လက်ရှိအေဂျင်စီမှာလုပ်ကိုင်နေဆဲဖြစ်ပြီးသိပ် မကြာခင်မှာပဲ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ K-pop အဖွဲ့များ

ဒီအဖွဲ့တွေကတော့ စာချုပ်သက်တမ်းထပ်တိုးမယ်လို့ ပရိသတ်ကြီးရော ထင်ပါသလား။

ပုံမှန်အားဖြင့် K-popအုပ်စုတွေကတော့ ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီဆိုရင် သက်တမ်း ၇ နှစ်အကြာ လုပ်ဆောင်ရပါတယ်။ အခုပြောပြမယ့် အဖွဲ့ (၆) ဖွဲ့ကတော့ ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး သူတို့ စာချုပ်သက်တမ်းကိုတိုးဖို့(သို့) ဖျက်သိမ်းဖို့အတွက် မျှော်လင့်နေကြပါတယ်။

၁) LABOUM
LABOUM အဖွဲ့ကတော့ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပွဲဦးထွက်ခဲ့တာပါ။ “Hwi Hwi’,”Firework” နှင့် ” Shooting Love” ကတော့ အဖွဲ့ရဲ့ အအောင်မြင်ဆုံး သီချင်းတွေပါ။

၂) Loyelyz
Loyelyz ကတော့ နိုဝင်ဘာ ၁၂ ရက် ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ “Ah-Choo”,”WoW!, နှင့် “That Day” သီချင်းတွေကတော့ ပရိသတ်ကြိုက်နှစ်သက်တဲ့ သီချင်းတွေပါ။

၃) GOT7
ဒီအဖွဲ့ကတော့ ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပွဲဦးထွက်ခဲ့တာပါ။သူတို့ရဲ့ ဖန်အသစ်တွေကတော့ “just right”, “Lullyaby” နှင့် “fly” သီချင်းတို့ကို နားထောင်သင့်ပါတယ်။

၎) MAMAMOO
မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MAMAMOO ကတော့ ၂၀၁၄ ခုနှစ်၊ ဇွန် ၁၉ ရက်မှာပွဲဦးထွက်ခဲ့ပြီး “HIP”, “Wind Flower”, နှင့် “Egotistic” သီချင်းတွေကတော့ ထပ်ခါထပ်ခါ နားထောင်လည်းပဲ ရိုးမသွားတဲ့ သီချင်းကောင်းတွေပါ။

၅) WINNER
WINNER အဖွဲ့ရဲ့ တရားဝင်ပွဲဦးထွက်ကို ၂၀၁၄ ခုနှစ်၊သြဂုတ်လ ၁၇ ရက်နေ့မှာ အယ်လ်ဘမ် 2014 S/S နှင့် စတင်ခဲ့ပါတယ်။ “Empty”, “Really Really” နှင့် “Ah yeah” တို့ကတော့ အတော်လေးကို အောင်မြင်ခဲ့ပါတယ်။

၆) Red Velvet
၂၀၁၄ ခုနှစ်၊သြဂုတ်လ ၁ ရက်နေ့မှာ “Happiness” သီချင်းဖြင့် ပွဲဦးထွက်ပါတယ်။ သူတို့ရဲ့ လူကြိုက်အများဆုံး သီချင်းတွေကတော့ “Bad Boy”, “Red Flavor” နှင့် “Psycho” တို့ပဲဖြစ်ပါတယ်။


Ref;Christine Fernandez, KOREABOO

435 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.