အရွယ်တင်နုပျိုစေဖို့ ငှက်ပျောသီးနှင့် ပေါင်းတင်စို့

ငှက်ပျောသီးက အရေပြားအတွက်ကောင်းမွန်စေတဲ့ဗီတာမင် စီ၊ဗီတာမင် B6 အပြင် ဓာတ်တိုးဆန့်ကျင်ပေးတယ့် အင်တီ အောက်ဆီးဒင့်နှင့် မဂ္ဂနီစ်တွေလည်း များစွာပါဝင်တာကြောင့် အလှအပအတွက် များစွာ အကျိုးရှိပါတယ်။

၁) အရေပြားအစိုဓာတ်ထိန်းပေးခြင်း
ငှက်ပျောသီးက အသားအရေပျက်စီးခြင်းကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှည့်ချေပြီး မျက်လုံးတစ်ဝိုက်ကို ချန်ပြီး မျက်နှာအနှံ့ ခပ်ထူထူလေး လိမ်းပေးပါ။ ၂၀-၂၅ မိနစ်လောက် ထားပြီးမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက အသားအရေကို နူးညံ့စိုပြေလာစေမှာပါ။ အသားအရည် အလွန်ခြောက်နေပါက ငှက်ပျောသီးမှည့်ကို ပျားရည်နဲ့ရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မျက်နှာပေါ်က အမည်းစက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

၂) အရွယ်တင်နုပျိုစေဖို့
ငှက်ပျောသီးမှာပါဝင်တဲ့အာဟာရတွေက မျက်နှာပေါ်က အရေးကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စိုပြေစေပါတယ်။ အရွယ်တင်နုပျိုစေဖို့ ငှက်ပျောသီးမှည့်ကို ထောပတ်သီးမှည့်နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့လိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပေးပြီး နောက်မှာတော့ ရေဖြင့်မျက်နှာသစ်လိုက်ပါ။

၃) ခြေဖနောင့်ကွဲခြင်းကို သက်သာစေပါတယ်
ငှက်ပျောသီးမှည့်က အစိုဓာတ်ကို ထိန်းပေးနိုင်လို့ ခြေဖနောင့်အက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှည့်နှစ်လုံးကို ခြေပြီး သန့်စင်ထားတဲ့ ခြေဖဝါးနှင့် ခြေဖနောင့်ပေါ်ကို လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေနဲ့ သန့်စင်လိုက်ပါ။

၎) ဆံသားတောက်ပြောင်ရန်
ငှက်ပျောသီးမှည့်ကို သံလွင်ဆီခွက် တစ်ဝက်စာ၊ ကြက်ဥအကာတစ်လုံးတို့ကို ရောမွှေပါ။ ခဏလောက်ထားပြီးမှ ဆံသားအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးတဲ့နောက်မှာတော့ လျှော်နေကျ ခေါင်းလျှော်ရည်လေးနဲ့ပြန်လျှော်ပေးလိုက်ရင် ဆံသားတောက်ပြောင်သွားစေမှာသေချာပါတယ်။

၅) မျက်လုံးဖောင်းအစ်ခြင်း မဖြစ်ရအောင်
မျက်လုံးတစ်ဝိုက်ဖောင်းအစ်တာအတွက် ငှက်ပျောသီးမှည့်ကို ခြေပြီး ကပ်ထားပေးပါ။ ၂၀ မိနစ်လောက် ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်လုံးတစ်ဝိုက်ဖောင်းအစ်တာတွေကို သက်သာစေမှာပါ။ငှက်ပျောသီးအခွံကို ကြိတ်ချေပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

၆) ဆံပင်ကျွတ်ခြင်းအတွက် သက်သာစေပါတယ်
ငှက်ပျောသီးမှည့်တစ်လုံးကို ဒိန်ချဉ်နဲ့ရောပြီး ဆံသားအနှံ့လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ရေလောင်းချလိုက်ပါ။

၇) ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ရန်
ငှက်ပျောသီးမှည့်တစ်လုံးကို ပျားရည်ထမင်းစားဇွန်း သုံးဇွန်းဇွန်းနှင့် ရောမွှေပြီး ဆံသားအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးတဲ့နောက်မှာ ခေါင်းကိုရေလောင်းချလိုက်ပါ။
အခုလိုမျိုး သဘာဝနည်းလမ်းလေးတွေကို အသုံးပြုပြီးတော့ ပိုမိုလှပတဲ့ အသားအရေနှင့် ကျန်းမာပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
Ref;BEAUTY BLOG

391 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.