သရက်သီးနှင့် ပေါင်းတင်မယ်

အခုလို သရက်သီးပေါတဲ့ ရာသီမှာ အိမ်မှာနေရင်း မျက်နှာလေးလှပအောင်ပြင်ဆင်နိုင်ဖို့အတွက် သရက်သီးနှင့်ပေါင်းတင်လို့ရတဲ့ နည်းလမ်းတွေကို ပြောပြလိုက်ပါတယ်။

၁) ဆားဝက်ခြံတွေထွက်ခြင်းကို သက်သာစေပါတယ်။
သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ထို့နောက် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း (၂)ဇွန်းနှင့် အစိမ်း လက်ဖက်စားဇွန်း (၂) ဇွန်းလောက်ကို ထည့်ပြီး သရက်သီးနှင့် ရောမွှေပါ။ ထို့နောက်မှာတော့ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားပြီး ခြောက်သွားပြီးဆိုရင်တော့ ရေအေးလေးနှင့် မျက်နှာသစ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ဆားဝက်ခြံလေးတွေကို သက်သာသွားစေမှာပါ။

၂) အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ရေဓာတ်ခမ်းခြောက်တာကြောင့် မျက်နှာအသားအရေခြောက်သွေ့ပြီး ပျက်စီးနေတယ်ဆိုရင်တော့ သရက်သီးလေးနဲ့ ပေါင်းတင်ပေးလိုက်လို့ရပါတယ်။ သရက်သီးအမှည့်ကို ကြေညက်အောင် ချေပြီး မျက်နှာမှာလိမ်းထားလိုက်ပါ။ ၁၅ မိနစ်လောက် ထားပြီးတဲ့နောက်မှာတော့ ရေအေးနဲ့ပဲမျက်နှာသစ်လိုက်ပါ။ ဒါဆိုရင် မျက်နှာမှာ ရေဓာတ်လေးတွေ ပြန်လည် ပြည့်တင်းလာပြီး စိုပြေလာမှာပါ။

၃) မျက်နှာသန့်စင်ပေးခြင်းမှာ အထောက်အကူဖြစ်စေပါတယ်။
သရက်သီးမှည့်ကို ဂျူံမှုန့်နှင့်ရောစပ်ပါ။ ပြီးနောက် မျက်နှာမှာအချိန်အနည်းငယ်အကြာလိမ်းထားပေးပါ။ခဏအကြာမှာတော့ မျက်နှာသစ်လိုက်ရင်ရပါပြီ။ ယခုကဲ့သို့ လုပ်ပေးခြင်းအားဖြင့် ချွေးပေါက်ကျယ်ခြင်းကို ကင်းစင်စေပြီး၊မျက်နှာလေး သန့်ရှင်းသွားမှာပါ။


Ref;HEALTHGROUP

175 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.