ဖက္ထုပ္ၾကည္ၾကည္အိအိ ျပဳလုပ္နည္း

ေမႊးေနတဲ့ ဆီခ်က္န႔ံေလးရယ္၊ ႏူးည့ံခ်ိဳေမႊးေနတဲ့ အစာေတြကို ျမင္ရတဲ့ ဖက္ထုပ္ခြံၾကည္ၾကည္ေလးရယ္ကို ေပါင္းစပ္ခံစားႏုိင္ဖုိ႔ ဖက္ထုပ္အၾကည္ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား( ၃၀ ခုစာ)
၁။ Tapioca Flour ပီေလာပီနံမႈန္႔ ၃၀၀ ဂရမ္
၂။ ဆား၁ဇြန္း( စားပြဲတင္)

ဌာပနာအတြက္
– ေရေႏြးဆူဆူ ( အၾကမ္းပန္းကန္လုံး၁လုံးစာ)
-ဝက္ေခါက္သား ၅၀ ဂရမ္(အတုံးေလးမ်ားလီွးထား)
-ပုဇြန္က်ား ၅ေကာင္( အခြံခြၽတ္လီွးထား)
-ငရုတ္သီးမႈန္႕၂ဇြန္း(အခ်ိဳဇြန္း)
-ၾကက္သားမႈန္႕ဇြန္းဝက္(အခ်ိဳဇြန္း)
-ၾကက္သြန္ျဖဴ၂မႊာေထာင္းျပီးသား
-ဂ်င္းေထာင္းျပီးသားလက္တစစ္
ပထမဆုံး ဒယ္ပူထဲ ဆီနဲနဲထဲ႔ျပီး ဂ်င္း၊ၾကက္သြန္ျဖဴ ေရာေမႊပါ။ ျပီးရင္ဝက္သားထဲ႔ေၾကာ္ပါ၊ ငရုတ္သီးမႈန္႕ေရာပါ။အသားႏူးလာေအာင္ ေရအနဲငယ္နဲ႔ အဖုံးအုပ္ထားပါ။ ဝက္ေခါက္ႏူးရင္ ပုဇြန္ထဲ႔ပါ။ ၾကက္သားမႈႈန္႕ထဲ႔ပါ။ အသား ရပါျပီ။

ဖက္ထုပ္ဂ်ံဳလုပ္ရေအာင္
Tapioca Flour ကို ေရေႏြဆူဆူထဲ႕ျပီး ဇြန္းျဖင့္ေမႊေပးပါ။ ေရေႏြးပူတာေရာထားေတာ့ အပူသက္သားေအာင္ဇြန္းနဲ႔ၾကာၾကာေမႊေပးပါ။ သစ္သားေယာင္းမဆိုရင္ ေမႊရတာပိုေကာင္းပါတယ္။ အပူနဲနဲေရာ့သြားရင္ လက္နဲ႔နယ္ေပးရပါမယ္။ ေပ်ာ႔ျပီးေနရပါမယ္ေနာ္။ ဆြဲလိုက္ရင္ပါလာတာမ်ိဳးပါ။
၁၀ မိနစ္ခန္႕နယ္ျပီးရင္ ဂ်ုံးလုံးေလးမ်ား ၁၀ ဂရမ္ခန္႕အလုံးေလးမ်ားယူျပီး လက္မ ႏွစ္ဖက္ျဖင့္လိုက္ျပားေပးပါ။ အခ်င္း၂လက္မ ပတ္လယ္ရွိတဲ႔အျပားေလးရပါမယ္ (အတိအက်ျဖစ္ရန္မလို) အဲဒီ ေပၚမွာ ခ်က္ျပီးသား အသား( သို႔ ) ပုဇြန္ တတုံးစီထုတ္ျပီး ကြတ္ကီးျဖတ္တဲ႔အဝိုင္းေလး ဒါမွမဟုတ္ မုန္႔ဗူးအဝိုင္းေလးနဲ႔ ျဖတ္ရင္ပုံေဖာ္ျပီးသားျဖစ္ပါမယ္ေနာ္။
ေရေႏြးဆူဆူ အိုးတည္ထားပါ။ ေရခဲေရ၂လီတာတခြက္ ထားထားပါ။
ဖတ္ထုတ္မ်ားေရေႏြးတြင္ျပဳတ္ျပီး ေရေပၚေပၚလာရင္ဆယ္ကာ ေရခဲေရထဲ ထဲ႔ေပးပါ။ အဲဒီအခါမွ ဖတ္ထုတ္ၾကည္လာပါမယ္။
ဖတ္ထုတ္ေလးမ်ားရျပီဆိုရင္ ဒယ္ေပၚဆီပူထဲ႔ ၾကက္သြန္ျမိတ္မ်ား၊ ငရုတ္နီမ်ားဆီသတ္ျပီးမီးပိတ္ကာ ဖတ္ထုတ္အၾကည္ေလးမ်ားေရာေမႊလိုက္ရင္ရပါျပီ။

တြဲစားရန္အခ်ဥ္
-ၾကက္သြန္ျဖဴ၃စိတ္ (စိတ္စိတ္လီွးထား)
-ငရုတ္နီ ၁ေတာင္႔ (စိတ္စိတ္လီွးထား)
-ငံျပာေရ၂ဇြန္း(စားပြဲတင္)
-သံပုရာရည္၂ဇြန္း(စားပြဲတင္)
-သၾကား၁ဇြန္း(စားပြဲတင္)
-ေရ ၂ဇြန္း(စားပြဲတင္)
အထက္ပါမ်ားေရာလိုက္ရင္အခ်ဥ္ရည္ရပါျပီ။

ခုဆိုရင္ေတာ့ တမူထူးတဲ့ ဖက္ထုပ္အၾကည္ေရာင္ေလးကို အရသာရွိရွိသံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

မွှေးနေတဲ့ ဆီချက်နံ့လေးရယ်၊ နူးညံ့ချိုမွှေးနေတဲ့ အစာတွေကို မြင်ရတဲ့ ဖက်ထုပ်ခွံကြည်ကြည်လေးရယ်ကို ပေါင်းစပ်ခံစားနိုင်ဖို့ ဖက်ထုပ်အကြည်ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ( ၃၀ ခုစာ)
၁။ Tapioca Flour ပီလောပီနံမှုန့် ၃၀၀ ဂရမ်
၂။ ဆား၁ဇွန်း( စားပွဲတင်)

ဌာပနာအတွက်
– ရေနွေးဆူဆူ ( အကြမ်းပန်းကန်လုံး၁လုံးစာ)
-ဝက်ခေါက်သား ၅၀ ဂရမ်(အတုံးလေးများလှီးထား)
-ပုဇွန်ကျား ၅ကောင်( အခွံချွတ်လှီးထား)
-ငရုတ်သီးမှုန့်၂ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်ဇွန်းဝက်(အချိုဇွန်း)
-ကြက်သွန်ဖြူ၂မွှာထောင်းပြီးသား
-ဂျင်းထောင်းပြီးသားလက်တစစ်
ပထမဆုံး ဒယ်ပူထဲ ဆီနဲနဲထဲ့ပြီး ဂျင်း၊ကြက်သွန်ဖြူ ရောမွှေပါ။ ပြီးရင်ဝက်သားထဲ့ကြော်ပါ၊ ငရုတ်သီးမှုန့်ရောပါ။အသားနူးလာအောင် ရေအနဲငယ်နဲ့ အဖုံးအုပ်ထားပါ။ ဝက်ခေါက်နူးရင် ပုဇွန်ထဲ့ပါ။ ကြက်သားမှုှုန့်ထဲ့ပါ။ အသား ရပါပြီ။

ဖက်ထုပ်ဂျုံလုပ်ရအောင်
Tapioca Flour ကို ရေနွေဆူဆူထဲ့ပြီး ဇွန်းဖြင့်မွှေပေးပါ။ ရေနွေးပူတာရောထားတော့ အပူသက်သားအောင်ဇွန်းနဲ့ကြာကြာမွှေပေးပါ။ သစ်သားယောင်းမဆိုရင် မွှေရတာပိုကောင်းပါတယ်။ အပူနဲနဲရော့သွားရင် လက်နဲ့နယ်ပေးရပါမယ်။ ပျော့ပြီးနေရပါမယ်နော်။ ဆွဲလိုက်ရင်ပါလာတာမျိုးပါ။
၁၀ မိနစ်ခန့်နယ်ပြီးရင် ဂျုံးလုံးလေးများ ၁၀ ဂရမ်ခန့်အလုံးလေးများယူပြီး လက်မ နှစ်ဖက်ဖြင့်လိုက်ပြားပေးပါ။ အချင်း၂လက်မ ပတ်လယ်ရှိတဲ့အပြားလေးရပါမယ် (အတိအကျဖြစ်ရန်မလို) အဲဒီ ပေါ်မှာ ချက်ပြီးသား အသား( သို့ ) ပုဇွန် တတုံးစီထုတ်ပြီး ကွတ်ကီးဖြတ်တဲ့အဝိုင်းလေးနဲ့ ဖြတ်ရင်ပုံဖော်ပြီးသားဖြစ်ပါမယ်နော်။
ရေနွေးဆူဆူ အိုးတည်ထားပါ။ ရေခဲရေ၂လီတာတခွက် ထားထားပါ။
ဖတ်ထုတ်များရေနွေးတွင်ပြုတ်ပြီး ရေပေါ်ပေါ်လာရင်ဆယ်ကာ ရေခဲရေထဲ ထဲ့ပေးပါ။ အဲဒီအခါမှ ဖတ်ထုတ်ကြည်လာပါမယ်။
ဖတ်ထုတ်လေးများရပြီဆိုရင် ဒယ်ပေါ်ဆီပူထဲ့ ကြက်သွန်မြိတ်များ၊ ငရုတ်နီများဆီသတ်ပြီးမီးပိတ်ကာ ဖတ်ထုတ်အကြည်လေးများရောမွှေလိုက်ရင်ရပါပြီ။

တွဲစားရန်အချဉ်
-ကြက်သွန်ဖြူ၃စိတ် (စိတ်စိတ်လှီးထား)
-ငရုတ်နီ ၁တောင့် (စိတ်စိတ်လှီးထား)
-ငံပြာရေ၂ဇွန်း(စားပွဲတင်)
-သံပုရာရည်၂ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(စားပွဲတင်)
-ရေ ၂ဇွန်း(စားပွဲတင်)
အထက်ပါများရောလိုက်ရင်အချဉ်ရည်ရပါပြီ။

ခုဆိုရင်တော့ တမူထူးတဲ့ ဖက်ထုပ်အကြည်ရောင်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.