဿနာကို ပိုကြီးတယ်လို့မထင်ရအောင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကြည့်တတ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလို ကြည့်ခြင်းအားဖြင့် ကိုယ့်ထက်ပိုဆိုးတဲ့၊ခက်ခဲတဲ့လူတွေ ရှိနေတာကို တွေ့ရပါလိမ့်ပါတယ်။ ဒါကြောင့် ခက်ခဲနေချိန်မှာ ပိုမိုရုန်းကန်နေနိုင်ရပါမယ်။ အကောင်းဆုံးကတော့ ပြဿနာတွေကို ကျောခိုင်းမသွားပဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတဲ့နည်းလမ်းလေးက အောင်မြင်မှုအတွက်အထောက်အကူပြုစေမှာပါ။

၂) တစ်ချိန်က ကိုယ်အောင်မြင်အောင်ကြိုးစားခဲ့ရတဲ့ အချိန်တွေကို သတိရပေးပါ။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ၊အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်။ဘယ်လိုဖြေရှင်းခဲ့ရတယ်။ အောင်မြင်သွားတဲ့အခါ အရင်က ခံစားခဲ့ရတာတွေကို သတိရပြီး နောင်ကြုံတွေ့လာရမယ့် ပြဿနာအသစ်တွေအတွက် ရင်ဆိုင်နိုင်ဖို့ အားမွေးထားရပါမယ်။

၃) လူတွေကအောင်မြင်မှု ဆိုတာထက် ကျရှုံးမှုဆီကိုပဲ ပိုပြီး သင်ယူတတ်မြောက်ကြတယ်ဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။ ဈေးကြီးပေးရတဲ့ ပစ္စည်းက ပိုပြီး တန်ဖိုးရှိသလိုကိုယ့်ရဲ့ အချိန်၊ငွေ၊ ပညာ၊ကြိုးပမ်းမှုတွေပေးပြီး ရလာတဲ့အတွေ့အကြုံကလည်း ပိုပြီး တန်ဖိုးရှိပါတယ်။
အောင်မြင်သူတွေက ကျရှုံးမှာကို မကြောက်ကြပါဘူး။ မကျရှုံးသေးဘူးဆိုတဲ့သူကသာ အောင်မြင်ဖို့အတွက် ဘာမှမလုပ်ရသေးတဲ့သူဖြစ်ပါတယ်။ ပြဿနာတွေနဲ့ ကျဆုံးမှုတွေကြုံလာမှ လောကကြီးနဲ့ ပတ်ဝန်းကျင်ကို အမြင်မတူတဲ့ ရှုထောင့်ကနေကြည့်ပြီး အောင်မြင်မှုဆီကို အခက်အခဲမရှိ လျှောက်လှမ်းနိုင်မှာပါ။


ဒါကြောင့် လူတိုင်းက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
ဒီအကြောင်းအရာလေးကို ဖတ်ကြည့်ပြီးသွားရင်တော့ အောင်မြင်မှုရရှိဖို့အတွက် ဘယ်လိုအကြောင်းအရာလေးတွေကို လက်ခံသင့်၊လက်လွှတ်သင့်လဲဆိုတာကို သေချာလေး ဆုံးဖြတ်ချက်ချနိုင်ပြီး အောင်မြင်မှုတွေလဲ ရရှိနိုင်ကြပါစေနော်။

Ref;KNOWLEDGE

303 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.