ကိုယ်ခံအားမကျအောင်ကာကွယ်နည်းများ

ကျွန်ုပ်တို့နေ့စဉ် စားသောက်မှုတွေထဲမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးသင့်သလို ကိုယ်ခံအားမကျဆင်းအောင်လဲ အစားအသောက်တွေ ရွေးချယ်စားသုံးနေထိုင်သင့်ပါတယ်။

၁) အိပ်ချိန်မပြည့်ဝတာ
လူတစ်ယောက်က နေ့စဉ် ၇-၈ နာရီလောက်ပြည့်အောင် အိပ်ဖို့လိုအပ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က အရေးကြီးတာကြောင့် အိပ်ခါနီးမှာ ဖုန်းကြည့်ခြင်း၊ ညနေစောင်းမှာ ကော်ဖီ၊လက်ဖက်ရည်၊လက်ဖက်၊ရေနွေးကြမ်း စတာတွေကိုလည်းရှောင်ရှားရပါမယ်။

၂) အစာ အာဟာရပြည့်အောင်မစားတာ
မနက်စာ ပုံမှန်မစားခြင်း၊ အချိန်မှန်မစားခြင်း၊ အသင့်စားခေါက်ဆွဲထုပ်တွေကို အလွယ်တကူစားသောက်နေတာမျိုးတွေကို ရှောင်ရှားပေးရပါမယ်။
အစာအုပ်စုတွေ အားလုံးမျှတစွာ ပါဝင်အောင် စားသောက်ဖို့လိုပါတယ်။
ကိုယ်ခံအား ပိုတတ်စေမယ့် ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေများများ စားပေးရပါမယ်။
နို့နှင့် နို့ထွက်ပစ္စည်းတွေကို စားသောက်ပေးသင့်ပါတယ်။

၃) စိတ်ဖိစီးမှုကို မလျှော့ချနိုင်တာ
စိတ်ပူပင်စရာတွေ၊ ကိုယ်လက်ထဲမှာ မရှိတဲ့ အဖြေအားလုံးကို တတ်နိုင်သမျှ လစ်လျှူရှုရပါမယ်။ စာဖတ်ပါ။ သီချင်းနားထောင်ပါ၊ သူငယ်ချင်း မိတ်ဆွေတွေနှင့် စကားများများပြောပါ။ ရယ်မောပါ၊ ပျော်စရာကောင်းတဲ့ ရုပ်ရှပ်တွေကြည့်ပါ။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအား မကျဆင်းပါစေနဲ့။
ကိုယ်ခံအားကောင်းဖို့အတွက် ရေများများသောက်ပါ၊ ဆေးလိပ်ဖြတ်ပါ၊ အရက်လျှော့သောက်ခြင်းတို့ကို ပြုလုပ်ပါ။


Ref;HEALTH GROUP

88 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.