မဟော်ဂနီ ထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသားတစ်ဦးဖြစ်တဲ့ အလင်းရောင်က ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ်၊ အချစ်ဆိုတာ သူ့အတွက် ဘာဆိုတာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ‘အခုလတ်တလောက ကျွန်တော်အမ်တီဗီတွေ ရိုက်ထားတယ။် ကြော်ငြာတွေ ရိုက်ထားတယ်။ လာမဲ့ချစ်သူများနေ့ကိုအလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်မယ်။ လူငယ်ဖြတ်သန်းမှုအနေနဲ့ ဆိုရင် ရည်းစားနဲ့တွေ့မယ။် ညကျရင် သူငယ်ချင်းတွေနဲ့ဘီယာသောက်မယ။် ချစ်သူကိုတော့ ထုံးစံအတိုင်း ချောကလက်နဲ့နာရီပေးဖို့စီစဉ်ထားပါတယ်။ သူ့ဆီကတော့ဘာမှမမျှော်လင့်ပါဘူး။ သူနဲ့တွေ့နေရရင်ကို ကျွန်တော်ကပျော်တယ်။ အရင်နှစ်တွေကတော့ တစ်ယောက်တည်းပဲ။ ချစ်သူက အနုပညာလောကထဲက မဟုတ်ဘူး။ အပြင်ကပါ။ လက်ထပ်တော့မဲ့ အနုပညာအစ်မတွေ အတွက်တော့ကောင်းပါတယ်။ အချစ်ဆိုတာ ကိုယ်ကပေးဆပ်နေရင်ကို ကျေနပ်နေတာ။ ကျွန်တော်ကလေ။ အဲဒါကို အချစ်လို့သတ်မှတ်ထားတယ်။ အိမ်က ဘာမှတော့မပြောထားဘူး။ အိမ်က သူတို့ပေးစားတာယူရမဲ့လို့ မပြောထားဘူး။ ကိုယ့်စိတ်ကြိုက်ပဲ။ လက်ရှိအချစ်က ကျွန်တော့အတွက်တော့ ၅၀ရာခိုင်နှုန်းလောက်ပဲ စိတ်ချမ်းသာမှုပေးပါတယ။် ချစ်သူသက်တမ်းက ရှေ့လဆို ၃လပဲရှိပါသေးတယ်’လို့ သူက ပြောပါတယ်။
လတ်တလော သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ ‘မဟော်ဂနီနဲ့စာချုပ်ချုပ်ထားပေမဲ့ အပြင်တိုက်တွေနဲ့လဲရိုက်လို့ရပါတယ်။ ရိုက်ထားတာက ၃ကားပဲ ရှိပါသေးတယ်။ အားလုံးတော့ပြီးနေပြီ။ ဘယ်တော့ဖြန့်မလဲတော့မသိသေးဘူး။ ပြီးတော့ ကျွန်တော့အခွေကိုလဲ အမ်တီဗီပါရိုက်နေတယ်။ စီဒီကို၁၂လပိုင်းတုန်းက ဖြန့်မလို့လုပ်ပြီးမှ ကုမ္ပဏီက အမ်တီဗီပါတစ်ခါတည်း ရိုက်ဆိုလို့ ရိုက်နေတာပါ ။ အမ်တီဗီက ၅ပုဒ်ပဲရိုက်မယ်။ ဒီလကုန်မှ စရိုက်ပါမယ်။ မတ်လလောက်တော့ ထွက်ဖို့ မှန်းထားပါတယ်’တဲ့။