ငုံးမဆလာေၾကာ္ပူႂကြပ္ႂကြပ္ ျပဳလုပ္နည္း

ငုံးေၾကာ္ကိုေဆးေရာင္ကင္းကင္းအရသာရွိရွိေလးအိမ္မွာေၾကာ္စားႏိုင္ဖို႔ တမူထူးတဲ့ ငုံးေၾကာ္နည္းေလးကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ငုံး – ဆယ္ေကာင္
၂။ နႏြင္း – ဇြန္းတဝက္ စားပြဲဇြန္း
၃။ အေရာင္တင္မႈန႔္ င႐ုပ္သီးမႈန႔္ – ႏွစ္ဇြန္း
၄။ နံနံေစ့ အမႈန႔္ – တစ္ဇြန္း
၅။ ဇီယာမႈန႔္ – တစ္ဇြန္း
၆။ စမုံစပါးေစ့ အမႈန႔္ – တစ္ဇြန္း
၇။ ေျပာင္းဖူးမႈန႔္ – ၂ဇြန္း
၈။ ဂ်ဳံမႈန႔္ – ၃ဇြန္း
၉။ ဆား – ဇြန္းတဝက္
၁၀။ ၾကက္သားမႈန႔္ – ဇြန္းတဝက္
၁၁။ ဒိန္ခ်ဥ္ – ၂ဇြန္း

ျပဳလုပ္နည္း
(၁)ငုံးကိုေရေဆးသန႔္စင္ၿပီးထပ္ျခမ္းျခမ္းထားပါ။
(၂)ပါဝင္ပစၥၥည္းမ်ားအားလုံးထည့္ၿပီး၃နာရီခန႔္ႏွပ္ထားပါ။
(၃)သုံးေဆာင္မည့္အခ်ိန္တြင္ဆီအိုးတည္ၿပီးဆီပူပါကႏွပ္ထားေသာငုံးကိုထည့္ေၾကာ္ပါ။
(၄)အေရာင္ရပါကဆယ္ယူဆီစစ္ထားပါ။

ခုဆိုရင္ေတာ့ ထမင္းပူပူေလးနဲ႔ပဲ တြဲစားမလား၊ ဘီယာေလးနဲ႔ပဲ ျမည္းမလား အရမ္းေကာင္းတဲ့ ငုံးေၾကာ္ႂကြပ္ႂကြပ္ေလးကို အရသာရွိရွိ သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ငုံးကြော်ကိုဆေးရောင်ကင်းကင်းအရသာရှိရှိလေးအိမ်မှာကြော်စားနိုင်ဖို့ တမူထူးတဲ့ ငုံးကြော်နည်းလေးကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ငုံး – ဆယ်ကောင်
၂။ နနွင်း – ဇွန်းတဝက် စားပွဲဇွန်း
၃။ အရောင်တင်မှုန့် ငရုပ်သီးမှုန့် – နှစ်ဇွန်း
၄။ နံနံစေ့ အမှုန့် – တစ်ဇွန်း
၅။ ဇီယာမှုန့် – တစ်ဇွန်း
၆။ စမုံစပါးစေ့ အမှုန့် – တစ်ဇွန်း
၇။ ပြောင်းဖူးမှုန့် – ၂ဇွန်း
၈။ ဂျုံမှုန့် – ၃ဇွန်း
၉။ ဆား – ဇွန်းတဝက်
၁၀။ ကြက်သားမှုန့် – ဇွန်းတဝက်
၁၁။ ဒိန်ချဉ် – ၂ဇွန်း

ပြုလုပ်နည်း
(၁)ငုံးကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းထားပါ။
(၂)ပါဝင်ပစ္စ္စည်းများအားလုံးထည့်ပြီး၃နာရီခန့်နှပ်ထားပါ။
(၃)သုံးဆောင်မည့်အချိန်တွင်ဆီအိုးတည်ပြီးဆီပူပါကနှပ်ထားသောငုံးကိုထည့်ကြော်ပါ။
(၄)အရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
ခုဆိုရင်တော့ ထမင်းပူပူလေးနဲ့ပဲ တွဲစားမလား၊ ဘီယာလေးနဲ့ပဲ မြည်းမလား အရမ်းကောင်းတဲ့ ငုံးကြော်ကြွပ်ကြွပ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

 

 

148 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.