လှပတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်ဖို့ ဒီနည်းလမ်းတွေကို ရှောင်ကြ၊ဆောင်ကြပါစို့

ပုံမှန်အားဖြင့်တော့ အမျိုးသမီး အများစုက လက်သည်းခြေသည်းအရှည်ထားတဲ့သူတွေပါ။ဒါဆိုရင် ကိုယ်အမြတ်တနိုးထားရတဲ့ လက်သည်းလေးတွေကို ဂရုစိုကနိုင်ဖို့အတွက် ဘာတွေကို ရှောင်သင့်သလဲဆိုတာ ပြောပြလိုက်ပါတယ်။


၁) လက်သည်းတွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
လက်သည်းအောက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်မှုကို ကာကွယ်ပါ။ ရေတွေနဲ့ စိုစွတ်နေတာကလည်း လက်သည်းတွေကို ဖွာစေနိုင်ပါတယ်။ဒါကြောင့် လက်သည်းတွေကို အမြဲခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

၂) လက်သည်းသန့်ရှင်းရေးဂရုစိုက်ပါ။
လက်သည်းတွေကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းခြေသည်းတွေကို ပုံမှန် တိပေးပါ။

၃) အစိုဓာတ်ထိန်းပါ။
လက်သည်း၊ခြေသည်းတွေကောင်းမွန်စေဖို့အတွက် အစိုဓာတ်ထိန်းပေးဖို့လိုအပ်ပါတယ်။ဒါ့ကြောင့် အုန်းဆီ၊သံလွင်ဆီ စတဲ့အဆီတစ်မျိုးမျိုးကို လိမ်းပေးခြင်းဖြင့် အစိုဓာတ်ထိန်းသိမ်းနိုင်ပါတယ်။

၎) လက်သည်းနီကို သတိထားဆိုးပါ။
ပုံမှန်အားဖြင့်တော့ လက်သည်းလေးတွေရှည်လာပြီဆိုရင် လက်သည်းနီဆိုးတတ်ကြတဲ့အကျင့်က မိန်းကလေးတိုင်းနီးပါးမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အသားအရေကိုဂရုစိုက်ထိန်းသိမ်းသလို လက်သည်း၊ခြေသည်းတွေကိုလဲ သူတို့နဲ့ကိုက်ညီမယ့် ဆိုးဆေးလေးတွေကိုသာ အသုံးပြုပေးသင့်ပါတယ်။

ရှောင်သင့်သည်များ
၁) လက်သည်းမကိုက်ပါနဲ့။
၂) လက်သည်းအတွင်းထဲထိ နှိုက်ပြီး မညှပ်ပါနှင့်။
၃) လက်သည်းတွေကိုဆွဲမခွာပါနဲ့။
၎) စိတ်ဖိစီးမှုကို သိမ်းမထားပါနဲ့။
စိတ်ဖိစီးမှုကြောင့် လက်သည်းမှာ အစင်းကြောင်းတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် လက်သည်း၊ခြေသည်းအရှည်ထားတဲ့ ပျိုမေတွေလည်း အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ပေးရုံသာမက လက်သည်း၊ခြေသည်း လေးတွေကိုကျန်းမာအောင် ဂရုစိုက်ပြုပြင်ပြီး ကျန်းမာလှပတဲ့ အလှအပကို ပိုင်ဆိုင်ကြပါစေနော်။

152 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.