K-pop ရဲ့ အလှဆုံးမျက်နှာပိုင်ရှင်တွေလို့ တင်စားခံရတဲ့ အမျိုးသမီးများ

Women Generation ရဲ့ စစ်တမ်းကောက်ခြင်းမှာ ကိုရီးယားရဲ့ Showbiz ရဲ့ အလှဆုံး မျက်နှာပိုင်ရှင်တွေကို ရွေးချယ်ခဲ့ကြပါတယ်။ Suzy, Krystal နှင့် Jun Ji Hyun တို့ကတော့ Top 3 ကို ရရှိခဲ့ကြပါတယ်။

၁) Suzy
Suzy လို့ လူသိများတဲ့ Bae Suzy ကတော့ တောင်ကိုရီးယားရဲ့ ဖျော်ဖြေမှုတွေမှာ အကျော်ကြားဆုံးလို့ပြောလို့ရပါတယ်။ သူမအသက် ၁၆ နှစ်မှာ Miss A အဖွဲ့ရဲ့ အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Suzy က သူ့ရဲ့ အလှအပနဲ့ ဆွဲဆောင်မှုကြောင့် ပရိသတ်ရဲ့ အာရုံစိုက်ခံရမှုကို ရရှိခဲ့ပါတယ်။
ကိုရီးယားရဲ့ Showbiz ရဲ့ အလှဂုဏ်သရေဆောင် သင်္ကေတအဖြစ် သတ်မှတ်ခံရတဲ့ ဆူဇီ ကို အလှနတ်ဘုရားမလို့လဲ တင်စားခေါ်ဝေါ်ကြပါတယ်။

Krystal
၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Krystal ကတော့ အနုပညာလုပ်ငန်းကိုစတင်လုပ်ဆောင်ချိန်မှစပြီး သူမရဲ့ အလှကို ပရိသတ်တွေက သတိထားမိခဲ့ကြတာပါ။K-pop ပရိသတ်တွေရဲ့ ပြောကြားချက်အရ မျက်နှာပုံစံက V-line၊ မေးရိုးချွန်ချွန်၊နှာတံသွယ်သွယ်နဲ့ လှပတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားပြီး အမျိုးသမီးတွေကိုတောင် မြင်တာနဲ့ ငေးသွားလောက်တဲ့ အလှတရားကိုပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။သူမက နာမည်ကြီးအမှတ်တံဆိပ်တစ်ခုရဲ့ သံတမန်အဖြစ်ရွေးချယ်ခံခဲ့ရပြီး အမှတ်တံဆိပ်များနှင့် မဂ္ဂဇင်းများလည်း ပါဝင်ခဲ့ပါတယ်။

၃) Jun Ji Hyun

ကိုရီးယားရဲ့ အလှဆုံးအမျိုးသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ မျကနှာလေးကိုပိုင်ဆိုင်ထားပြီး သူမရဲ့ မြင့်မားတဲ့ အရပ်အမောင်းကြောင့်လဲ ပရိသတ်ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူပါ။


မိတ်ကပ်ကိုပေါ့ပေါ့ပါးပါးလိမ်းပြီး ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားပေမယ့် Jun Ji Hyun သည် သူမရဲ့ ချောမွေ့တဲ့အသားအရေနှင့် လှပတဲ့မျက်နှာကြောင့် ဆယ်ကျော်သက်လို့တောင် ထင်ရက်စရာပါ။ သူမက ၂၁ ရာစု အမျိုးသမီးများရဲ့ ပုံစံတွေနဲ့အညီ ခေတ်မီပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူပါ။

၎) Sulli
မင်းသမီးချောလေး Sulli ကတော့ ပုံတင်တဲ့ကိစ္စတွေအတွက် ဝေဖန်ခံခဲ့ရသော်လည်း သူမရဲ့ အလှအပကိုတော့ ပရိသတ်တွေက နှစ်သက်နေဆဲဖြစ်ပါတယ်။ သူမမသိအောင် ဓာတ်ပုံရိုက်လိုက်ရင်တောင်မှပဲ သူမရဲ့အလှဟာ တကယ်ကို နှစ်လိုဖွယ်ဖြစ်ပါတယ်။မိတ်ကပ် (သို့) overdress ကိုပင် ဝတ်ဖို့မလိုအပ်တာပါ။ Sulli ရဲ့ ထူးခြားတဲ့အလှအပက ကြည့်ရှုတဲ့ ပရိသတ်ရင်ကို အေးမြစေပါတယ်။

 

 

 

၅) Irene
သူမရဲ့ မျက်လုံးနှင့် နှုတ်ခမ်းလေးတွေက အရမ်းကို ဆွဲဆောင်မှုရှိတဲ့အပိုင်းတွေလို့ မှတ်ချက်ချခဲ့ပါတယ်။
Red Velvet ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Irene က K-pop မှာ အလှဆုံးမိန်းကလေးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။


သူမရဲ့ လုပ်ဖော်ကိုင်ဖက်များကလည်း သူမကို အလှဘုရင်မလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ Irene ကို အလှကုန်ပစ္စည်း၊ လက်ဝတ်ရတနာနှင့် ဖက်ရှင်အမှတ်တံဆိပ်များစွာအဖြစ်လဲ ရွေးချယ်ခဲ့ကြပါတယ်။

Ref;ALL K-POP

955 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.