မိန္းကေလးေတြရဲ႕ သေဘာထားေတြ…

၁။ ငါငိုရင္ နင္မွားတယ္၊ မမွားတယ္ဆိုတာကို ထားလိုက္။ ေယာက်ၤားေလးပီပီ အရင္လာေခ်ာ့ပါ။
၂။ ေကာင္ေလးေခ်ာတာေလးေတြေတြ႕ရင္ ငါတို႔လည္း ၾကည့္ခ်င္တာေပါ့။
၃။ ငါမင္းကို ရစ္ေနတယ္ ရႈပ္ေနတယ္ ဆိုတာကလည္း မင္းကို ဂ႐ုပိုစိုက္ေစခ်င္လို႔ပါ။
၄။ မင္းခ်မ္းသာဖို႔မလိုပါဘူး ဒါေပမဲ့ ခ်မ္းသာတဲ့သူ ျဖစ္ရမယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္ရွိရင္ လုံေလာက္ပါၿပီ။
၅။ တခါတေလ အျပင္သြားရင္ သပ္သပ္ရပ္ရပ္ေလးေတာ့ ဝတ္လာမွေပါ့။
၆။ ငါကလည္း အေခ်ာဆုံး အလွဆုံးမဟုတ္ပါဘူး။ ဒါေပမဲ့ ငါ့ကို လွတယ္ ခ်စ္ဖို႔ေကာင္းတယ္ ႏူးညံ့သိမ္ေမြ႕တယ္လို႔ ေျပာတာေတာ့ ၾကားခ်င္တာေပါ့။
၇။ အသိအမွတ္ျဖစ္တဲ့ရက္ ေမြးေန႔ေတြကို မင္းသိရမယ္။
၈။ ငါရဲ႕ကိစၥေတြအားလုံးကို မင္းကို ေဝမွ်ခ်င္တယ္။ ငါဘာကို လိမ္းထားတာ အလွျပင္တဲ့အေၾကာင္းေျပာရင္ နားမလည္ေနရင္ေတာင္ နားေထာင္ေစခ်င္ပါတယ္။

၉။ တခါတေလ အိပ္ခါနီး ဖုန္းေလး တခ်က္ေလာက္ဆက္ပါလား။ ဖုန္းေျပာၿပီးမွ မင္းအိပ္သြားတာကလည္း ငါတို႔ ၾကည္ႏူးစရာပါ။
၁၀။ ငါလည္း ေဒါသထြက္တက္တာေပါ့။ အဲလိုဆိုရင္ တလမွာ ၃ရက္ေလာက္ေတာ့ ခြင့္လႊတ္ပါ။
၁၁။ တခ်ိဳ႕ေတြကို ငါလည္းလုပ္တတ္ပါတယ္။ ဒါေပမဲ့ မင္းလုပ္ေပးတာကို လိုခ်င္လို႔ပါ။
၁၂။ မင္းဘယ္ေနရာမွာ ဘယ္သူနဲ႔ ဆိုတာေတြကို ဖုန္းဆက္ၿပီးေျပာျပပါ။ မင္းရဲ႕ အရိပ္လိုသိေနခ်င္ပါတယ္။ တဆင့္စကားကေနၾကားရင္ မိန္းကေလးဆိုတဲ့အတိုင္း အားငယ္တယ္၊ စိတ္ဆိုးတတ္တယ္၊ ၿပီးရင္ ဝမ္းနည္းေနမယ္။
၁၃။ ငါဖုန္းကို ဒီတိုင္းခ်လိုက္ရင္ မင္းခ်က္ခ်င္းဖုန္းျပန္ဆက္ပါ။
၁၄။ မင္းမွာ ဆိုးတဲ့အေပါင္းအေဖာ္ေတြရွိရင္ ငါ မေပါင္းေစခ်င္ပါဘူး။ သူတို႔လို မင္းဆိုးမွာစိုးလို႔ပါ။
၁၅။ ငါထမင္းဟင္းေတြခ်က္ေကြၽးရင္ စားပဲမစားနဲ႔ … ေကာင္းတယ္ေတာ့ တခြန္းေလာက္ေျပာမွေပါ့။
၁၆။ ငါထမင္းခ်က္ၿပီးရင္ ပန္းကန္ေဆးဖို႔ျပင္ထားပါ။ ငါတံျမက္စည္းလွည္းၿပီးရင္ ၾကမ္းတိုက္ဖို႔ျပင္ထားပါ။
၁၇။ မင္းအလုပ္ႀကိဳးစားတာကို ငါသေဘာက်တယ္။ ဒါေပမဲ့လဲ ငါ့ကိုေတာ့ အေဖာ္ျပဳဦးေပါ့။
၁၈။ ငါက ဘယ္ကို သြားမလဲလို႔ေမးရင္ ႀကိဳက္တဲ့ေနရာသြားလို႔မေျပာပါနဲ႔။ အဲဒါက အလိုလိုက္တာမဟုတ္ဘူး။ ငါနဲ႔ ခ်ိန္းေတြ႕တာ စိတ္မပါသလို ငါခံစားရလို႔ပါ။
၁၉။ ငါကသာ ပိန္ေအာင္အစားေလ်ာ့မယ္လို႔ေျပာရင္ ငါလုံးဝမ၀ဘူး အစားမေလ်ာ့နဲ႔ မင္းေလးကိုခ်စ္ေနမွာပါပဲ ဆိုတဲ့ စကားကို ၾကားခ်င္လို႔ပါ။
၂၀။ ငါ့မွာ ေယာက်ၤားေလးသူငယ္ခ်င္းေတာ့ ရွိသင့္တာေပါ့။ မိန္းကေလးေတြက အခ်စ္နဲ႔ ခင္မင္မႈကို စည္းနဲ႔မဟုတ္ပါဘူး။ တံတိုင္းနဲ႔ကို ျခားထားတာပါ။
၂၁။ ငါလည္း ရည္းစားေဟာင္း၊ အခ်စ္ဦး၊ ႀကိဳက္ခဲ့တဲ့ မင္းသား ကိုေတာ့ တခါတေလသတိရမိတာေပါ့။ ကေလးတုန္းကမို႔ သတိရၿပီး သေဘာက်မိတာပါ။ ခု၊ ေနာင္ ခ်စ္သြားမွာက မင္းကို ေလ။
၂၂။ ငါတို႔တြဲတာၾကာၿပီဆိုေပမဲ့ မထင္မွတ္တဲ့ surprise ေလးေတာ့ မင္းဆီကလိုခ်င္တာပါပဲ။
၂၃။ င့ါကို ခ်စ္တယ္လို႔ ေျပာပါ။ မေျပာရင္ မခ်စ္ေတာ့ဘူးလားဆိုၿပီး ေတြးေနတတ္လို႔ပါ။
၂၄။ လူေတြရဲ႕အေရွ႕မွာ မင္းငါ့ကို မေအာ္ပါနဲ႔။ ငါလဲမင္းကို ေလးစားမွာပါ။
၂၅။ သူငယ္ခ်င္းေတြနဲ႔ သြားပါ။ လည္ပါ။ တခါတခါေတာ့ ငါလဲ လိုက္ခ်င္တာေပါ့။ မင္းရဲ႕သူငယ္ခ်င္းေတြက ငါကမင္းရဲ႕ ခ်စ္သူပါဆိုတာကို သိေစခ်င္တယ္ေလ။
၂၆။ ဒီသီခ်င္းအရမ္းေကာင္းတယ္လို႔ေျပာတဲ့အခ်ိန္မွာ စာသားေလးကို သတိထားၿပီး နားေထာင္ေပးပါ။ သီခ်င္းစာသားထဲမွာ ငါေျပာခ်င္တဲ့ စကားေလးရွိေနလို႔ပါ။

[ Unicode ]

၁။ ငါငိုရင် နင်မှားတယ်၊ မမှားတယ်ဆိုတာကို ထားလိုက်။ ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။
၂။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လည်း ကြည့်ချင်တာပေါ့။
၃။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလည်း မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
၄။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၅။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်လာမှပေါ့။
၆။ ငါကလည်း အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။
၇။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။
၈။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။

၉။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ မင်းအိပ်သွားတာကလည်း ငါတို့ ကြည်နူးစရာပါ။
၁၀။ ငါလည်း ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွှတ်ပါ။
၁၁။ တချို့တွေကို ငါလည်းလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။
၁၂။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ။ မင်းရဲ့ အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်း အားငယ်တယ်၊ စိတ်ဆိုးတတ်တယ်၊ ပြီးရင် ဝမ်းနည်းနေမယ်။
၁၃။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ။
၁၄။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
၁၅။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ … ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။
၁၆။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။
၁၇။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုဦးပေါ့။
၁၈။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါက အလိုလိုက်တာမဟုတ်ဘူး။ ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။
၁၉။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမ၀ဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။
၂၀။ ငါ့မှာ ယောင်္ကျားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။
၂၁။ ငါလည်း ရည်းစားဟောင်း၊ အချစ်ဦး၊ ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင် ချစ်သွားမှာက မင်းကို လေ။
၂၂။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။
၂၃။ င့ါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။
၂၄။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။
၂၅။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။ မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။
၂၆။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပေးပါ။ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။

Ref; rsgoals

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.