အရပ်အမောင်းတူကြတဲ့ K-Pop Idols ၆ ယောက်

K-Pop အနုပညာရှင်အများစုက အရပ်အမောင်းရှည်လျားကြသော်လည်း ခန္ဓာကိုယ်အချိုးအစားတော့ မတူကြပါဘူး။ဒါပေမယ့် အခုပြောပြမယ့် အိုင်ဒေါလ်တွေကတော့ အံ့သြစရာကောင်းလောက်အောင် အရပ်ရှည်တာတွေ တူညီကြပါတယ်။ သူတို့ရဲ့ အရပ်တွေက ၁၈၁ စင်တီမီတာ(၅ ပေ ၁၁ လက်မ) ဖြစ်ပြီး အရမ်းကို ချောမောပြီး ယောကျာ်းပီသတဲ့ ရုပ်ရည်နဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားကြပါတယ်။

၁) NU’EST’s Minhyun
Netizens များကတော့ NU’EST အဖွဲ့၏ Minhyun ၏ အရပ်သည်အတော်လေးကို ရှည်ပြီး သူနှင့် ယှဉ်ရပ်မိပါက ခြေဖျားထောက်ပြီး စကားပြောရပါတယ်လို့တောင် စနောက်ကျီစယ်ကြပါတယ်။

၂) MONSTA x’S Shownu
Shownu ကတော့ အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးမဟုတ်ပါဘူး။ဒါပေမယ့် Hyungwon ရဲ့ အရပ်က ၁၈၁ စင်တီမီတာ ဖြစ်နေစဉ်မှာ Shounu သည်လည်း သူ့နီးနီးကို အရပ်ရှည်ပါတယ်။

၃) BTS’s RM
RM ကတော့ အဖွဲ့ဝင်တွေအားလုံးထဲမှာ အရပ်အရှည်ဆုံးလို့ ပြောလို့ရပါတယ်။


၎) SHINee’s Minho
Minho ကတော့ ကြည့်လိုက်ရုံနဲ့တင် ဆွဲဆောင်မှု ရှိရုံသာမက အရပ်ရှည်ပြီး လူကြိုက်များတဲ့ မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

၅) HIGHLIGHT’s Dongwoon
Minho လိုပဲ HIGGLIGHT’S ရဲ့အဖွဲ့ဝင် Dongwoon ကတော့ အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးဖြစ်ပြီး၊ သူ့ဝတ်လိုက်တဲ့ အဝတ်အစားတိုင်းကလဲ လုံးဝကို ဖက်ရှင်ပိုင်းအတွက် နမူနာယူထိုက်လောက်ပါတယ်။

၆) iKON’s Junhoe
iKON’s အဖွဲ့ဝင် Junhoe ရဲ့အရပ် ၁၉၃ စင်တီမီတာရှိသော်လည်း ကိုရီးယားအများစုတော့ ၁၈၁ စင်တီမီတာလို့ပဲထင်ကြပါတယ်။သူဟာ တစ်ခါတစ်ရံမှာ အဖွဲ့ဝင်တွေကိုလည်း စနောက်လှောင်ပြောင်ရခြင်းကို နှစ်သက်ပါသေးတယ်။


Ref;KOREABOO

204 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.