သာေခြယိုင္ ျပဳလုပ္နည္း

ငခ်ိပ္စီးစီးေလးနဲ႔ ေမႊးႏွစ္ေနတဲ့ အုန္းႏို႔ရည္ေလးကို ေပါင္းစပ္ခံစားဖို႔ လုပ္ရတာလည္း အရမ္းလြယ္တဲ့ သာေခြယိုင္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ေကာက္ညႇင္းခ်ိတ္ (အမဲ) – ႏို႔ဆီဗူး ၃ဗူး
၂။ ထန္းလ်က္ရည္ – ၂ခြက္
၃။ သၾကား – ၃၀ က်ပ္သား
၄။ အုန္းသီး – ၄လုံး (အရည္ညႇစ္ထားပါ)
၅။ ဆား – လက္ဖက္ရည္ဇြန္း ၃ဇြန္း

ျပဳလုပ္နည္း
၁။ အရင္ဆုံး ေကာက္ညႇင္းခ်ိတ္မ်ားကို ေရျဖင့္ ၿပဲေနေအာင္ ျပဳတ္ေပးပါ။ ျပဳတ္ေနစဥ္အတြင္း အိုးမကပ္ေအာင္ အနည္းငယ္ ေမႊေပးပါ။
၂။ ေကာက္ညႇင္းခ်ိတ္မ်ား ၿပဲသြားမွ ထန္းလ်က္ရည္၊ သၾကား ထည့္ေပးပါ။
( ေကာက္ညႇင္းခ်ိတ္တြင္ ဆားမထည့္ရပါ )
၃။ ထို႔ေနာက္ ညႇစ္ထားေသာ အုန္းႏို႔ရည္ ကို ဆားျဖင့္ ေရာေမႊလိုက္ပါ။
၄။ ခြက္တစ္ခုထဲ တစ္ေယာက္စာ ေကာက္ညႇင္းခ်ိတ္မ်ားထည့္ၿပီ အေပၚမွ အုန္းႏို႔ရည္မ်ား ဆမ္း၊ ျခစ္ထားတဲ့ အုန္းသီးဖတ္အႀကီးႀကီးကို ျဖဴးလိုက္ပါ။

ခုဆိုရင္ေတာ့ အရမ္းေကာင္းတဲ့ အခ်ိဳပြဲ သာေခြယိုင္ကို သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ငချိပ်စီးစီးလေးနဲ့ မွှေးနှစ်နေတဲ့ အုန်းနို့ရည်လေးကို ပေါင်းစပ်ခံစားဖို့ လုပ်ရတာလည်း အရမ်းလွယ်တဲ့ သာခွေယိုင် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး
၂။ ထန်းလျက်ရည် – ၂ခွက်
၃။ သကြား – ၃၀ ကျပ်သား
၄။ အုန်းသီး – ၄လုံး (အရည်ညှစ်ထားပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်းချိတ်များကို ရေဖြင့် ပြဲနေအောင် ပြုတ်ပေးပါ။ ပြုတ်နေစဉ်အတွင်း အိုးမကပ်အောင် အနည်းငယ် မွှေပေးပါ။
၂။ ကောက်ညှင်းချိတ်များ ပြဲသွားမှ ထန်းလျက်ရည်၊ သကြား ထည့်ပေးပါ။
( ကောက်ညှင်းချိတ်တွင် ဆားမထည့်ရပါ )
၃။ ထို့နောက် ညှစ်ထားသော အုန်းနို့ရည် ကို ဆားဖြင့် ရောမွှေလိုက်ပါ။
၄။ ခွက်တစ်ခုထဲ တစ်ယောက်စာ ကောက်ညှင်းချိတ်များထည့်ပြီ အပေါ်မှ အုန်းနို့ရည်များ ဆမ်း၊ ခြစ်ထားတဲ့ အုန်းသီးဖတ်အကြီးကြီးကို ဖြူးလိုက်ပါ။

ခုဆိုရင်တော့ အရမ်းကောင်းတဲ့ အချိုပွဲ သာခွေယိုင်ကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

297 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.