Psy လို့လူသိများကြတဲ့ Park Jae-sang အကြောင်း

Gangnam Style သီချင်းဖြင့် လူသိများခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့သူကတော့ Psy လို့ခေါ်တဲ့ Park Jae-sang ပါ။ သူကို၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ ဖခင် Park Won-ho နှင့် မိခင် Kim Young-hee တို့မှ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ဂန်နယ်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သွေးအမျိုးအစားကတော့ အို သွေးဖြစ်ပြီး၊အရပ်က ၁၇၀ စင်တီမီတာပါ။ကိုယ်အလေးချိန် ၁၈၇ ပေါင်ရှိပြီး မကရ ရာသီဖွားတစ်ဦးလဲဖြစ်ပါတယ်။ သူ့မှာ Park Jae-eun လို့ခေါ်တဲ့ အစ်မ တစ်ယောက်ရှိပါတယ်။မျိုးရိုးကတော့ Park မျိုးရိုးပါ။

သူဟာ Banpo မူလတန်းကျောင်း၊အလယ်တန်းကျောင်းနှင့် Sehwa အထက်တန်းကျောင်းတို့ကို တတ်ရောက်ခဲ့ပါတယ်။သူ့ရဲ့အကြိုက်ဆုံးတီးဝိုင်းကတော့ Queen ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ Bird ဆိုတဲ့ တေးအယ်လ်ဘမ်နှင့်အတူ ပွဲဦးထွက်ခဲ့ပါတယ်။သူရဲ့ ပရိသတ်တွေကတော့ PSY cho နာမည်နှင့်သာ ခေါ်တွင်ခဲ့ကြပါတယ်။Park သည် အဆိုတော်၊ရက်ပ်၊တေးရေးဆရာနှင့်စံချိန်တင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက သန်း ၆၀ ဖြစ်ပါတယ်။စာသင်နှစ်တစ်လျှောက်လုံးမှာ သူ့ကို အတန်းရဲ့ လူရွှင်တော်အဖြစ်တောင်သတ်မှတ်ထားခဲ့ကြပါတယ်။


၂၀၀၁ ခုနှစ်မှာ သူသည် ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုဖြင့် အဖမ်းခံခဲ့ရပါတယ်။ ထောင်ကျနေတဲ့အတောအတွင်းဖြစ်တာကြောင့် အဘိုးဖြစ်သူရဲ့ ဇာပန အခမ်းအနားကိုလည်း မတတ်ရောက်နိုင်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ သူဟာ အနောက်နိုင်ငံတွေမှာ လူသိအများဆုံးသော ပထမဆုံး ကိုရီးယားပေါ့ပ်ဂီတပညာရှင် ဖြစ်လာခဲ့ပါတယ်။ထို့နောက်မှာတော့ Lady Gaga နှင့် Beyonce တို့နှင့်အတူ ဂျပန်ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စစ်မှုထမ်းခဲ့သော်လည်း စစ်မှုထမ်းကာလ မပြီးဆုံးခဲ့တာကြောင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်ဖြင့် စာရင်းပေးသွင်းခဲ့ရပြီး တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပါတယ်။
ထို့နောက်မှာတော့ Boston University မှာ စီးပွားရေးစီမံခန့်ခွဲမှုပညာကို လေ့လာခဲ့ပြီး ဂီတကို ခဏတာစွန့်လွှတ်ခဲ့ပါတယ်။


ထို့နောက် Berklee ဂီတကောလိပ်တွင် ပညာဆက်လက်သင်ယူခဲ့ပါတယ်။Park သည် ကိုရီးယား စကားအပြင် အင်္ဂလိပ်စကားကိုလဲကျွမ်းကျင်စွာ ပြောနိုင်ပါသေးတယ်။
သူဟာ Youtube သုံးစွဲသူ ၁၀ သန်းကျော်.ကျော်လွန်သော ပထမဆုံး အာရှအနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။ သူဟာ Keyboard,sampler,percussion,synthesizer နှင့် စန္ဒရားတို့ကို လည်းကျွမ်းကျင်စွာ တတ်မြောက်ထားပါတယ်။
သူရဲ့ Gangnam Style သီချင်းကဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အင်အားတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရပြီး Guinness World Records မှ Youtube တွင် လူကြိုက်အများဆုံး ဗီဒီယိုတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
သူဟာ YG Family နှင့် အတူတွဲဖက်ပြီးအလုပ်လုပ်ကိုင်လျှက်ရှိပါတယ်။


Ref;WIKIPEDIA

 

 

306 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.