အိမ်မှာနေရင်း ပြုလုပ်စားသုံးလို့ရမယ့် ပေါ့ပေါ့ပါးပါးအစားအစာများ

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ကပ်ရောဂါကြီးကြောင့် အိမ်မှာနေရပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုလုပ်စားသုံးနိုင်တဲ့ အစားအစာလေးတွေကို ပြောပြပေးသွားပါမယ်။

၁) ခေါက်ဆွဲပြုတ်
ခေါက်ဆွဲပြုတ်လုပ်မယ်ဆိုရင် အသင့်စားခေါက်ဆွဲထုပ်တွေ၊ခေါက်ဆွဲဗူးတွေကလည်း အလျှင်အမြန်ပြင်ဆင်ပြီး စားသုံးလို့ရပါတယ်နော်။ ဒီလိုမျိုးခေါက်ဆွဲချည်းပဲပြုတ်စားတာထက် ခေါက်ဆွဲကို ရေနွေးဖြင့်ပြုတ်ပြီး အမှုန့်တွေနဲ့ နယ်ပြီးရင် မုန့်နှစ်ဖြင့် ကပ်ကာ အလုံးလေးတွေပြုလုပ်ပြီး ကြော်စားလို့ရပါသေးတယ်။

၂) ပေါင်မုန့်အသားကပ်ကြော်
ဒါလေးကတော့ လုပ်ရတာအရမ်းလွယ်ကူပါတယ်။ အသားတစ်မျိုးမျိုးကို ကြိတ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ထောင်းပြီး အသားကို နယ်ပြီးနှပ်ထားပေးပါ။ အဲ့ဒီနောက်မှာတော့ နယ်ထားတဲ့ အသားကို ပေါင်မုန့်မှာကပ်ပြီး ဆီနည်းနည်းလေးနဲ့ ကြော်ပါ။ အသားတွေကွာကျမှာစိုးရိမ်ရင်တော့ ခလောက်ထားတဲ့ ကြက်ဥလေးထဲမှာ ပေါင်မုန့်အသားကပ်တွေကိုထည့်နှစ်ပြီးလဲ ကြော်လို့ရပါတယ်။

၃) စပါကတီ
စပါကတီကတော့ ခရမ်းချဉ်သီးအနှစ်လိုအပ်ပါတယ်။ စပါကတီခေါက်ဆွဲကို ပျော့သွားအောင်ပြုတ်ပြီး ခရမ်းချဉ်သီးအနှစ်လေးကိုအပေါ်ကနေ ဆမ်းပေးပါ။ အဲ့ဒီနောက်မှာတော့ လိုအပ်သလို အရသာကိုထည့်ပြီး ချိစ်လေးတွေကိုလည်း ထည့်လို့ရပါတယ်။ အသားလုံးလေးတွေနဲ့ အသီးအရွက်တွေလဲ ထည့်စားဖို့ မမေ့နဲ့အုံးနော်။


Ref;NAVER

179 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.