လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု့များကြောင့် ရုပ်သံထုတ်လွှင့်မှုများမှ ပိတ်ပင်ထားခြင်း ခံထားရတဲ့ ကိုရီးယား နာမည်ကြီးမင်းသား ၇ ယောက်

သူတို့ကတော့ ဆိုးရွားလွန်းတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကြောင့် အနုပညာအလုပ်တွေကနေ အနားယူခဲ့ကြပြီး၊ တချို့ကတော့ ဒဏ်ကြေးငွေအခွန်နှင့် အခြားအလုပ်အကိုင်တွေကို ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိကြပါတယ်။

၁) မင်းသားကြီး Song Young Chang
၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှာ ဝါရင့်သရုပ်ဆောင် Song Young Chang ကတော့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလိင်ပိုင်းဆိုင်ရာ လဲလှယ်မှုနှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် နှစ်လ ကျခံပြီးသည့်နောက်မှာတော့ မိသားစုနှင့်အတူ ကနေဒါနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုရီးယားကို ပြန်လည်ရောက်ရှိလာပြီး ပြဇာတ်အနည်းအကျင်းမှာ ပြန်လည် လုပ်ကိုင်နေခဲ့ပြီး၊ သူ့ရဲ့ ဖျော်ဖြေရေးလုပ်ငန်းမှာ လိင်ပိုင်းဆိုင်ရာပြုမူခြင်းရဲ့ သူ့ရဲ့ အတိတ်အမည်းစက်ကြောင့် KBS,SBS နှင့် MBC ရုပ်သံလိုင်းတို့မှ ပိတ်ပင်တားမြစ်ခဲ့တာပဲဖြစ်ပါတယ်။

၂) Lee Kyung Young
မင်းသာကြီး lee Kyung-young ကတော့ ၂၀၀၂ ခုနှစ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို အသုံးချပြီး သုံးကြိမ်တိုင်တိုင် သူနှင့် လိင်ဆက်ဆံရန်ကြိုးပမ်းခဲ့ကြောင်း ထင်ရှားသဖြင့် နာရီပေါင်း ၁၆၀ အကြာ အချုပ်ကျခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ KBS နှင့် EBS ရုပ်သံလိုင်းများမှ ပိတ်ပင်ထားခြင်းကို ခံခဲ့ရပါတယ်။ သို့ပေမယ့် ၂၀၁၉ ခုနှစ် MB-2014 နှင့် SBS မှ ပိတ်သိမ်းမှုကို ရုပ်သိမ်းခဲ့ပြီး၊ K-Dramas နှင့် K-Movies တို့မှာ တတ်ကြွစွာ ပြန်လည်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၃) Go Young-wook
၂၀၁၃ ခုနှစ်မှာ Roo’Ra ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် Go Young-wook ကတော့ အသက် (၁၄) နှစ် နှင့် အသက် (၁၉) နှစ်အရွယ်မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခြင်းနှင့် ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ၊ ကျခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ဇူလိုင်၁၀ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။၂၀၁၈ ခုနှစ် ဇွန်လိုင် ၉ ရက်နေ့ထိ သူ့ရဲ့ ခြေကျင်းဝတ်မှာ GPS monitor တပ်ဆင်ပြီး စောင့်ကြည့်ခံခဲ့ရပါတယ်။ထို့ကဲ့သို့ ပြစ်ဒဏ်ကျသွားခဲ့တဲ့ သူ့ကို ကိုရီးယားရုပ်သံလိုင်းများက ပိတ်ပင်ထားခဲ့ပါတယ်။


၎) Um Tae Woong
၂၀၁၆ ခုနှစ်၊ သြဂုတ်လ တွင် သရုပ်ဆောင် Um Tae-woong ကတော့ အမျိုးသမီးဝန်ထမ်းတစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် စွပ်စွဲခံခဲ့ရပြီး၊ ဒေါ်လာ ၁၀၀၀ ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။ ဒီလို စွဲချက်တွေအပြီး ၂၀၁၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ လွတ်လပ်ရေးရုပ်ရှင်ဇာတ်ကားမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး အောင်မြင်မှုမရရှိခဲ့တာကြောင့် အနုပညာအလုပ်ကနေ အနားယူသွားခဲ့ပါတယ်။သူ့ကို KBS, EBS နှင့် MBC ရုပ်သံလိုင်းတွေမှာ အခုချိန်ထိ အနုပညာလုပ်ခွင့်ကို တားမြစ်ခဲ့ပါတယ်။

၅) Jung Joon-young
၂၀၁၁ ခုနှစ် မတ်လတွင် အဆိုတော် Jung Joon-young ကတော့ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှု၊မတရားကျူးကျော်မှုနှင့် တရားမဝင်ရိုက်ကူးခြင်း၊ ညစ်ညမ်းပုံများကို အမျိုးသမီးများ၏ သဘောတူညီချက်မပါပဲ Chatroom တွင် မျှဝေခဲ့ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ခြောက်နှစ်ကျခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် မေလတွင် ထောင်ဒဏ် ငါးနှစ်အထိ လျှော့ချရန် အယူခံဝင်ခဲ့ပါတယ်။ သူ့ကိုတော့ အနုပညာရုပ်သံလိုင်းတွေမှာ ပိတ်ပင်တားပါတယ်။

၆) Choi Jong-hoon
၂၀၁၉ ခုနှစ်တွင် F.T. Island ရဲ့ အဖွဲ့ဝင်ဟောင်း Choi Jong-hoon ကတော့ chatroom မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊တရားမဝင်ထုတ်လုပ်ခြင်းနှင့် ညစ်ညမ်းပုံများဖြန့်ဝေခြင်းတို့ကြောင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် မေတွင် အယူခံဝင်ပြီး တရားရုံးက သူ့၏ ပြစ်ဒဏ်ကို ၂ နှစ်နှင့် ၆ လသို့ ပြန်လည်ချမှတ်ခဲ့ပါတယ်။သူသည်လည်းပဲ Jung Joon-young ကဲ့သို့ ပရိသတ်ရှေ့သို့ မည်သို့မျှပြန်လည်ရောက်ရှိလာတော့မှာမဟုတ်ပါဘူး။

၇) Kang Ji Hwan
၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် မင်းသား Kang Ji-hwan ကတော့ သူ၏အိမ်တွင် မျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကိုတော့ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လကျခဲ့ပြီး ၃ နှစ်စောင့်ကြည့်ဖြင့် ပြစ်ဒဏ်ကျခဲ့ပါတယ်။Kang Ji Hwan ကိုလည်း ရုပ်မြင်သံကြားလိုင်းများအားလုံးမှာ ပိတ်ပင်ထားတာပါ။


Ref;KOREABOO

578 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.