အဆိပ်အတောက်နှင့် စိတ်ဖိစီးမှုလျှော့ကျစေဖို့ ရေကျက်အေး သောက်ကြစို့

ရေကျက်အေးဆိုတာ လက်ဖက်ခြောက်ခတ်ထားခြင်းမရှိပဲ ရေဆူအောင်တည်ထားတဲ့ ရေနွေးပါ။
မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်မယ်ဆိုရင်


၁) အသက်ရှုလမ်းကြောင်းကို ကျန်းမာစေပါတယ်။
ရေနွေးကနေ ထွက်လာတဲ့ ရေနွေးငွေ့ကို ရှုရှိုက်ပေးခြင်းက နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေကိုပျော်စေပြီး အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ နှာစေးခြင်း၊နှာခေါင်းပိတ်ခြင်းလိုမျိုး ပြဿနာတွေကို သက်သာစေမှာပါ။ ရေနွေးသောက်ပေးခြင်းက နှာခေါင်းပိတ်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကိုပါ သက်သာစေနိုင်ပါတယ်။

လည်ချောင်းနာတာအပါအဝင် အသက်ရှုလမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ ချွဲတွေကို သန့်စင်စေပြီး အသက်ရှုလမ်းကြောင်းနဲ့ လည်ပင်းက အမြှေးပါးလေးတွေ ရောင်ရမ်းနေတာကိုပါ သက်သာစေပါတယ်။

၂) အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ရေနွေးနွေးလေးက အစာချေဖျက်ရခက်နေတဲ့အရာတွေကိုလည်း စွန့်ထုတ်ရလွယ်ကူစေဖို့ အထောက်အကူ ပြုစေပါတယ်။ အစာမကြေဘူးထင်ရင် ရေနွေးနွေးလေးသောက်ပေးပါ။

၃) အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။
ရေနွေးနွေးလေးသောက်ပေးခြင်းက အာရုံကြောစနစ်ကျန်းမာရေးအတွက် အထော်အကူဖြစ်စေလို့ တစ်နေ့တာလုံး ကျန်းမာတတ်ကြွနေချင်တယ်ဆိုရင် မနက်တိုင်းရေနွေးနွေးလေးတစ်ခွက်ကို အမြဲသောက်ပေးပါ။

၎) ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။
ရေနွေးသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ ရေနွေးက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး လေပွနိုင်တဲ့ အစာတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ရေဝိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၅) သွေးလည်ပတ်မှုအတွက် ကောင်းပါတယ်။
ရေနွေးက သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် ရေနွေးနွေးလေးသောက်ပေးသင့်ပါတယ်။

၆) စိတ်ဖိစီးမှု လျော့ကျစေဖို့ သောက်ပေးနိုင်ပါတယ်။
ရေနွေးသောက်ပေးခြင်းက အာရုံကြောစနစ်ကို တိုးတတ်ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးတာ၊စိုးရိမ်ပူပန်တာတွေ ခံစားရမှုကို နည်းစေပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ အရမ်းများနေပြီဆိုရင် ရေနွေးနွေးလေးသောက်ပေးလိုက်ပါ။

၇) ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
ရေနွေးနွေးလေးသောက်ပေးခြင်းက ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးပြီး ချွေးထွက်စေတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဒါ့အပြင် ရေနွေးနွေးလေး သောက်ပေးတာက ဝမ်းမှန်စေပြီး၊ နာကျင်ကိုက်ခဲမှုတွေကိုလဲ သက်သာစေတဲ့အပြင် ညဘက် အိပ်ပျော်စေဖို့လဲ အားဖြည့်ပေးပါတယ်။

Ref;HEALTHGROUP

399 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.