ဘဝရဲ႕ အခက္ခဲဆံုး အခိုက္အတန္႔အခ်ိန္ ၈ ခ်ိန္

(၁) ဆယ္ေက်ာ္သက္အရြယ္ ကုန္လြန္တဲ့အခ်ိန္
ဆယ္ေက်ာ္သက္အရြယ္ကုန္လြန္ကာစဟာ လူတစ္ေယာက္အတြက္ အေျပာင္းအလဲေတြ အၾကီးအက်ယ္ၾကံဳရမယ့္ အခ်ိန္ပါ။ ရုပ္ပုိင္းဆုိင္ရာ အေျပာင္းအလဲေတြတင္မကဘဲ၊ စိတ္ပုိင္းဆုိင္ရာ အေတြးအေခၚ၊ အယူအဆေတြပါ ေျပာင္းလဲနုိင္တဲ့အခ်ိန္ပါ။

(၂) လမ္းခြဲရတဲ့အခ်ိန္
ခ်စ္ရတဲ့သူနဲ႔ လမ္းခဲြတဲ့အခ်ိန္ဟာ ခက္ခဲတဲ့အခ်ိန္ေတြထဲက တစ္ခုပါ။ ဒီဘက္ေခတ္မွာ အလြယ္တကူလမ္းခြဲၾကတယ္ဆုိေပမယ့္ ကုိယ္တကယ္ ခံစားခ်က္ရွိတဲ့သူ၊ ဘဝအတြက္ ရည္ရြယ္ထားတဲ့သူ၊ သံေယာဇဥ္ေတြအရမ္းၾကီးရတဲ့သူနဲ႔ လမ္းခြဲရတယ္ဆုိရင္ေတာ့ ဒါဟာ အျမဲတမ္းအမွတ္ရေနရေလာက္ေအာင္ ခက္ခဲတဲ့အခ်ိန္ပါ။

(၃) ခင္မင္မႈေတြ အဆံုးသတ္ရတဲ့အခ်ိန္
ကုိယ့္အေၾကာင္း သူသိ၊ သူ႔အေၾကာင္း ကုိယ္သိျပီး အရမ္းခင္ရတဲ့ သူငယ္ခ်င္းနဲ႔ ဘဝမွာ ေက်ာခုိင္းရတယ္ဆုိတာ ခံစားရခက္ပါတယ္။ အေကာင္းဆံုး သူငယ္ခ်င္းဆုိတာ ရင္ခုန္ျခင္းေတြမပါေပမယ့္ ႏွစ္ေယာက္ၾကားမွာ ခ်စ္ျခင္းေတြ ပါရွိပါတယ္။

(၄) ရံႈးနိမ့္တဲ့အခ်ိန္
ဘဝမွာ ရံႈးနိမ့္တယ္ဆုိတဲ့ အခုိက္အတန္႔ေတြကေတာ့ မၾကာခဏဆုိသလို ၾကံဳရမွာပါပဲ။ တစ္ခ်ိဳ႕ အရံႈးေတြကိုေက်ာ္ျဖတ္နုိင္ေပမယ့္ တစ္ခ်ိဳ႕ေသာ ရံႈးနိမ့္မႈေတြကေတာ့ ျပန္လည္ရုန္းထရ ခက္ခဲရေလာက္ေအာင္ ဆုိးသြားတာမ်ိဳးေတြ ရွိပါတယ္။

(၅) ကြာရွင္းတဲ့အခ်ိန္
ဘဝကို အတူတူျဖတ္သန္းမယ္ဆုိတဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ လက္တဲြခဲ့ရတဲ့ လက္တြဲေဖာ္နဲ႔ လမ္းခြဲရတဲ့အခ်ိန္ဟာ အရာအားလံုး ျပီးဆံုးသြားသလုိပါပဲ။ အေၾကာင္းအမ်ိဳးမ်ိဳးရွိနုိင္ေပမယ့္ ဒီအခုိက္အတန္႔ဟာလည္း ခက္ခဲတဲ့ အခုိက္အတန္႔ပါပဲ။

(၆) အလုပ္ျပဳတ္တဲ့အခ်ိန္
ဘယ္သူကမွေတာ့ အလုပ္ျပဳတ္ခ်င္မွာ မဟုတ္ပါဘူး။ အလုပ္ျပဳတ္တယ္ဆုိတာ စားဝတ္ေနေရးအတြက္သာမကဘဲ ယံုၾကည္မႈကုိပါ ထိခုိက္ေစပါတယ္။ ကုိယ့္ကုိယ္ကုိလည္း သိမ္ငယ္မႈကို ခံစားရေစျပီး စိတ္ဓါတ္က်ဆင္းမႈေတြ ခံရနုိင္ပါတယ္။

(၇) နာမက်န္းျဖစ္တဲ့အခ်ိန္
က်န္မာေရးရဲ႕တန္ဖိုးကို ေနေကာင္းေနတဲ့အခ်ိန္မွာ နားမလည္နုိင္ပါဘူး။ ဒါေပမယ့္ တကယ္ကို ေဆးရံုမွာေနျပီးေဝဒနာေတြကို ခံစားေနရျပီဆုိရင္ေတာ့ အဲဒီ့အခုိက္အတန္႔ဟာ ငရဲတစ္ခုလုိပါပဲ။

(၈) ခ်စ္တဲ့သူေတြ ဆံုးသြားတဲ့အခ်ိန္
ကုိယ့္ရဲ႕မိဘေတြ၊ ခ်စ္သူေတြ ဘဝၾကီးထဲက ထြက္သြားတဲ့အခ်ိန္ (ဆံုးပါးသြားတဲ့အခ်ိန္) ဟာ ဘဝမွာ နာက်င္ခံစားရဆံုးအခ်ိန္ပါပဲ။

[ Unicode ]

(၁) ဆယ်ကျော်သက်အရွယ် ကုန်လွန်တဲ့အချိန်
ဆယ်ကျော်သက်အရွယ်ကုန်လွန်ကာစဟာ လူတစ်ယောက်အတွက် အပြောင်းအလဲတွေ အကြီးအကျယ်ကြုံရမယ့် အချိန်ပါ။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေတင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆတွေပါ ပြောင်းလဲနိုင်တဲ့အချိန်ပါ။

(၂) လမ်းခွဲရတဲ့အချိန်
ချစ်ရတဲ့သူနဲ့ လမ်းခွဲတဲ့အချိန်ဟာ ခက်ခဲတဲ့အချိန်တွေထဲက တစ်ခုပါ။ ဒီဘက်ခေတ်မှာ အလွယ်တကူလမ်းခွဲကြတယ်ဆိုပေမယ့် ကိုယ်တကယ် ခံစားချက်ရှိတဲ့သူ၊ ဘဝအတွက် ရည်ရွယ်ထားတဲ့သူ၊ သံယောဇဉ်တွေအရမ်းကြီးရတဲ့သူနဲ့ လမ်းခွဲရတယ်ဆိုရင်တော့ ဒါဟာ အမြဲတမ်းအမှတ်ရနေရလောက်အောင် ခက်ခဲတဲ့အချိန်ပါ။

(၃) ခင်မင်မှုတွေ အဆုံးသတ်ရတဲ့အချိန်
ကိုယ့်အကြောင်း သူသိ၊ သူ့အကြောင်း ကိုယ်သိပြီး အရမ်းခင်ရတဲ့ သူငယ်ချင်းနဲ့ ဘဝမှာ ကျောခိုင်းရတယ်ဆိုတာ ခံစားရခက်ပါတယ်။ အကောင်းဆုံး သူငယ်ချင်းဆိုတာ ရင်ခုန်ခြင်းတွေမပါပေမယ့် နှစ်ယောက်ကြားမှာ ချစ်ခြင်းတွေ ပါရှိပါတယ်။

(၄) ရှုံးနိမ့်တဲ့အချိန်
ဘဝမှာ ရှုံးနိမ့်တယ်ဆိုတဲ့ အခိုက်အတန့်တွေကတော့ မကြာခဏဆိုသလို ကြုံရမှာပါပဲ။ တစ်ချို့ အရှုံးတွေကိုကျော်ဖြတ်နိုင်ပေမယ့် တစ်ချို့သော ရှုံးနိမ့်မှုတွေကတော့ ပြန်လည်ရုန်းထရ ခက်ခဲရလောက်အောင် ဆိုးသွားတာမျိုးတွေ ရှိပါတယ်။

(၅) ကွာရှင်းတဲ့အချိန်
ဘဝကို အတူတူဖြတ်သန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လက်တွဲခဲ့ရတဲ့ လက်တွဲဖော်နဲ့ လမ်းခွဲရတဲ့အချိန်ဟာ အရာအားလုံး ပြီးဆုံးသွားသလိုပါပဲ။ အကြောင်းအမျိုးမျိုးရှိနိုင်ပေမယ့် ဒီအခိုက်အတန့်ဟာလည်း ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။

(၆) အလုပ်ပြုတ်တဲ့အချိန်
ဘယ်သူကမှတော့ အလုပ်ပြုတ်ချင်မှာ မဟုတ်ပါဘူး။ အလုပ်ပြုတ်တယ်ဆိုတာ စားဝတ်နေရေးအတွက်သာမကဘဲ ယုံကြည်မှုကိုပါ ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်မှုကို ခံစားရစေပြီး စိတ်ဓါတ်ကျဆင်းမှုတွေ ခံရနိုင်ပါတယ်။

(၇) နာမကျန်းဖြစ်တဲ့အချိန်
ကျန်မာရေးရဲ့တန်ဖိုးကို နေကောင်းနေတဲ့အချိန်မှာ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် တကယ်ကို ဆေးရုံမှာနေပြီးဝေဒနာတွေကို ခံစားနေရပြီဆိုရင်တော့ အဲဒီ့အခိုက်အတန့်ဟာ ငရဲတစ်ခုလိုပါပဲ။

(၈) ချစ်တဲ့သူတွေ ဆုံးသွားတဲ့အချိန်
ကိုယ့်ရဲ့မိဘတွေ၊ ချစ်သူတွေ ဘဝကြီးထဲက ထွက်သွားတဲ့အချိန် (ဆုံးပါးသွားတဲ့အချိန်) ဟာ ဘဝမှာ နာကျင်ခံစားရဆုံးအချိန်ပါပဲ။

Ref; lifehacks

 

260 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.