ဟင်းသီးဟင်းရွက် အစာသွပ်ဟင်း ချက်ပြုတ်နည်း

ဟင်းသီးဟင်းရွက် အစာသွပ်ဟင်းဆိုတာ အလယ်မှာ အခေါင်းပေါက်ပါတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်စားလေ့ရှိကြပါတယ်။ ဒီလိုအစာသွပ်ဟင်းကို ချက်တဲ့အခါ ဟင်းသီးဟင်းရွက်ထဲကို အသားတစ်မျိုးမျိုးထည့်ပြီးတော့ အစာသွပ်ဟင်းချက်ပြုတ်ကြပါတယ်။ ဒီနေ့မှာတော့ အစိမ်းရောင် ငရုပ်ပွသီးနှင့် ကြက်ဟင်းခါးသီးကို သုံးပြီးတော့ အစာသွပ်ဟင်းကို ချက်မှာပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့

ကြက်ဟင်းခါးသီး -၁ လုံး
အစိမ်းရောင် ငရုပ်ပွသီး – ၄ လုံး
ကြိတ်ထားတဲ့ ကြက်သား – ၁၂ ကျပ်သား
ကြက်သွန်နီ -၅ ကျပ်သား

ဆား – လက်ဖက်ရည်ဇွန်း -၄ပုံ ၁ပုံ
ငရုပ်ကောင်းအနည်းငယ်
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှမ်းဆီ -လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဂျုံမှုန့် စားပွဲတင်ဇွန်း – ၁ဇွန်း

ဂျုံမှုန့်အနည်းငယ် နှင့် ဆီအနည်းငယ် တို့ လိုအပ်ပါတယ်။

(အချဉ်ရည်လုပ်ရန်)
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
ရှာလကာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
မုန်ညှင်းနက်အစေ့ဖြင့် ပြုလုပ်ထားတဲ့ mustard အနည်းငယ် တို့ကို လိုပါတယ်။

၁) ကြက်သွန်နီကို နုပ်နုပ်စင်းထားရပါမယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြိတ်ထားတဲ့ ကြက်သားတွေကို စေးပိုင်နေအောင် နယ်ပြီးတော့ ဆားနဲ့ ငရုပ်ကောင်းထပ်ထည့်ပြီး ရောမွှေထားရပါမယ်။

၂) ပဲငံပြာရည်၊နှမ်းဆီနှင့် ဂျုံမှုန့်ကို ရောလိုက်ပါ။ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီထဲကိုထည့်ပြီး သမအောင် နယ်ထားလိုက်ပါမယ်။

၃) ကြက်ဟင်းခါးသီးကို လက်တစ်ဆစ်စာမရှိတရှိ လှီးလိုက်ပြီးတော့ အလယ်က အစေ့တွေကို ဖယ်ထုတ်လိုက်ပါ။ ငရုပ်ပွသီးတွေကိုတော့ အလျားလိုက်တစ်ဝက်ခြမ်းပြီး အထဲက အစေ့တွေကို ဖယ်ထားလိုက်ပါမယ်။

၎) လှီးထားတဲ့ ကြက်ဟင်းခါးသီးနှင့် ငရုပ်ပွသီးတွေထဲကို ဂျုံမှုန့် နှံ့အောင်ဖြူးရပါမယ်။

၅) လှီးထားတဲ့ အသီးတွေထဲကို ဓားရှည်ရှည်လေးတစ်ချောင်းနဲ့ ကြိတ်ထားတဲ့ အသားတွေနဲ့ အစာသွပ်ပါမယ်။ အစာသိပ်ထည့်ထားတဲ့ အသီးတွေရဲ့ မျက်နှာပြင် တစ်ခုချင်းစီကို ပြားပြားလေးဖြစ်အောင် ဓားပြားလေးနဲ့ ညီနေအောင် ညှိရပါမယ်။ ပြီးရင် ဂျုံမှုန့် အနည်းငယ်ကို အစာသါပ်ထားတဲ့အသားလေးပေါ်မှာ ဖြူးပြီး ကပ်မနေအောင် လုပ်ရပါမယ်။

၆) ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပြီး အပူပေးပြီးတော့ အသင့်ပြင်ထားတဲ့ အသားအစာသွပ်ငရုပ်ပွသီးကို အစာသွပ်ထားတဲ့ဘက်ကနေ မှောက်ပြီး အိုးထဲကို ထည့်ပြီး ကြော်ပါမယ်။ ကြက်ဟင်းခါးသီးအသားအစာသွပ်ကိုတော့ တစ်ဖက်ပြီးတစ်ဖက်လှန်ပြီး ထည့်ကြော်လို့ရပါတယ်။ ပြီးလျှင် အဖုံးအုပ်ထားလိုက်ပါ။ မီးအေးအေးလေးနဲ့ ၂ မိနစ် ၃ မိနစ်လောက် ဆက်တည်ထားပါ။

၇) ကြော်တာ အချိန်အနည်းငယ်ကြာလာရင် အိုးအဖုံးကို ဖွင့်လိုက်ပြီး အစားသွပ်ထားတဲ့ဘက်က အသားအရောင်က ညိုနေပြီလားဆိုတာ ကြည့်လိုက်ပါ။ ညိုရင်တစ်ဖက်ကို လှန်ပေးလိုက်ပါ။ ပြီးလျှင်တော့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းလောက် ထည့်လိုက်ပြီး အိုးဖုံးကို ပြန်ပိတ်လိုက်ပါ။ နောက်ထပ် သုံး လေးမိနစ်လောက် ရေနွေးငွေ့လေးနဲ့ ပေါင်းလိုက်ပါ။

၈) အသားအစာသွပ်ထားတဲ့ နေရာရဲ့ အလယ်ကို တံစို့(သို့) သွားကြားထိုးတံလေးနဲ့ ထိုးကြည့်လိုက်ပြီး အသားအချိုရည်လေးတွေ အကြည်ရောင် စိမ့်ထွက်လာပြီဆိုရင်တော့ ကျက်သွားပါပြီ။ ပြီးရင် ပန်းကန်ပြားပေါ်မှာ တင်ပြီး ရှာလကာရည်၊ပဲငံပြာရည်နဲ့ မုန်ညှင်းနက်ဆော့ရောထားတဲ့ အချဉ်ရည်ကို ဆမ်းပြီး အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။

Ref;NHK

115 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.