ကိုယ္မလုပ္ခ်င္တာေတြ လုပ္ရတဲ့အခါ…

ဘဝမွာ ကိုယ္မလုပ္ခ်င္တာေတြကိုလည္း လုပ္ရတဲ့အခါမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္စိတ္ထဲက မႀကိဳက္ေသာ္လည္း လုပ္ရတဲ့အခါမ်ိဳးေတြမွာ အသုံးတည့္မယ့္ နည္းလမ္း(၃)ခုကို မွ်ေဝလိုက္ပါတယ္။

၁။ လက္ခံပါ
မလုပ္ခ်င္ေပမဲ့ မျဖစ္မေနလုပ္ရမယ့္ အလုပ္တစ္ခုကို လုပ္တဲ့အခါ က်ေနာ္တို႔ဟာ အဲဒီမလုပ္ခ်င္တဲ့စိတ္ကို ေဖ်ာက္ဖ်က္ပစ္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ အဲဒီလိုလုပ္တာဟာ စိတ္ကို ပင္ပန္းေစပါတယ္။ ဒါေၾကာင့္ အဲဒီမလုပ္ခ်င္တဲ့စိတ္ကို လက္ခံပါ။ ကိုယ့္ကိုယ္ကိုယ္ ဒီလိုေျပာၾကည့္လိုက္- ‘ငါ ဒီအလုပ္ကို မလုပ္ခ်င္ဘူး။ ငါမႀကိဳက္ဘူး။ အဲဒါကို ငါလက္ခံတယ္ ’
အဲဒီစကားကအရႈံးေပးတဲ့စကားလိုလိုထင္ရပါတယ္။ ဒါေပမဲ့ သင့္စိတ္ထဲမွာ ခံစားေနရတဲ့ခံစားခ်က္တစ္ခုခုကို အတင္းတြန္းလွန္ဖို႔ ႀကိဳးစားျခင္းဟာ စြမ္းအင္ေတြအမ်ားႀကီး ကုန္ခမ္းေစပါတယ္။ ဒါေၾကာင့္ မႀကိဳက္တဲ့စိတ္ကို ဖယ္ရွားပစ္ဖို႔မႀကိဳးစားဘဲ လက္ခံလိုက္ပါ။ တေျဖးေျဖးနဲ႔ အဲဒီစိတ္ဟာ ဆီကုန္သြားတဲ့ကားလို အရွိန္ေလ်ာ့သြားပါလိမ့္မယ္။ ၿပီးေတာ့ မၾကာခင္ပဲ သင့္စိတ္ထဲကေန ေပ်ာက္သြားပါလိမ့္မယ္။

၂။ အက်ိဳးေက်းဇူးေတြကို စဥ္းစားပါ
သင္ဟာ အဲဒီအလုပ္ကို မႀကိဳက္ဘူး၊ မလုပ္ခ်င္ဘူးဆိုတာကို သင္ လက္ခံၿပီးတဲ့ေနာက္မွာ အဲဒီအလုပ္ ၿပီးေျမာက္သြားျခင္းအားျဖင့္ ရရွိလာမယ့္အက်ိဳးေက်းဇူးေတြကို ခ်ေရးၾကည့္ပါ။ စာ႐ြက္ေပၚမွာျဖစ္ျဖစ္၊ ကြန္ပ်ဴတာထဲမွာျဖစ္ျဖစ္ေပါ့။ ဒါမွမဟုတ္ စိတ္ထဲကေနပဲ စဥ္းစားၾကည့္ပါ။
အလုပ္တစ္ခုကို သင္ မႀကိဳက္တဲ့အခါ အဲဒီအလုပ္နဲ႔ပတ္သက္တဲ့ မေကာင္းတဲ့အေၾကာင္းအရာေတြဘက္ကို စိတ္က ေရာက္သြားဖို႔ အလြန္လြယ္ကူပါတယ္။ ဥပမာ- အဲဒီအလုပ္ဟာ အရမ္းခက္ခဲလြန္းတယ္ဆိုတဲ့အေတြးမ်ိဳးေပ့ါ။
ဘယ္လိုပဲျဖစ္ျဖစ္ မလုပ္မျဖစ္ လုပ္ရေတာ့မယ္ဆိုမွေတာ့ သင့္စိတ္ကိုသင္ တက္ႂကြလာေအာင္ ခြန္အားေပးဖို႔လိုပါတယ္။ ဒီေတာ့ သင့္ရဲ႕ အာ႐ုံကို ေျပာင္းလိုက္ရပါမယ္။ အဲဒီအလုပ္ကို လုပ္ျခင္းျဖင့္ ရလာမယ့္ အခြင့္အေရးေတြ၊ အက်ိဳးေက်းဇူးေတြကို ခ်ေရးၾကည့္ျခင္းဟာ သင့္ရဲ႕ စိတ္ကို တက္ႂကြလာေစပါတယ္။
ဘယ္အရာနဲ႔ပတ္သက္လို႔ပဲျဖစ္ျဖစ္ ေကာင္းတဲ့အရာေတြကို အၿမဲတမ္း ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။ သင္ဟာ အေၾကာင္းအရာျဖစ္ရပ္ေတြကို မွန္ကန္တဲ့နည္းလမ္းနဲ႔ ရႈျမင္မယ္ဆိုရင္ သင့္ကိုယ္သင္နဲ႔ ပတ္သက္တဲ့၊ သင့္ရဲ႕ဘဝနဲ႔ပတ္သက္တဲ့ သင္ခန္းစာေတြကို ေတြ႕ႏိုင္ပါတယ္။ ၿပီးေတာ့ အခြင့္အေရးေတြကိုလည္း သင္ ေတြ႕ရပါလိမ့္မယ္။

၃။ အခု စ လုပ္ပါ
အခုဆိုရင္ အလုပ္တစ္ခုကို သင္မႀကိဳက္ဘူးဆိုတဲ့အေတြးေတြကို ေလွ်ာ့ခ်ၿပီးၿပီ။ အဲဒီအလုပ္ကို လုပ္ဖို႔ လိုအပ္တဲ့ စိတ္ဓာတ္ခြန္အားေတြရေအာင္လည္း လုပ္ၿပီးေလာက္ပါၿပီ။
ဒီအဆင့္မွာ စိတ္က ေနာက္တစ္ႀကိမ္ ျပန္ေတြးမိတတ္ပါတယ္။ သင္ဟာ သင္အစျပဳခဲ့တဲ့ေနရာကို ျပန္ေရာက္သြားတတ္ပါတယ္။ ဒီအလုပ္ကို ဘာေၾကာင့္လုပ္ရမွာလဲဆိုတဲ့အေတြးေတြ ျပန္ဝင္လာတတ္ပါတယ္။ ၿပီးေတာ့ အဲဒီအလုပ္နဲ႔ပတ္သက္တဲ့ မေကာင္းတဲ့အေၾကာင္းအရာေတြအေပၚ စိတ္က ျပန္ေရာက္သြားတတ္ပါတယ္။
ဒါေၾကာင့္ ဒီအဆင့္ကို ေရာက္တဲ့အခါ ေတြးေနတာကို ရပ္လိုက္ၿပီး ထိုင္ခုံကေန ထလိုက္ပါ။ ၿပီးေတာ့ အဲဒီအလုပ္ကို စလုပ္လိုက္ပါ။

ကိုယ္မလုပ္ခ်င္တာေတြ လုပ္ရေတာ့မယ္ဆိုရင္ ဒီအခ်က္ ၃ ခ်က္က သင့္ကို ကူညီေပးပါလိမ့္မယ္။

[ Unicode ]

ဘဝမှာ ကိုယ်မလုပ်ချင်တာတွေကိုလည်း လုပ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ထဲက မကြိုက်သော်လည်း လုပ်ရတဲ့အခါမျိုးတွေမှာ အသုံးတည့်မယ့် နည်းလမ်း(၃)ခုကို မျှဝေလိုက်ပါတယ်။

၁။ လက်ခံပါ
မလုပ်ချင်ပေမဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို လုပ်တဲ့အခါ ကျနော်တို့ဟာ အဲဒီမလုပ်ချင်တဲ့စိတ်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ စိတ်ကို ပင်ပန်းစေပါတယ်။ ဒါကြောင့် အဲဒီမလုပ်ချင်တဲ့စိတ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောကြည့်လိုက်- ‘ငါ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ငါမကြိုက်ဘူး။ အဲဒါကို ငါလက်ခံတယ် ’
အဲဒီစကားကအရှုံးပေးတဲ့စကားလိုလိုထင်ရပါတယ်။ ဒါပေမဲ့ သင့်စိတ်ထဲမှာ ခံစားနေရတဲ့ခံစားချက်တစ်ခုခုကို အတင်းတွန်းလှန်ဖို့ ကြိုးစားခြင်းဟာ စွမ်းအင်တွေအများကြီး ကုန်ခမ်းစေပါတယ်။ ဒါကြောင့် မကြိုက်တဲ့စိတ်ကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲ လက်ခံလိုက်ပါ။ တဖြေးဖြေးနဲ့ အဲဒီစိတ်ဟာ ဆီကုန်သွားတဲ့ကားလို အရှိန်လျော့သွားပါလိမ့်မယ်။ ပြီးတော့ မကြာခင်ပဲ သင့်စိတ်ထဲကနေ ပျောက်သွားပါလိမ့်မယ်။

၂။ အကျိုးကျေးဇူးတွေကို စဉ်းစားပါ
သင်ဟာ အဲဒီအလုပ်ကို မကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုတာကို သင် လက်ခံပြီးတဲ့နောက်မှာ အဲဒီအလုပ် ပြီးမြောက်သွားခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။ စာရွက်ပေါ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် စိတ်ထဲကနေပဲ စဉ်းစားကြည့်ပါ။
အလုပ်တစ်ခုကို သင် မကြိုက်တဲ့အခါ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေဘက်ကို စိတ်က ရောက်သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ- အဲဒီအလုပ်ဟာ အရမ်းခက်ခဲလွန်းတယ်ဆိုတဲ့အတွေးမျိုးပေ့ါ။
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုမှတော့ သင့်စိတ်ကိုသင် တက်ကြွလာအောင် ခွန်အားပေးဖို့လိုပါတယ်။ ဒီတော့ သင့်ရဲ့ အာရုံကို ပြောင်းလိုက်ရပါမယ်။ အဲဒီအလုပ်ကို လုပ်ခြင်းဖြင့် ရလာမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ချရေးကြည့်ခြင်းဟာ သင့်ရဲ့ စိတ်ကို တက်ကြွလာစေပါတယ်။
ဘယ်အရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ဟာ အကြောင်းအရာဖြစ်ရပ်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှုမြင်မယ်ဆိုရင် သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့၊ သင့်ရဲ့ဘဝနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို တွေ့နိုင်ပါတယ်။ ပြီးတော့ အခွင့်အရေးတွေကိုလည်း သင် တွေ့ရပါလိမ့်မယ်။

၃။ အခု စ လုပ်ပါ
အခုဆိုရင် အလုပ်တစ်ခုကို သင်မကြိုက်ဘူးဆိုတဲ့အတွေးတွေကို လျှော့ချပြီးပြီ။ အဲဒီအလုပ်ကို လုပ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေရအောင်လည်း လုပ်ပြီးလောက်ပါပြီ။
ဒီအဆင့်မှာ စိတ်က နောက်တစ်ကြိမ် ပြန်တွေးမိတတ်ပါတယ်။ သင်ဟာ သင်အစပြုခဲ့တဲ့နေရာကို ပြန်ရောက်သွားတတ်ပါတယ်။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အတွေးတွေ ပြန်ဝင်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေအပေါ် စိတ်က ပြန်ရောက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်တဲ့အခါ တွေးနေတာကို ရပ်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်ပါ။ ပြီးတော့ အဲဒီအလုပ်ကို စလုပ်လိုက်ပါ။

ကိုယ်မလုပ်ချင်တာတွေ လုပ်ရတော့မယ်ဆိုရင် ဒီအချက် ၃ ချက်က သင့်ကို ကူညီပေးပါလိမ့်မယ်။

Ref; lifehacks

 

97 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.