စိတ်ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အမူအရာများ

စိတ်ဒဏ်ရာ ရရှိထားတဲ့လူတစ်ယောက်က သာမန်လူတွေနဲ့ယှဉ်ရင် အနည်းငယ်ကွဲပြားနေတဲ့အချက်လေးတွေရှိပါတယ်။


၁) အချိန်တိုင်းပြုံးပျော်နေတယ်
လူတစ်ယောက်က အချိန်တိုင်း သူ့ရဲ့ မျက်နှာမှာ ပြုံးပျော်နေတယ်ဆိုရင်တော့ ဒီလူဟာတစ်ခုခုတော့ ထူးဆန်းနေတာပါ။ အမြဲတမ်း ရယ်မောပြီး တခြားသူကိုလည်း ပျော်ရွှင်အောင်လုပ်ပေးတဲ့ လူတွေဟာ စိတ်ဒဏ်ရာ ရရှိထားတဲ့ သူတွေပါ။ ဘာကြောင့်လဲဆိုရင် လူတွေက သူတို့ကို အမြင်ကပ်နေမှာကို ကြောက်တတ်ပြီး အလိုလို စိတ်အားငယ်နေတတ်တဲ့ သူတွေဖြစ်ကြပါတယ်။ အဲ့ဒါကြောင့် လူတိုင်းကို သူတို့လို မခံစားစေချင်တဲ့စိတ်ကြောင့် သူတို့ကိုယ်တိုင်မပျော်ရွှင်ပေမယ့်လည်း တခြားသူကိုတော့ ပျော်ရွှင်အောင် အမြဲလုပ်ပေးတတ်ပါတယ်။

၂) အနစ်နာခံသူတွေဖြစ်ပါတယ်
ကိုယ့်ရဲ့ အဖွဲ့ထဲမှာ အမြဲအနစ်နာခံတဲ့သူ၊ အောက်ကျို့ခံပေါင်းတဲ့ သူငယ်ချင်းတွေရှိရင် စာနာပါ။ တခါတလေမှာ အနစ်နာခံတာက ပုံမှန်ဆိုပေမယ့် အမြဲတမ်းကြီး အနစ်နာခံလာရင်တော့ သူမှာ စိတ်ဒဏ်ရာတစ်ခုခုရှိတယ်ဆိုတာ မှန်ကန်နေပါပြီ။ သူ့ရဲ့ မပြည့်စုံမှုနှင့် နိမ့်ကျမှုတွေ၊ တခြား အားနည်းချက်တွေကြောင့် သူ့ကိုသူနိမ့်ကျသူလို့သတ်မှတ်ထားပြီး အမြဲတမ်းအနစ်နာခံပေးသင့်တယ်လို့ ယူဆထားလို့ဖြစ်ပါတယ်။

၃) ကိုယ်ချင်းစာစိတ်ရှိသူ
စိတ်ဒဏ်ရာရထားတဲ့သူတော်တော်များများက ကိုယ်ချင်းစာစိတ်အပြည့်ရှိပြီး စာနာသနားတတ်မှုမှာလဲ အစွန်းရောက်ပါတယ်။ တခါတလေ တစ်ပါးသူခံစားနေရတာကို ကိုယ်တိုင်ခံစားကြည့်ပြီး မျက်ရည်လွယ်သူတွေလည်း ဖြစ်ကြပါတယ်။

၎) တည်ငြိမ်လွန်းသူ
အပေါင်းအသင်းတွေနဲ့ဆိုရင် အရမ်းပေါသလောက် တစ်ယောက်တည်းရှိနေချိန်မျိုးမှာ အရမ်းကို တည်ငြိမ်ပြီး တွေတွေလေးနေတတ်တဲ့ သူဆိုရင်တော့ သူ့မှာ စိတ်ဒဏ်ရာတစ်ခုခုကို ရရှိထားလို့ပါ။

၅) သံယောဇဉ်ကြီးသူ
သူကတော့ အပေါင်းအသင်းမက်ပြီး၊သူငယ်ချင်းကို အရမ်းတွယ်တာတတ်ပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ မိသားစုနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရရှိထားတာလို့ သတ်မှတ်ပါတယ်။ အဲ့ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်းနှင့် မိတ်ဆွေတွေကို မိသားစုထက်ပိုပြီး တွယ်တာနေပါ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.