မှတ်ဥာဏ်ကို အားနည်းစေတဲ့ အစားအစာများ

ပြောင်းလဲလာတဲ့ ခေတ်ကြီးနဲ့အတူ နေထိုင်မှုပုံစံ၊အစားအသောက် စတာတွေကလည်း အထူးအဆန်းလေးတွေ လုပ်လာကြတာကို တွေ့ရပါတယ်။ဒီနေ့မှာတော့ ဘယ်လိုအစားအစာတွေကိုစားခြင်းက မှတ်ဥာဏ်အားနည်းစေခြင်းဖြစ်စေလဲဆိုတာကို ပြောလိုက်လိုက်ပါတယ်။

၁) တူနာငါး
တူနာငါးမှာက ပရိုတိန်းဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထူးအကျိုးဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့် ဒီလိုစားသုံးပေးခြင်းကလဲ ချင့်ချိန်စားပေးဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်က တစ်ပတ်မှာ ၂ ကြိမ်ခန့်ပဲ စားသုံးပေးသင့်ပါတယ်။ တူနာငါးကို အလွန်အကျွံစားသုံးမိရင် မာကျူရီဓာတ် များပြားမှုကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပြီး မှတ်ဥာဏ်အားနည်းစေနိုင်ပါတယ်။

၂) ပဲပုပ်
ပဲပုပ်ဖြင့် ပြုလုပ်တဲ့ တို့ဟူး၊ ပဲပြား၊ ပဲငံပြာရည်နှင့် ပဲငပိ စတာတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ပဲပုပ်ထဲမှာ ဆိုဒီယမ်နှင့် ဆားပမာဏများစွာ ပါဝင်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပဲပုပ်ကို အလွန်အကျွံစားသုံးမိရင် သွေးတိုးရောဂါဖြစ်နိုင်ပြီး ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်တွေ စီးဆင်းမှုကို ပိတ်ပင်တားဆီနိုင်တဲ့အတွက် မှတ်ဥာဏ်ဆုံးရှုံးမှုလိုမျိုး၊စဉ်းစားချင့်ချိန်နိုင်စွမ်းကို လျော့ကျစေတဲ့ ပြဿနာတွေကိုကြုံရနိုင်ပါတယ်။

၃) အရက်
အရက်သောက်ခြင်းက ဦးနှောက်ပေါ်ကို ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အရက်ကို ချင့်ချိန်သောက်ရင်တောင်မှ ဦးနှောက်ဆဲလ်တွေကို အားနည်းစေပြီး မှတ်ဥာဏ်ဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။

၎) ထမင်းဖြူ
နေ့စဉ်စားသုံးနေကြတဲ့ ထမင်းဖြူဟာ ကာဘိုဟိုက်ကဒရိတ်ကြွယ်ဝပြီး ဦးနှောက်ရဲ့ မှတ်ဥာဏ်ကို အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် ထမင်းချက်ရင် ဆန်ညိုထမင်းကို ရောနှောစားသုံးပေးသင့်ပါတယ်။ အဲ့ဒါအပြင် ထမင်းဖြူစားသုံးခြင်းက စိတ်ကျရောဂါနှင့်လဲ ဆက်နွယ်နေနိုင်ပါတယ်။ တစ်နေ့ အစား (၃) ကြိမ်စားသုံးခြင်းမှာ ညစာနှင့် မနက်စာကို ထမင်းဖြူစားသုံးမှုကို တတ်နိုင်သမျှ ရှောင်ရှားရပါတယ်။


Ref;HEALTH GROUP

102 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.