အမှန်တကယ်မချစ်တဲ့သူဆီမှာ တွယ်ကပ်နေရတဲ့ အကြောင်းအရင်းများ

ကိုယ့်ကို တကယ်မချစ်မှန်းသိရက်နဲ့ ခပ်ဆိုးဆိုး ကောင်မလေး၊ကောင်လေးတွေကိုမှ စွဲစွလမ်းလမ်း ချစ်နေမိတာက ဘာဖြစ်လို့များလဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ တခါတလေမှာ သူဆိုးတာတွေကို သိလျှက်နဲ့ ကိုယ့်ဘက်က အလျှော့ပေး၊အလိုလိုက်အကြိုက်ဆောင်မိတာမျိုးတွေလဲ ရှိကြမှာပါ။ဒါပေမယ့် အချိန်ကြာလာအမျှ နားလည်မှုတွေကနေ ကိုယ့်ကို တကယ်မချစ်ဘူးလို့ သံသယတွေဝင်လူတဲ့အခိုက်အတန့်လေးတွေလဲရှိမှာပါ။ ဘာလို့ ကိုယ့်ကိုတကယ်မချစ်တဲ့သူကိုမှ ချစ်နေမိတာလဲ ဆိုတာကတော့ ဒီအချက် ၄ ချက်နဲ့ ကိုက်ညီနေမယ်လို့လဲ ထင်ပါတယ်။

၁) ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့
ယုံကြည်မှုမရှိသူတွေက ကိုယ့်ချစ်သူ ကိုယ့်အပေါ်မချစ်တာကို မိမိကိုယ်ကိုသာ အပြစ်တင်အားငယ်နေတတ်ကြပါတယ်။ သူမချစ်တာကို မမြင်ပဲ ကိုယ့်ကိုသာ အပြစ်တွေရှာနေတတ်တာက အချစ်ရောဂါလို့ပြောလို့ရသလို ယုံကြည်မှုလျော့နည်းသူတွေရဲ့ စိတ်ရောဂါတစ်မျိုးလို့လဲ ပြောလို့ ရပါတယ်။ အဲ့ဒါကြောင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထားပြီး ကိုယ့်ကို တကယ်ချစ်နိုင်တဲ့ သူကိုသာ ရွေးချယ်လိုက်ပါ။

၂) သူ့ကို ပြောင်းလဲပစ်နိုင်တယ်လို့ ယုံကြည်နေမိလို့
ကိုယ့်နဲ့ မတွေ့ခင်အချိန်ထိ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ၊ ငါ့ချစ်သူဖြစ်လာရင် ငါပြောင်းလဲပစ်နိုင်ပါတယ်ဆိုတဲ့ အတ္တကြောင့် တွယ်ကပ်နေမိတာမျိုးတွေလဲ ရှိကြမှာပါ။ ကိုယ့်ကို တကယ်ချစ်ရင် သူလဲပြောင်းလဲလာမှာပါဆိုတဲ့ စိတ်နဲ့ အချစ်ကို ရရှိဖို့ ခေါင်းမာမာနဲ့ စောင့်ဆိုင်းနေတတ်ပါတယ်။ ကိုယ့်ကို တကယ် ချစ်ရင် ခဏလေးအတွင်းမှာတောင် သူ့ကိုယ်သူ ပြောင်းလဲပစ်မှာပါ။ ဒါကြောင့် ကိုယ့်ကို တကယ်မချစ်ဘူးလို့ သံသယဝင်လိုက်တာနဲ့ ငါသူ့ကို ပြောင်းလဲပစ်နိုင်မှာပါ ဆိုတဲ့ စိတ်ကို ဖျောက်ပစ်လိုက်ပါ။

၃) အထီးကျန်မှာကြောက်လို့
လူတစ်ချို့ ဘဝမှာ အထီးကျန်မှာအတော်လေးကို ကြောက်ကြပါတယ်။ အချစ်စစ်မဟုတ်ရင်တောင် အဖော်ရတယ်၊ အထီးမကျန်တော့ဘူးပေါ့ ဆိုတဲ့ စိတ်လေးနဲ့ မချစ်မှန်းသိရက်နဲ့ ဆက်တွဲနေမိတတ်ကြပါတယ်။အဲ့ဒါကြောင့် ရည်းစားမရှိရင် အထီးကျန်တယ်ဆိုတဲ့ အတွေးကို မတွေးသင့်ပါဘူး။ ကိုယ့်ကိုတကယ်မချစ်တဲ့သူဆီမှာ တွယ်ကပ်နေမယ့်အစား မိတ်ဆွေ၊သူငယ်ချင်း၊ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ဘဝကို ဖြတ်သန်းပါ။ ကိုယ့်ကို တကယ်မချစ်တဲ့သူနဲ့ အတူရှိနေခြင်းက တစ်ယောက်ထဲရှိနေတာထက် ပိုပြီး အထီးကျန်ဆန်လွန်းပါတယ်။

၎) အချိန်ကုန်မခံပါနဲ့
သူငယ်ချင်းတွေ၊ အပေါင်းအသင်းနဲ့ လူအများရှေ့မှာ အချစ်ကြီးတဲ့သူ၊ အသဲကွဲသူအဖြစ်နဲ့ အိုက်တင်အပြည့် ဖီးလ်ပြရတာကို ဝါသနာပါသူတွေကလည်း ကိုယ့်ကို မချစ်မှန်းသိရက်နဲ့ အနိုင်ကျင့်ခံ၊ အသဲကွဲခံနေရတာက ရှိပါသေးတယ်။ ဒီလိုအကြောင်းအရာတွေကြောင့်နဲ့တော့ အချိန်ကုန်မခံပါနဲ့။ ဒီလိုတွေလုပ်နေမယ့်အစား တဖက်မှာ ကိုယ့်ကို တကယ်ချစ်နေတဲ့သူရှိတဲ့အခါ သူ့ကိုသာ နေရာပေးလိုက်ပါ။အချိန်ကုန်မခံပါနဲ့။


Ref;RELATIONSHIP GOALS

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.