ပဲျပားေပါင္းႏူးအိအိေလး ျပဳလုပ္နည္း

ႏူးညံ့ေမႊးအိေနတဲ့ ပဲျပားေပါင္းေလးကို ထမင္းပူပူနဲ႔ ၿမိန္ၿမိန္စားဖုိ႔ ပဲျပားေပါင္းႏူးအိအိေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
ပဲျပားအစား တုိဟူးနဲ႔ ခ်က္ရင္လည္း ရပါတယ္။

ပါ၀င္ပစၥည္းမ်ား
၁။ ပဲျပား – 250 g
၂။ ၾကက္သြန္နီ – အေနေတာ္ တစ္ျခမ္း
၃။ ၾကက္သြန္ျဖဴ – အမႊာၾကီးၾကီး ႏွစ္မႊာ
၄။ ဆား – လက္ဖက္ရည္ဇြန္း သံုးပံုတစ္ပံု
၅။ ပဲငံျပာရည္ အၾကည္ – ထမင္းစားဇြန္း တစ္ဝက္
၆။ ငရုတ္ေကာင္းမွဳန္႔ – လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံု
၇။ ဆား – လက္ဖက္ရည္ဇြန္း တစ္ဝက္သာသာ
၈။ ပဲငံျပာရည္ အေနာက္ – ထမင္းစားဇြန္း တစ္ဇြန္း
၉။ ေရ – ထမင္းစားဇြန္း ခြန္ႏွစ္ဇြန္း

ျပင္ဆင္ပံု
၁။ ပဲျပားကို ေရေဆးကာ လက္တစ္လံုး အရြယ္ေလးေတြ အခ်ပ္လိုက္ လွီးထားပါ။
၂။ ၾကက္သြန္နီကို အခြံခြာျပီး အလံုးလိုက္ ေရေဆးကာ တစ္ျခမ္းကို ခပ္ပါးပါး လွီးထားပါ။
၃။ ၾကက္သြန္ျဖဴကို အခြံခြာျပီး ေရေဆးကာ ဓါးျပား႐ိုက္ထားပါ။
၄။ ပန္းကန္တစ္လံုးထဲမွာ ဆား ပဲငံျပာရည္အေနာက္ ပဲငံျပာရည္ အၾကည္ ေရႏွင္႔ ငရုတ္ေကာင္းမွဳန္႔တို႔ကို ေရာျပီး သမေအာင္ ျပင္ထားပါ။
၅။ ပန္းကန္တစ္လံုးထဲမွာ ပဲျပား ၾကက္သြန္ျဖဴ ၾကက္သြန္နီႏွင္႔ အရသာ စပ္ထားေသာ ပဲငံျပာရည္တို႔ကို ထည္႔ေပးပါ။
၆။ ထိုပန္းကန္ကို ေပါင္းအိုးထဲထည္႔ျပီး အဖံုးအုပ္ေပးပါ။
၇။ ျပီးတာနဲ႔ ေပါင္းမည္႔ခလုတ္ကို ႏွိပ္ေပးျပီး သံုးမိနစ္ ေပါင္းေပးပါ။
၈။ ပဲျပားေပါင္းခ်ိန္ သံုးမိနစ္ ျပည္႔တာနဲ႔ ေပါင္းအိုးမွ ေလထုတ္မည္႔ ခလုတ္ကို ႏွိပ္ျပီး ေလကုန္ေအာင္ ႏွိပ္ေပးျပီးမွ အိုးအဖံုးကို ဖြင္႔ေပးပါ။
၉။ ပဲျပားေပါင္းစဥ္ ထြက္လာေသာ အရည္မွာ အရမ္းကို ခ်ဳိတဲ႔အတြက္ အရည္ေသာက္ဆမ္းေလး ျပင္ေပးႏိူင္ပါတယ္။
၁၀။ ျပီးတာနဲ႔ ပဲျပားေပါင္း ပန္းကန္ကို ေပါင္းအိုးအျပင္သို႔ ထုတ္ေပးျပီး ပူပူလူလူေလး သံုးေဆာင္ႏိူင္ပါျပီေနာ္။

[ Unicode ]

နူးညံ့မွှေးအိနေတဲ့ ပဲပြားပေါင်းလေးကို ထမင်းပူပူနဲ့ မြိန်မြိန်စားဖို့ ပဲပြားပေါင်းနူးအိအိလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပဲပြားအစား တိုဟူးနဲ့ ချက်ရင်လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ပဲပြား – 250 g
၂။ ကြက်သွန်နီ – အနေတော် တစ်ခြမ်း
၃။ ကြက်သွန်ဖြူ – အမွှာကြီးကြီး နှစ်မွှာ
၄။ ဆား – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၅။ ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း တစ်ဝက်
၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၇။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
၈။ ပဲငံပြာရည် အနောက် – ထမင်းစားဇွန်း တစ်ဇွန်း
၉။ ရေ – ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
၁။ ပဲပြားကို ရေဆေးကာ လက်တစ်လုံး အရွယ်လေးတွေ အချပ်လိုက် လှီးထားပါ။
၂။ ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ။
၃။ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။
၄။ ပန်းကန်တစ်လုံးထဲမှာ ဆား ပဲငံပြာရည်အနောက် ပဲငံပြာရည် အကြည် ရေနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ။
၅။ ပန်းကန်တစ်လုံးထဲမှာ ပဲပြား ကြက်သွန်ဖြူ ကြက်သွန်နီနှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ။
၆။ ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ။
၇။ ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ။
၈။ ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။
၉။ ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်။
၁၀။ ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီနော်။

Ref; asianfood

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.