ဝက်ငုံးဥချိုအိအိပေါင်း
ပါဝင်သောပစ္စည်းများ
၁။ ဝက်၃ထပ်သား – ၁ကီလို
၂။ ငုံးဥပြုတ် – ၆လုံး
၎။ ခရုဆီ – ၃ဇွန်း
၅။ ပဲငံပြာရည် – ၂ဇွန်း
၇။ ကြက်သွန်ဖြူ – ၁ဥ
ပြုလုပ်နည်း
[ Unicode ]
နူးအိနေတဲ့ ဝက်သုံးထပ်သားအိအိလေးကို ကိုက်ရင်း ငုံးဥထုပ်ထုပ်လေးနဲ့ အရသာရှိရှိ ခံစားနိုင်တဲ့ ဝက်ငုံးဥအချိုပေါင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ဝက်သားအစား ကြက်သားကို အသုံးပြုပြီး ချက်စားလို့လည်း ရပါတယ်။
ပါဝင်သောပစ္စည်းများ
၁။ ဝက်၃ထပ်သား – ၁ကီလို
၂။ ငုံးဥပြုတ် – ၆လုံး
၃။ သကြား – ၄ဇွန်း ထမင်းစားဇွန်း
၄။ ခရုဆီ – ၃ဇွန်း
၅။ ပဲငံပြာရည် – ၂ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၇။ ကြက်သွန်ဖြူ – ၁ဥ
၈။ ဂျင်း(ချင်း) – လက်၂လုံးခန့်တစ်တုံး
၉။ နာနတ်ပွင့် – ၄ပွင့်မှ ၆ပွင့်ခန့်
၁၀။ ရေ – ၄ခွက် (လက်ဖက်ရည်ခွက်)
( တရုတ်မဆလာကြိုက်ပါက ထည့်နိုင်ပါတယ် )
ပြုလုပ်နည်း
၁။ ပထမဦးစွာ ဝက်သားကို အနေတော်တုံးပြီး ခရုဆီ၊ သကြား၁ဇွန်းန ဲ့ပဲငံပြာရည်
တို့နဲ့ရောနယ်ပြီး၁နာရီခန့်နပ်ထားပါ။
၂။ ဒယ်အိုးထဲ ဆီ ၃ဇွန်းခန့်ထည့်ပြီး ဆီပူရင် ကြက်သွန်ဖြူနဲ့ဂျင်းတို့ကိုပါးပါးလှီးပြီးဆီသတ်ပါ။ အနည်းငယ်နွမ်းလာရင် သကြားထည့်ကြော်ပါ။
၃။သကြားများအညိုရောင်သန်းလာပြီးဆိုပါကဝက်သားထည့်ပါ။
၄။ သမအောင်ကြော်ပြီး ရေထည့်ပါ။
၅။ ရေဆူလာရင် နာနတ်ပွင့်ထည့်ပြီး အဖုံးအုပ်ထားပါ။
၆။ ရေခန်းလုနီးပါးအချိန်ရောက်ရင် ငုံးဥပြုတ်ထည့်ပါ။ အဖုံးပြန်အုပ်ပြီးဆီပြန်အောင်ထားပါ။ အရသာအပေါ့အငံမြည်းပြီး နှစ်သက်သလို စိတ်ကြိုက်ထည့်ပြီး မီးပိတ်စားသုံးနိုင်ပါပြီနော်။
Ref; asianfood
350 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.