အုန်းစိမ်းရည်သောက်ခြင်း၏ ဆိုးကျိုးများ

အုန်းစိမ်းရည်သောက်ခြင်းက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့်လည်း သူရဲ့ ဘေးထွက်ဆိုးကျိုးကရှိနေပါသေးတယ်။

၁) ကျောက်ကပ်တွေက ပုံမှန်အလုပ်လုပ်ရင် (သို့) ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ အရမ်းများနေရင် အုန်းစိမ်းရည်မသောက်သင့်ပါဘူး။

၂) သစ်သီးသစ်စေါ့်ာတ်မတည့်သူတွေအနေနဲ့ အုန်းစိမ်းရည် မသောက်သင့်ပါဘူး။

၃) အုန်းစိမ်းရည်က အချို့သူတွေကို အစာအိမ်နာတာနဲ့ လေပွတာမျိုးတွေဖြစ်တတ်ပါတယ်။

၎) အုန်းစိမ်းရည်က ခွဲစိတ်မှုခံယူပြီးချိန်နဲ့ ခွဲစိတ်မှုခံယူနေချိန်မှာ သွေးပေါင်ထိန်းညှိမှုကို အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် ခွဲခန်းမဝင်ခင် ၂ ပတ်လောက်အလိုကတည်းက အုန်းစိမ်းရည်ကို မသောက်ပဲနေပေးပါ။

၅) အုန်းစိမ်းရည်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအနေနဲ့တော့ ဆရာဝန်နှင့်အရင် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

၆) အုန်းစိမ်းရည်အလွန်အကျွံသောက်ခြင်းက လေပွခြင်း၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုးတွေကို ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံမသောက်မိဖို့ သတိပြုသင့်ပါတယ်။
အခုလိုပြောပြပေးခဲ့ခြင်းအားဖြင့် စာဖတ်ပရိသတ်တွေအနေနှင့်လည်း ကျန်းမာရေးဗဟုသုတတွေရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Ref;HEALTHGROUP

477 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.