ဂျာမနီ အားကစားပစ္စည်း ကုမ္ပဏီ Puma ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ ၀တ်စုံပစ္စည်း တရားဝင် စပွန်ဆာအဖြစ် စာချူပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ တစ်နှစ်ကို ပေါင်သန်း ၃၀ တန်ကြေးရှိတဲ့ ငါးနှစ်စာချုပ်ကို မနေ့ က အာဆင်နယ်အသင်းနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ငါးနှစ်အတွက် ပေါင်သန်း ၁၅၀ ရရှိမှာဖြစ်တဲ့အတွက် ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တစ်ခု ဖြစ်လာပါတယ်။
အမေရိကန်ကုမ္ပဏီ Nike ဟာ အာဆင်နယ်အသင်းရဲ့ အနီ အဖြူ ကလပ်အင်္ကျီစပွန်ဆာအဖြစ် ဆယ်စုနှစ် နှစ်ခုကြာ လက်တွဲခဲ့ပြီးမှ အခုလို လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။
Puma ဟာ CEO အသစ် ပြောင်းလဲခဲ့ပြီးနောက် အရင်က အားကစားအင်္ကျီပစ္စည်းလောကမှာ နာမည်ကျော်ခဲ့တဲ့ သူတို့ ရဲ့ အရှိန်အ၀ါကို ပြန်လည်ရယူဖို့ ကြိုးပမ်းချက်တစ်ခုအနေနဲ့ အာဆင်နယ်အသင်းနဲ့  အခုလို လက်တွဲခဲ့တာဖြစ်ပါတယ်။
Puma ဟာ အာဆင်နယ်အသင်းအင်္ကျီတင်မကဘဲ တခြားအာဆင်နယ်အသင်း အထိမ်းအမှတ်ပစ္စည်း တွေကိုပါ ထုတ်လုပ်ရောင်းချခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
လာမယ့် ဇူလိုင် မှာ အာဆင်နယ်အသင်း အင်္ကျီ အမှတ်တံဆိပ်ဟာ Nike ကနေ Puma အဖြစ် ပြောင်းလဲမယ်လို့ သိရှိရပါတယ်။
Ref: euronews