ချစ်ဖို့မလောနဲ့ …အချိန်ပေးပါ
အကြံပြုချက် ၁
အကြံပြုချက် ၂
အကြံပြုချက် ၃
အကြံပြုချက် ၎
[ Unicode ]
ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲက ချစ်သူဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။ အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရပါတယ်။ ဒါကြောင့်…
အကြံပြုချက် ၁
ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီးတစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ ဒါကြောင့် “အချစ်မှာမျက်စိမရှိ”ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။
အကြံပြုချက် ၂
သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့။
ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ “ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်”နဲ့ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို ကိုယ်တကယ်ချစ်သလား?
တကယ်လို့ ကိုယ်က သူနဲ့မတူချင်တဲ့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင် သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သင်ဟာ ပေးဆပ်သူတယောက်ဖြစ်နေပါပြီ။
အကြံပြုချက် ၃
အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်။
ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ် ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေကအချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။ မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီးကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကိုယုံယုံကြည်ကြည်နဲ့ ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။
အကြံပြုချက် ၄
ပြောင်းလဲဖို့ အချိန်ပေးပါ။
အခုချိန် သူ့ဆီမှာ အားနည်းချက်တွေတပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။
Ref; rsgoals
5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.