COVID – 19 တိုက်ဖျက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြတဲ့ ကိုရီးယား K-pop အိုင်ဒေါလ်များ

COVID-19 ဖြစ်နေဆဲကာလမှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ကူညီလှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်များစွာထဲမှာ အနုပညာရှင်တွေလဲပါဝင်ကြပါတယ်။ဒီထဲကမှ ကိုဗစ် တိုက်ဖျက်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ပါဝင်လှူဒါန်းခဲ့တဲ့ Idols တစ်ချို့ရဲ့ အမည်တွေနဲ့ လှူဒါန်းခဲ့တဲ့ အလှူငွေပမာဏတွေကို ပြောပြလိုက်ပါတယ်။

၁) IU
သီချင်းအေးအေးလေးတွေကို ပိုပြီးသီဆိုတတ်တဲ့ ပရိသတ်အချစ်တော် IU တစ်ယောက်ကတော့ covid-19 အတွက်ကူညီပေးနေတဲ့ Organization တစ်ခုကို ဝမ် ၁၀၀ မီလီလျှံလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပရဟိတလုပ်နေပေးတဲ့ ပြည်သူတွေအတွက်လည်း protecive wear 3,000 လှူဒါန်းခဲ့ပါသေးတယ်။ အခုဆိုရင် IU ရဲ့ လှူဒါန်းမှုတွေက စုစုပေါင်း ၂ မီလီလျှံ ခန့်ရှိသွားပြီလို့ ဆိုပါတယ်။

၂) Yeri (Red Velvet)
Red Velvet အဖွဲ့ဝင် Yeri ကတော့ NGO အဖွဲ့တစ်ခုကို ဝမ် ၁၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၃) Suga (BTS)
BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suga ကတော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒယ်ဂူးမြို့အတွက် ဝမ် ၁၀ ၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၎) Kang Daniel
Medical staff တွေအတွက် Kang Daniel ကတော့ ဝမ် ၅၀ မီလီလျှံ လှူဒါန်းခဲ့ပြီး၊ သူ့ရဲ့ ပရိသတ်တွေကလည်းစုပေါင်းပြီး ဝမ် ၅ ဒသမ ၁၂ မီလီလျှံ ကို ထပ်မံလှူဒါန်းခဲ့ပါသေးတယ်။

၅) Son Naeun (Apink)
Apink အဖွဲ့ဝင် Son Naeun ကတော့ Daegu Social Welfare Fundraiser ကို ဝမ် ၅၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၆) Zico
Zico ကတော့ ဗိုင်းရပ်(စ်)ကို ကာကွယ်တဲ့အဖွဲ့အစည်းအတွက် ဝမ် ၃၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၇) Irene (Red Velvet)
Red Velvet အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Irene ကတော့ မွေးရပ်မြေ ဒယ်ဂူးအတွက် ဝမ် ၁၀၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၈) B.I (iKON)
iKON ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ B.I ကတော့ နှာခေါင်းစည်း mask ၁၀၀,၀၀၀ ဝယ်ယူခဲ့ပြီး လိုအပ်နေတဲ့သူတွေကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုကတော့ အားလုံးပေါင်း ဝမ် ၂၀၀ မီလီလျှံ ခန့်ရှိတယ်လို့ သိရပါတယ်။

၉) Kim Yohan (X1)
Kim Yohan ကတော့ covid -19 တိုက်ဖျက်ရာမှာအသုံးပြုဖို့အတွက် ဝမ် ၁၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၁၀) Suzy
မင်းသမီးချော တစ်ဦးဖြစ်တဲ့ Suzy ကတော့ covid-19 ရောဂါစဖြစ်ကတည်းက လှူဒါန်းသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ NGO တစ်ခုကို ဝမ် ၁၀၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၁၁) Cha Eunwoo ( ASTRO )
Cha Eunwoo ကတော့ Medical Care နှင့် prevention Equipment တွေအတွက် ဝမ် ၃၀ မီလီလျှံ လှူဒါန်းပေးခဲ့ပါတယ်။

၁၂) Lee Seung Gi
သရုပ်ဆောင်နှင့် အဆိုတော် တစ်ဦးဖြစ်တဲ့ Lee Seung Gi ကတော့ covid-19 ကာလမှာ ကလေးငယ်တွေစောင့်ရှောက်ပေးဖို့အတွက် ဝမ် ၁၀၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။

၁၃) Joy (Red Velvet)
Joy ကတော့ ကိုရီးယားမှာရှိတဲ့ NGO တစ်ခုကို ဝမ် ၁၀ မီလီလျှံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

၁၄) Seulgi (Red Velvet)
Seulgi သည်လည်း ကိုရီးယားမှာရှိတဲ့ NGO တစ်ခုကို ဝမ် ၁၀ မီလီလျှံ လှူဒါန်းခဲ့ပါတယ်။


Ref; KOREABOO

257 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.