ဝက္စအုေၾကာ္မြမြေလး ျပဳလုပ္နည္း

ၾကြပ္ၾကြပ္ရြရြ ဝက္စအုေၾကာ္မြမြေလးကို အဝဆြဲဖို႔ ဝက္စလု (ခ) ဝက္စအုေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁။ အေခါက္မ်ားဖယ္ကာ လက္မအရြယ္ခန္႔ လွီးထားသည့္ ဝက္သံုးထပ္သား – 200 g (၁၃ က်ပ္သား)
၂။ ကုလားပဲအစိမ္းမွဳန္႕ – ထမင္းစားဇြန္း ၃ ဇြန္း
၃။ ဆန္အစိမ္းမွဳန္႕ – ထမင္းစားဇြန္း ၃ ဇြန္း
၄။ ေကာက္ညင္းအစိမ္းမွဳန္႕ – ထမင္းစားဇြန္း ၁ ဇြန္းခြဲ
၅။ ဂ်င္းမွဳန္႕ (ginger powder) – လက္ဖက္ရည္ဇြန္း ၃ ပံု ၂ ပံု
၇။ ဆား – လက္ဖက္ရည္ဇြန္း တစ္ဝက္
၈။ ငရုတ္ေကာင္း – လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
၉။ baking soda မုန္႔ဖုတ္ဆိုဒါ – လက္ဖက္ရည္ဇြန္း ၈ ပံု ၁ ပံု
၁၀။ ေရ – ထမင္းစားဇြန္း ၄ ဇြန္း

ျပဳလုပ္နည္း
၁။ ဝက္သားမွလြဲၿပီး က်န္ပါဝင္ပစၥည္းမ်ားကို ဇလံုထဲထည့္ကာ အဖတ္မ်ားအားလံုးေၾကၿပီး နွံ႕သြားေအာင္ လက္ျဖင့္ ဖိေခ်ေရာေပးပါ။ (မုန္႕နွစ္က ပ်စ္ပ်စ္ၾကီးျဖစ္ရပါမယ္။)
၂။ အဖတ္မ်ားအားလံုးေၾကသြားလွ်င္ တတ္ႏိူင္သမွ် ေရေျခာက္ေအာင္ လုပ္ထားေသာ ဝက္သံုးထပ္သားမ်ားကို ထည့္ၿပီး နွံ႕သြားေအာင္ ေရာေမႊေပးပါ။ (paper towel ျဖင့္ ဖိတို႕ၿပီး အသားမွ ေရမ်ားေျခာက္ေအာင္ လုပ္ေပးႏိူင္ပါတယ္။)
၃။ အပူခ်ိန္ျမင့္ျမင့္ ျဖင့္ အပူေပးထားသည့္ ဆီဒယ္အိုးေအာက္ေျခထဲ ဝါး (သို႕) သစ္သားတူေလးကိုထည့္ၿပီး စမ္းၾကည့္ပါ။ တူ အိုးေအာက္ေျခကုိ ထိသည္နွင့္ နံေဘးမွာ အျမွဳပ္ေလးမ်ား ခ်က္ခ်င္းထလာလွ်င္ ဆီအေနအထားမွန္ၿပီမို႕ မီးအပူခ်ိန္ကို ပံုမွန္ သို႕ေလွ်ာ့ပါ။
၄။ ပံုမွန္အပူခ်ိန္ သို႕ေလွ်ာ့ၿပီးသည္နွင့္ ခ်က္ခ်င္း အသားမ်ားကို တစ္တံုးခ်င္းထည့္ေပးပါ။ (မီးအပူရိွန္ကိုမေလွ်ာ့လိုက္ပါက အတြင္းသားမက်က္ခင္ အျပင္သားတူးသြားတတ္ပါတယ္။)
၅။ ၉ မိနစ္ခန္႕ ခပ္ဖြဖြတို႕ကာ လွန္ကာ ေရႊဝါညိဳေရာင္ျဖစ္ လာေအာင္ ေၾကာ္ေပးပါ။
၆။ ၿပီးေနာက္ ဇကာေလးထဲထည့္ကာ ၁ မိနစ္ခန္႕ ဆီစစ္ၿပီးလွ်င္ ဆီပူေလးဆမ္းကာ၊ ဆားေလးျဖဴးၿပီးနယ္ထားေသာ ထမင္းပူပူေလး နွင့္ ၾကြပ္ၾကြပ္ရြရြ ဝက္စအုေၾကာ္ေလး ကို အခ်ဥ္ရည္ေလးျဖင့္ တြဲဖက္ကာ အရသာရိွစြာ သံုးေဆာင္ႏိူင္ပါၿပီ။

**အခ်ဥ္ရည္ အတြက္ လိုအပ္တာေလးေတြ**

၁။ ready made ground chilli – လက္ဖက္ရည္ဇြန္း ၂ ဇြန္း (ေထာင္း (သို႕) ေတာက္ေတာက္စင္းထားေသာ ငရုတ္သီးစိမ္းကို အစားထိုးႏိူင္)
၂။ ပဲငံျပာရည္အက်ဲ – လက္ဖက္ရည္ဇြန္း ၃ ဇြန္း
၃။ သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
၄။ ေထာင္း (သို႕) ေတာက္ေတာက္စင္းထားေသာ ၾကက္သြန္ျဖဴ အတက္ၾကီး – ၁ တက္
၅။ သံပုရာရည္ – အနည္းငယ္ (ငရုတ္သီးစိမ္းကို အစားထိုးသံုးလ်ွင္ ထည့္ရန္)
အားလံုးကို ေရာေဖ်ာ္လိုက္လွွ်င္ လိုအပ္ေသာ အခ်ဥ္ရည္ကို ရပါၿပီ။

[ Unicode ]

ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်မွမွလေးကို အဝဆွဲဖို့ ဝက်စလု (ခ) ဝက်စအုကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ အခေါက်များဖယ်ကာ လက်မအရွယ်ခန့် လှီးထားသည့် ဝက်သုံးထပ်သား – 200 g (၁၃ ကျပ်သား)
၂။ ကုလားပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၃။ ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း
၄။ ကောက်ညင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ဂျင်းမှုန့် (ginger powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
၈။ ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၉။ baking soda မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
၁၀။ ရေ – ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း
၁။ ဝက်သားမှလွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ကာ အဖတ်များအားလုံးကြေပြီး နှံ့သွားအောင် လက်ဖြင့် ဖိချေရောပေးပါ။ (မုန့်နှစ်က ပျစ်ပျစ်ကြီးဖြစ်ရပါမယ်။)
၂။ အဖတ်များအားလုံးကြေသွားလျှင် တတ်နိူင်သမျှ ရေခြောက်အောင် လုပ်ထားသော ဝက်သုံးထပ်သားများကို ထည့်ပြီး နှံ့သွားအောင် ရောမွှေပေးပါ။ (paper towel ဖြင့် ဖိတို့ပြီး အသားမှ ရေများခြောက်အောင် လုပ်ပေးနိူင်ပါတယ်။)
၃။ အပူချိန်မြင့်မြင့် ဖြင့် အပူပေးထားသည့် ဆီဒယ်အိုးအောက်ခြေထဲ ဝါး (သို့) သစ်သားတူလေးကိုထည့်ပြီး စမ်းကြည့်ပါ။ တူ အိုးအောက်ခြေကို ထိသည်နှင့် နံဘေးမှာ အမြှုပ်လေးများ ချက်ချင်းထလာလျှင် ဆီအနေအထားမှန်ပြီမို့ မီးအပူချိန်ကို ပုံမှန် သို့လျှော့ပါ။
၄။ ပုံမှန်အပူချိန် သို့လျှော့ပြီးသည်နှင့် ချက်ချင်း အသားများကို တစ်တုံးချင်းထည့်ပေးပါ။ (မီးအပူရှိန်ကိုမလျှော့လိုက်ပါက အတွင်းသားမကျက်ခင် အပြင်သားတူးသွားတတ်ပါတယ်။)
၅။ ၉ မိနစ်ခန့် ခပ်ဖွဖွတို့ကာ လှန်ကာ ရွှေဝါညိုရောင်ဖြစ် လာအောင် ကြော်ပေးပါ။
၆။ ပြီးနောက် ဇကာလေးထဲထည့်ကာ ၁ မိနစ်ခန့် ဆီစစ်ပြီးလျှင် ဆီပူလေးဆမ်းကာ၊ ဆားလေးဖြူးပြီးနယ်ထားသော ထမင်းပူပူလေး နှင့် ကြွပ်ကြွပ်ရွရွ ဝက်စအုကြော်လေး ကို အချဉ်ရည်လေးဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

**အချဉ်ရည် အတွက် လိုအပ်တာလေးတွေ**

၁။ ready made ground chilli – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထောင်း (သို့) တောက်တောက်စင်းထားသော ငရုတ်သီးစိမ်းကို အစားထိုးနိူင်)
၂။ ပဲငံပြာရည်အကျဲ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၃။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ ထောင်း (သို့) တောက်တောက်စင်းထားသော ကြက်သွန်ဖြူ အတက်ကြီး – ၁ တက်
၅။ သံပုရာရည် – အနည်းငယ် (ငရုတ်သီးစိမ်းကို အစားထိုးသုံးလျှင် ထည့်ရန်)
အားလုံးကို ရောဖျော်လိုက်လျှင် လိုအပ်သော အချဉ်ရည်ကို ရပါပြီ။

Ref; asianfood

 

640 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.