Non-Stop

non.jpg

 

New York ကနေ London မြို့ကိုသွားတဲ့လေကြောင်းခရီးစဉ်တစ်ခုမှာဖြစ်ပါတယ်။

လေယဉ်ပေါ်လိုက်ပါလာတဲ့ လျှို့ဝှက်လေကြောင်းလိုင်းလုံခြုံရေးအရာရှိ Bill Marks တစ်ယောက်ခြိမ်းခြောက်စာတွေကိုရရှိပါတော့တယ်။ အဲဒီ့ခြိမ်းခြောက်စာတွေမှာပါတာကတော့ လျှို့ဝှက် ဘဏ်အကောင့်တစ်ခုထဲကို ဒေါ်လာသန်း ၁၅၀ ထည့်မပေးပါက မိနစ်နှစ်ဆယ်ပြည့်တိုင်း လေယဉ်ပေါ်မှာလိုက်ပါလာသူ ခရီးသည်တစ်ယောက်ကိုသတ်ပစ်မယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ဘဏ်အကောင့်ပိုင်ရှင်နာမည်မှာ Marks ကိုတွေ့ပြီး လေယဉ်ပေါ်မှာလဲဗုံးတစ်လုံးရှာတွေ့ပါတယ်။ Marks ဟာလေယဉ်ပြန်ပေးဆွဲသူတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

Non-Stop ဟာအမေရိကန် အက်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာက Jaume Collet-Serra ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Liam Nesson, Julianne Moore, Michelle Dockery, Anson Mount, Lupita Nyong’o နဲ့ Scott McNairy တို့ဖြစ်ကြပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာထွက်မှာပါ။

Ref:Wikipedia.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.