ခြေထောက်ရောင်ကိုင်းခြင်းအတွက် အကောင်းဆုံးနည်းလမ်း
ပြင်ဆင်နည်း
[ Unicode ]
လူတော်တော်များများ ခြေထောက်ရောင်ကိုင်းမှု ခံစားကြပါတယ်။ ခြေထောက်ရောင်ကိုင်းခြင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာ၊ သွေးလည်ပတ်မှုအားနည်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ဒါတွေအပြင် အပူချိန်ပြောင်းလဲမှု၊ ပူနွေးတဲ့ရာသီဥတုနဲ့ လေထုစိုထိုင်းမှုတွေကလည်း ခြေထောက်ရောင်ကိုင်းမှု ဖြစ်ပွားစေပါတယ်။
အမြန်သက်သာရာရစေဖို့ရန်အတွက် အိပ်လျက်အခြေအနေထားဖြင့် ခြေထောက်ကို ၃၀ စင်တီမီတာခန့် အမြင့်မှာ မထောင်ပေးရပါမယ်။ တရုတ်နံနံစိမ်ရေနွေးကြမ်းကလည်း ထိရောက်တဲ့ သဘာဝဆေးနည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ ပိုလွန်တဲ့ အရည် fluid တွေကို ရှင်းထုတ်ပေးပါတယ်။
ပြင်ဆင်နည်း
၁။ သန့်ရှင်းလတ်ဆတ်တဲ့ တရုတ်နံနံရွက်နဲ့ အမြစ်ကို နုတ်နုတ် စဉ်းပြီး အကုန်ရောသမပေးရပါမယ်။
၂။ ရေ 500ml ဆူအောင်တည်ပြီး အဲဒီအရောအနှော လက်ဖက်ရည်ဇွန်း (၅) ဇွန်းစာ ပေါင်းထည့်ပြီး ၅ မိနစ်ကျိုပေးပါ။
၃။ ပြီးနောက် အေးအောင် မိနစ် ၂၀ ခန့်ထားပါ။ ပြီးတော့ အရည်ညှစ်ယူပြီး တစ်နေ့ ၃ ကြိမ် သောက်ပေးပါ။ အကျိုးသက်ရောက်မှုချက်ချင်း မြင်တွေ့ပြီး အရောင်ကျသွားပါလိမ့်မယ်။
အားလုံးပဲ ဘေးဘယာ ဝေးကွာကြပါစေ။
Ref; goodhealth
700 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.