ရည္းစားစကားမေျပာခင္မွာ…

ကိုယ္ခ်စ္တဲ့ေကာင္မေလးကို ရည္းစားစကား စမေျပာခင္မွာ ဘာလုပ္သင့္တယ္ဆိုတာေလး ေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ အခ်စ္ေရးမွာ အဆင္ေျပၾကပါေစ။

၁။ သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ ခင္ေအာင္ႀကိဳးစားပါ
မင္းသူမကို စိတ္ဝင္စားေနၿပီဆိုတာနဲ႔ သူနဲ႔ ပတ္သက္တဲ့ အခင္ဆုံး သူငယ္ခ်င္းေတြနဲ႔
ခင္မင္ေအာင္ႀကိဳးစားပါ။ ဘာလို႔လဲဆိုေတာ့ ေကာင္မေလးေတာ္ေတာ္ မ်ားမ်ား(၇၀%)
ေလာက္ဟာ ရည္းစားေ႐ြးၿပီဆိုရင္ အခင္ဆုံးသူငယ္ခ်င္းေတြကို တိုင္ပင္တတ္ၾကလို႔ပါ။

၂။ သူမင္းကို ယုံၾကည္လာေအာင္ႀကိဳးစားပါ
ယုံၾကည္လာေအာင္ႀကိဳးစားပါလို႔ ေျပာတဲ့ေနရာမွာလည္း လိမ္လည္လွည့္ျဖားတာမ်ိဳး မဟုတ္ဖို႔ ေတာ့ လိုအပ္ပါမယ္။ ဘာလို႔လဲဆိုေတာ့ မိန္းကေလးေတြဟာ ေယာက်ၤားေလးေတြရဲ႕႐ုပ္ရည္ထက္၊ သူရဲ႕အျပဳအမူ၊ အလုပ္အကိုင္၊ အဆင့္အတန္းေတြ သူမရဲ႕ယုံၾကည္မႈမွာထည့္ေတြးတက္ၾကလို႔ပါ။ ဒီအျပဳအမူ အဆင့္အတန္းေတြကို လိမ္ညာထားရင္ေတာ့အျဖစ္မွန္ေပၚတဲ့ တစ္ေန႔မင္းကိုဂြမ္းသြားမွာေသခ်ာပါတယ္။ဒါေၾကာင့္မင္းကိုယ္တိုင္မွန္ကန္တဲ့ယုံၾကည္မႈေပးႏိုင္ေအာင္ႀကိဳးစားပါ။

၃။ သူမနဲ႔ေတြ႕ရင္ၾကင္နာျပပါ
သူမနဲ႔ေတြ႕ရင္ၾကင္နာျပပါဆိုတာကလည္း အရမ္းအိုဗာ ျဖစ္ဖို႔ေတာ့မလိုပါဘူး။ ေတာ္သင့္႐ုံေပါ့။
ဥပမာ- သူမရဲ႕ထီးကိုကိုင္ေပးတာမ်ိဳး၊ သူမစားမဲ့မုန႔္ကိုယူ ေပးတာမ်ိဳး၊
သူမေသာက္မဲ့ ေရဘူးကို ေဖာက္ေပးတာမ်ိဳးေပါ့။ ဒီလိုလုပ္ေပးတဲ့ေနရာ မွာလဲ
မင္းရဲ႕မ်က္လုံးမွာၾကင္နာရိပ္ေလးေတာ့ သန္းေနသင့္တာေပါ့ေနာ။

၄။ သူ႔ဘက္ကဘယ္လို သေဘာထားလဲေလ့လာပါ
တကယ္ေတာ့ ေကာင္ေလးေတာ္ေတာ္မ်ားမ်ားဟာ ရည္းစားစကားမေျပာခင္မွာ ေကာင္မေလးကကိုယ့္ကိုဘယ္လို သေဘာထားလဲဆိုတာ နားလည္တယ္လို႔ေတာ့
ထင္ပါတယ္။ ေအာက္ကအခ်က္ေလးေတြ သူမမွာေတြ႕ေနရင္ေတာ့ ေသခ်ာပါတယ္။ သူမမင္းကိုျပန္ခ်စ္မယ္လို႔ (55%) ယူဆႏိုင္ပါတယ္။
– တစ္ေနရာရာသြားမယ္ဆိုတိုင္း မင္းကိုေခၚေနပီဆိုရင္
– မင္းအေၾကာင္းေတြကို သူ႔မသူငယ္ခ်င္းေတြဆီမွာ ေမးေနရင္
– မင္းစိတ္မေကာင္းျဖစ္ေနတိုင္း သူမမ်က္ႏွာမေကာင္းဘူးဆိုရင္
– မင္းေပ်ာ္ေနတဲ့ အခါသူမမ်က္ႏွာ ၿပဳံးေနရင္
– “နင္ဒီအက်ီနၤဲ့ မလိုက္ဖူး” စသည္ျဖင့္ မင္းရဲ႕ဝတ္စားဆင္ယင္မႈေတြမွာ စြက္ဖက္လာပီဆိုရင္
– မင္းေငြေတြ အပိုသုံးေနတာေတြကို သူမ မႀကိဳက္ေၾကာင္းေျပာလာၿပီဆိုရင္
– မင္းတိုးတက္ဖို႔ သူမဂ႐ုတစိုက္နဲ႔ လမ္းၫႊန္မႈေတြ လုပ္လာပီဆိုရင္
စသည္ျဖင့္ ေပါ့။
မင္းကိုဂ႐ုစိုက္လာခဲ့ရင္ေတာ့ သူမက မင္းကိုျပန္ခ်စ္ဖို႔ ေသခ်ာသေလာက္ရွိ ေနၿပီလို႔
ထင္ပါတယ္။

ဒါဆိုရင္ေတာ့ မင္းသူမကို ရည္းစားစကားစေျပာႏိုင္ပါၿပီ။

[ Unicode ]

ကိုယ်ချစ်တဲ့ကောင်မလေးကို ရည်းစားစကား စမပြောခင်မှာ ဘာလုပ်သင့်တယ်ဆိုတာလေး တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ အချစ်ရေးမှာ အဆင်ပြေကြပါစေ။

၁။ သူမရဲ့သူငယ်ချင်းတွေနဲ့ ခင်အောင်ကြိုးစားပါ
မင်းသူမကို စိတ်ဝင်စားနေပြီဆိုတာနဲ့ သူနဲ့ ပတ်သက်တဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့
ခင်မင်အောင်ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကောင်မလေးတော်တော် များများ(၇၀%)
လောက်ဟာ ရည်းစားရွေးပြီဆိုရင် အခင်ဆုံးသူငယ်ချင်းတွေကို တိုင်ပင်တတ်ကြလို့ပါ။

၂။ သူမင်းကို ယုံကြည်လာအောင်ကြိုးစားပါ
ယုံကြည်လာအောင်ကြိုးစားပါလို့ ပြောတဲ့နေရာမှာလည်း လိမ်လည်လှည့်ဖြားတာမျိုး မဟုတ်ဖို့ တော့ လိုအပ်ပါမယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေရဲ့ရုပ်ရည်ထက်၊ သူရဲ့အပြုအမူ၊ အလုပ်အကိုင်၊ အဆင့်အတန်းတွေ သူမရဲ့ယုံကြည်မှုမှာထည့်တွေးတက်ကြလို့ပါ။ ဒီအပြုအမူ အဆင့်အတန်းတွေကို လိမ်ညာထားရင်တော့အဖြစ်မှန်ပေါ်တဲ့ တစ်နေ့မင်းကိုဂွမ်းသွားမှာသေချာပါတယ်။ဒါကြောင့်မင်းကိုယ်တိုင်မှန်ကန်တဲ့ယုံကြည်မှုပေးနိုင်အောင်ကြိုးစားပါ။

၃။ သူမနဲ့တွေ့ရင်ကြင်နာပြပါ
သူမနဲ့တွေ့ရင်ကြင်နာပြပါဆိုတာကလည်း အရမ်းအိုဗာ ဖြစ်ဖို့တော့မလိုပါဘူး။ တော်သင့်ရုံပေါ့။
ဥပမာ- သူမရဲ့ထီးကိုကိုင်ပေးတာမျိုး၊ သူမစားမဲ့မုန့်ကိုယူ ပေးတာမျိုး၊
သူမသောက်မဲ့ ရေဘူးကို ဖောက်ပေးတာမျိုးပေါ့။ ဒီလိုလုပ်ပေးတဲ့နေရာ မှာလဲ
မင်းရဲ့မျက်လုံးမှာကြင်နာရိပ်လေးတော့ သန်းနေသင့်တာပေါ့နော။

၄။ သူ့ဘက်ကဘယ်လို သဘောထားလဲလေ့လာပါ
တကယ်တော့ ကောင်လေးတော်တော်များများဟာ ရည်းစားစကားမပြောခင်မှာ ကောင်မလေးကကိုယ့်ကိုဘယ်လို သဘောထားလဲဆိုတာ နားလည်တယ်လို့တော့
ထင်ပါတယ်။ အောက်ကအချက်လေးတွေ သူမမှာတွေ့နေရင်တော့ သေချာပါတယ်။ သူမမင်းကိုပြန်ချစ်မယ်လို့ (55%) ယူဆနိုင်ပါတယ်။
– တစ်နေရာရာသွားမယ်ဆိုတိုင်း မင်းကိုခေါ်နေပီဆိုရင်
– မင်းအကြောင်းတွေကို သူ့မသူငယ်ချင်းတွေဆီမှာ မေးနေရင်
– မင်းစိတ်မကောင်းဖြစ်နေတိုင်း သူမမျက်နှာမကောင်းဘူးဆိုရင်
– မင်းပျော်နေတဲ့ အခါသူမမျက်နှာ ပြုံးနေရင်
– “နင်ဒီအကျီင်္နဲ့ မလိုက်ဖူး” စသည်ဖြင့် မင်းရဲ့ဝတ်စားဆင်ယင်မှုတွေမှာ စွက်ဖက်လာပီဆိုရင်
– မင်းငွေတွေ အပိုသုံးနေတာတွေကို သူမ မကြိုက်ကြောင်းပြောလာပြီဆိုရင်
– မင်းတိုးတက်ဖို့ သူမဂရုတစိုက်နဲ့ လမ်းညွှန်မှုတွေ လုပ်လာပီဆိုရင်
စသည်ဖြင့် ပေါ့။
မင်းကိုဂရုစိုက်လာခဲ့ရင်တော့ သူမက မင်းကိုပြန်ချစ်ဖို့ သေချာသလောက်ရှိ နေပြီလို့
ထင်ပါတယ်။

ဒါဆိုရင်တော့ မင်းသူမကို ရည်းစားစကားစပြောနိုင်ပါပြီ။

Ref; rsgoals

 

679 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.