အသက်အရွယ်နှင့် မလိုက်ဖက်အောင်ကို လှပနေဆဲဖြစ်တဲ့ မင်းသမီး Kareena Kapoor Khan

အိန္ဒိယရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ Kareena Kapoor Khan ကို ၁၉၈၀ ခုနှစ်၊ စက်တင်ဘာ ၂၁မှာ အိန္ဒိယနိုင်ငံ၊ Maharashtra၊ ဘုံဘေမှာ မွေးဖွားခဲ့ပါတယ်။


၂၀၀၀ ခုနှစ်ကနေစပြီး အနုပညာအလုပ်ကို စလုပ်ခဲ့တဲ့ မင်းသမီး Kapoor ကတော့ အခုဆိုရင် အသက် ၄၀ ထဲကို ရောက်နေပြီဖြစ်ပါတယ်။သူမရဲ့ မိဘတွေကတော့ Randhir Kapoor နှင့် Babita တို့ဖြစ်ပြီး Kapoor Family နှင့် Pataudi Family တို့က တော့ နှစ်ဖက်မိဘတွေရဲ့ မိသားစုမျိုးရိုးတွေပါ။၂၀၁၂ ခုနှစ်မှာ Saif Ali Khan နှင့်လက်ထပ်ခဲ့ပြီး သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။


သူမရဲ့ ပထမဆုံးပွဲဦးထွက်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၀၀ ခုနှစ်မှာ Refugee ဖြစ်ပါတယ်။ထို့နောက်သူမသည် Asokaka နှင့် Kabhi Khushi Kabhie Gham…melodrama (၂၀၀၁ ခုနှစ်) စတဲ့ ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


သူမပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးခဲ့တဲ့ Jab We Met (၂၀၀၇) ဇာတ်လမ်းလေးကတော့ အချစ်ဇာတ်ကားတစ်ကားဖြစ်ပြီး အောင်မြင်မှုအတော်ရရှိခဲ့ပါတယ်။
သူမရဲ့ အောင်မြင်မှုနှင့်သရုပ်ဆောင်စွမ်းရည်တွေကြောင့် ဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ်နှင့် အာဟာရ လမ်းညွှန်စာအုပ်စသည်တို့ကိုလဲ ရေးသားခဲ့ပါတယ်။ အလှကုန်ပစ္စည်းများနှင့် အမျိုးသမီးများအတွက် အစီအစဉ်တစ်ချို့ကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး UNICEF နှင့် အတူ မိန်းကလေးငယ်များ ပညာရေးနှင့် အိန္ဒိယနိုင်ငံတွင် ပညာရေးအရည်အသွေးတိုးမြှင့်ရေးတွေကိုလဲ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။

Ref;WIKIPEDIA

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.