ဂျပန်စတိုင်လ် ဟင်းတစ်မျိုးဖြစ်တဲ့ ပင်လယ်ငါးကြင်းထမင်းပြုလုပ်နည်း

ဒီတစ်ခါမှာတော့ ဂျပန်စတိုင် ဟင်းချက်နည်းတွေထဲကမှ ပင်လယ်ငါးကြင်းထမင်းချက်နည်းလေးကို ပြောပြလိုက်ပါတယ်။

ဆန် – ၃၀၀ ဂရမ်
ပင်လယ်ငါးကြင်း (အရေခွံပါ) – ၁၅၀ ဂရမ်
ပင်လယ်ငါးကြင်းမရပါက အရည်ကုန်အောင်စစ်ထားတဲ့ စည်သွပ်တူနာငါးအသား – ၈၀ ဂရမ် ကိုအသုံးပြုပါ။
ကြက်သွန်မြိတ် – ၂ပင်
ဂျင်း – ၁၅ ဂရမ်ခန့်
ရှောယုဂျပန် ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း – ၂ဇွန်း
ဆား -အနည်းငယ်

၁) ပထမဆုံး ဆန်တွေကို ဆန်ကာထဲထည့်၊ရေအပြည့်ထည့်ဖြည့်ထားတဲ့ ဇလုံထဲ စိမ်ရင်း ခပ်ဖော့ဖော့လေး ဆေးပါ။ ပြီးလျှင် ဆန်ကာကို ရေထဲက ဆယ်လိုက်ပြီးမှ လက်နဲ့ ဆန်တွေကို ပွတ်တိုက်ပြီး သေချာဆေးကြောပါ။ နောက်တစ်ခါ ရေနှင့်ဆေးပါ။ ရေမှာ အဖြူအနှစ်တွေ သိပ်မထွက်လာတော့တဲ့အထိ အထပ်ထပ်အခါခါ ဆေးပါ။ ပြီးရင် ဆန်ကို ရေစစ်ထားလိုက်ပါ။

၂) အဖုံးအုပ်လို့ရတဲ့ အိုးထဲကို ဆန်ကိုထည့်၊ ရေ ၄၀၀ မီလီလီတာ ထည့်ပြီး မိနစ် ၃၀ ထားထားပါ။

၃) ထိုက်လို့ခေါ်တဲ့ ပင်လယ်ငါးကြင်းကို အရိုးနွှင်၊ အထူ ၁ စင်တီမီတာ၊ ဗြက် ၃ စင်တီမီတာလောက် အရွယ် အတုံးလေးတွေတုံး၊ ဆားနည်းနည်းဖြူးပြီး မိနစ် ၂၀ ထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ဂျင်းကိုတော့ အခွံခွာ၊ ပါးပါးလှီးပြီး အချောင်းဖြစ်အောင် လှီးပါ။

၎) ဆန်ထဲကို ရှောယုပဲငံပြာရည်ထည့်၊ ထိုက်(ပင်လယ်ငါးကြင်း)အသားကို အပေါ်ကတင်ပြီး အဖုံးအုပ်၊ မီးအနေတော်နဲ့ တည်ပါ။ ဆူလာရင်တော့ မီးလျှော့လိုက်ပြီး ၁၂ မိနစ်လောက် ဆက်တည်ထားပါ။ ထို့နောက်မှာ မီးကိုပိတ်၊ အဖုံးကိုမဖွင့်ပဲ ဒီအတိုင်း ၁၀မိနစ်လောက် နှပ်ထားလိုက်ပါ။ အချိန်စေ့ရင် အဖုံးကို ဖွင့်ပြီး ငါးအသားတွေကို ပန်းကန်တစ်ချပ်ထဲ ဖယ်ထုတ်လိုက်ပါ။ ရေဆွတ်ထားတဲ့ ယောက်မနဲ့ ထမင်းတွေကို ဖွပေးပါ။ ပန်းကန်ပြားထဲမှာ ထမင်းကိုပြင်ပြီး အပေါ်မှာ ငါးအသားတွေကိုတင်၊ ကြက်သွန်မြိတ်နဲ့ ဂျင်းတွေကို ဖြူးလိုက်ပါ။ ထမင်းတွေ ရေမစိုရအောင် ထမင်းအိုးအဖုံးက ရေစက်တွေကို သုတ်ပစ်ဖို့ သတိထားရပါမယ်။


Ref;NHK,WORLD JAPAN

151 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.