ကြက်ဥအချိုလိပ်ကြော်ပြုလုပ်နည်း(Datemaki)

ကလေးတို့အကြိုက် ကြက်ဥလိပ်ပြုလုပ်နည်း ကိုပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်ဥ – ၄ လုံး
ပင်လယ်ငါးကြင်း (အတွင်းအသားဖြူတဲ့ငါး) – ၆၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း – ၁ ဇွန်း (သို့) ၃ ဇွန်း
သကြား – စားပွဲတင်ဇွန်း ၄ ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ – စားပွဲတင်ဇွန်း ၂ ဇွန်း
ဆီ – အနည်းငယ်

၁) ငါးကို အရေခွံခွာ အရိုးနွှင်ပြီး အသားကို ဓားပြားနှင့်ရိုက်ပြီးနောက်မှာ ပါးပါးလှီးပြီး စင်းကောလုပ်ပါ။

၂) ငါးအသားတွေကို ဇလုံထဲထည့်နောက် ဆားနှင့်သကြားကိုပါ ရောထည့်မွှေပါ။ ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေစားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် အရည်ဖျော်ပြီး ငါးအသားထဲ ထည့်ပါ။

၃) ကြက်ဥကိုခေါက်ပြီး မွှေပါ။ ဆန်ခါစိတ်စိတ်နှင့် စစ်ပြီး ငါးအသားထဲ နည်းနည်းချင်း ရောထည့်ပါ။

၎) ကြက်ဥကြော်အိုးမရှိပါက ဒယ်အိုးပြားကို အပူပေး ဆီပါးပါးသုတ်ပါ။ ကြက်ဥနှင့် ငါးရောထားတာကို ထည့်ပါ။ အဖုံးအုပ်ထားပြီး မီးအေးအေးလေးနှင့် ၈ မိနစ်ကနေ ၁၀ မိနစ်လောက်ထိတည်ပါ။

၅) အနားတွေက အညိုရောင်ဖြစ်လာပြီး၊ ကြက်ဥအသားက ခဲလာပြီဆိုရင် ဆီသုတ်ထားတဲ့ ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။


ပန်းကန်ပြားထဲက ကြက်ဥကို လျှောချပြီး ဒယ်အိုးထဲ ပြန်လျှောထည့်၊ အဖုံးမအုပ်ဘဲ နောက်တဖက်ကို မီးအေးအေးဖြင့် ၃ မိနစ်လောက် ကြော်ပါ။ ဒယ်အိုးပြား သုံးတယ်ဆိုရင် ကြက်ဥကြော်က အဝိုင်းပုံဖြစ်နေမှာမို့ လေးထောင့်ပုံဖြစ်အောင် အနားတွေကို လှီးဖြတ်ပါ။

၆) ဆူရှီလိပ်တဲ့ ယင်းလိပ်(သို့) လက်သုတ်ပုဝါပေါ်မှာ မီးဖိုချောင်သုံး ပလတ်စတစ် ဖလင်ပြားကို ခင်းထားတဲ့ အပေါ်မှာ ကြက်ဥကြော်ကို တင်ပြီး လိပ်ပါ။ အေးတဲ့ အထိထားပြီး အေးသွားပြီဆိုရင် အကွင်းလိုက်လေးတွေလှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

Ref;NHK,WORLD JAPAN

169 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.