အသဲမကွဲချင်သူတိုင်းအတွက် ၁၀ ချက်
၁။ ရိုးသားပါ
၂။ သစ္စာရှိပါ
၃။ ဂိတ်ဆုံးထိချစ်ပါ
၎။ ကြင်နာပါ
၅။ အလိုလိုက်ပါ
၆။ ချော့ပါ
သာမာန်လူတစ်ယောက် စွန့်စားနိုင်စွမ်းထက် ပိုချစ်ပြပါ။
၉။ ဖြူစင်ပါ
၁၀။ ရည်ရွယ်ပါ
အသဲကွဲတယ်ဆိုတာ . . .
၂။ ချစ်သူကို အနိုင်ယူမိခဲ့တဲ့သူတွေကျ နောင်တစိတ်နဲ့ အသဲကွဲကြတယ်…
သင်အသဲကွဲနေသလား !
သူဘက်က ဘယ်လိုမှ မယှဉ်နိုင်တော့လို့
တကယ်ချစ်တဲ့သူတွေဟာ
ထို့ကြောင့် သင်အသဲမကွဲနိုင်ပါဘူး . . . ။
[ Unicode ]
၁။ ရိုးသားပါ
ချစ်ခဲ့တဲ့တစ်လျှောက်လုံးရိုးသားပါ။ စိတ်နဲ့တောင် တခြားသူအပေါ်မယိုင်မိပါစေနဲ့။
၂။ သစ္စာရှိပါ
သူတစ်ယောက်တည်းအတွက် ရည်ရွယ်ပါ။
မိမိအတွေး မိမိလုပ်ရပ်နောက်ဆုံး အိပ်မက်တောင်ချစ်သူ့အကြောင်းပဲမက်ပါ။
၃။ ဂိတ်ဆုံးထိချစ်ပါ
အချစ်ကိုလုံးဝမလျော့ပါနဲ့။ တစ်မီတာလေးတောင် မလျော့လိုက်ပါနဲ့။
၄။ ကြင်နာပါ
ချစ်သူကို ကြင်ကြင်နာနာ ယုယုယယထားပါ။ စကားလုံး အပြုအမှုက အစပေါ့။
၅။ အလိုလိုက်ပါ
အရာရာ သူ့သဘောပဲဦးစားပေးပါ။ ကိုယ်ဆိုတာ သူ့အတွက်ပေးဆပ်သူလို့သဘောထားပါ။
၆။ ချော့ပါ
ဆိုးသမျှ သည်းခံပါ။ နွဲ့သမျှခွင့်လွှတ်ပေးပါ။ သူစိတ်ကောက်တိုင်းချော့ပါ။
၇။ အတိုင်းထက်အလွန်ချစ်ပါ
သာမာန်လူတစ်ယောက် စွန့်စားနိူင်စွမ်းထက် ပိုချစ်ပြပါ။
ဥပမာ- လူကြားထဲ ဒူးထောက်တာမျိုး၊ အိမ်ခြံကျော်ဝင်ပြီးသွားတွေ့တာမျိုး
၈။ မျှော်လင့်ချက် မထားပါနဲ့
သူ့ဆီက ဘာမှပြန်ရဖို့ မျှော်လင့်ချက်မထားပါနဲ့။ အချစ်ဟာ ဈေးကွက်တခုမဟုတ်သလို
ထီလက်မှတ်တခုလည်း မဟုတ်ပါဘူး။
၉။ ဖြူစင်ပါ
ချစ်သူအပေါ် ဖြူစင်ပါ။ ဘာမှမစွန်းထင်းလေ ကောင်းလေပါပဲ။
၁၀။ ရည်ရွယ်ပါ
တစ်သက်တာအတွက် ရည်ရွယ်ပါ။ အပျော်သဘောချစ်သူမျိုးစိတ်မထားပါနဲ့။ ချစ်သူမှအိမ်ထောင်ရှင်အထိရည်ရွယ်ထားပါ။
ဒီအချက်တွေ သင်လုပ်ပေးခဲ့ပြီဆိုလျှင်…
သင့်ချစ်သူနှင့်သင် အကြောင်းတစုံတခုခုကြောင့်လမ်းခွဲကြသည်ဆိုပါစို့။
သင့်ဘက်က အဆုံးထိချစ်ပေးခဲ့သည်။
သင်ကိုယ်တိုင်လည်း ဘာမှပြန်မမျှော်လင့်ခဲ့။
ထို့ကြောင့် သင်…အသဲကွဲစရာမလိုပါ။
အသဲကွဲတယ်ဆိုတာ . . .
၁။ ချစ်သူကို အဆုံးထိမပေးဆပ်ခဲ့ရသူတွေကျ အားနာစိတ်နဲ့ အသဲကွဲသွားကြတယ်…
၂။ ချစ်သူကို အနိူင်ယူမိခဲ့တဲ့သူတွေကျ နောင်တစိတ်နဲ့ အသဲကွဲကြတယ်…
၃။ ချစ်သူကို ပိုင်ဆိုင်လိုစိတ်ရှိခဲ့တဲ့သူတွေကျ ဒေါသစိတ်နဲ့ အသဲကွဲကြတယ်…
၄။ ချစ်သူကို ဈေးကွက်လိုတွက်ခဲ့တဲ့ သူတွေကျအရှုံးထွက်သွားတယ်ဆိုတဲ့အတွေးနဲ့ အသဲကွဲကြတယ်…
၅။ ချစ်သူကို တုန့်ပြန်မှုတခုခုပြန်မျှော်လင့်ခဲ့တဲ့သူတွေကျ ချန်ရစ်ခံခဲ့ပါလားအတွေးနဲ့ အသဲကွဲကြတယ်…
သင်အသဲကွဲနေသလား !
ဒါဆို ဘယ်အထဲပါနေပါသလဲ !
ချစ်သူကို ချစ်ဖို့သက်သက်အပြင်
ဘာတွေမျှော်လင့်ခဲ့မိနေပါသလဲ !
သင်အစစအရာရာကောင်းခဲ့ပါလျက် သူထားခဲ့လျှင်
ကျန်ရစ်ခဲ့တယ် မတွေးပါနဲ့
တခြားထောင့်က ပြန်တွေးပါ
ကိုယ့်အချစ်က တန်ဖိုးရှိလွန်း တောက်ပလွန်းတော့
သူဘက်က ဘယ်လိုမှ မယှဉ်နိူင်တော့လို့
ကိုယ့်ဆီက အကြောင်းပြချက်ရှာပြီးထွက်ပြေးသွားတယ်လို့ ခံယူပါ
တကယ်ချစ်တဲ့သူတွေဟာ
ဘယ်တော့မှ အသဲမကွဲပါဘူး။
ချစ်သူက စွန့်သွားလည်း
ချစ်သူကိုအစွမ်းကုန်ပေးဆပ်ခွင့်နဲ့ ချစ်ခွင့်ရစေခဲ့တဲ့အတွက် ဝမ်းသာမနေဘူးဆိုရင်တောင်
ဝမ်းနည်းစရာတော့မရှိပါဘူး။
ထို့ကြောင့် သင်အသဲမကွဲနိူင်ပါဘူး . . . ။
Ref; lifehacks
9K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.